အနာဂတ် ငြိမ်းချမ်းရေး Process မှာ EAO ကို Hard power နဲ့ Software Power ပါတဲ့ Double Standard ကျင့်သုံးခိုင်းတာလဲ ဆိုတာ ဒါမျိုးက အဖြေပါ။
မူးယစ်ဆေးဝါးချက်လုပ်တာ၊ နိုင်ငံပိုင် သယံဇာတ ကို လူမျိုးစု အတွက်ပဲ အကျိုးရှိစေတဲ့ လုပ်ရပ်တွေကို လုပ်ဆောင်တာမျိုးကို သာမန် နိုင်ငံရေး လိုလားတဲ့ EAO တွေနဲ့ တတန်းတည်း မထားသင့်ပါဘူး။ ညှာလည်း မညှာသင့်ပါဘူး။
ငြိမ်းချမ်းရေး Process ကို အဟန့်အတား ဖြစ်စေမလား ဆိုတဲ့ စိတ်နဲ့ မြဝတီဒေသက ကျားဖျန့်ဆိုက်တွေကို အလျှော့ပေးခဲ့ရာကနေ ဒီကနေ့ ကမ္ဘာ့အမြင်မှာ အွန်လိုင်း လိမ်လည်မှု ဗဟိုချက်မ အဖြစ် ပုံဖော်ခံနေရတာ ဖြစ်ပါတယ်။
တိုင်းရင်းသားအရေးဖြစ်တဲ့ ဖက်ဒရယ် လိုလားချက်က သပ်သပ်၊ ရာဇဝတ်မှုနဲ့ ပတ်သက်နေသူတွေကို ဥပဒေကြောင်းအရ သပ်သပ် သီးခြား ကိုင်တွယ်မှပဲ အဆင်ပြေလိမ့်မယ်လို့ ယူဆပါတယ်။
(နရီမိုး)
Post a Comment