(ဂမ်ဘီယာ၏ ရပ်တည်ချက် ပြောင်းလဲခြင်း)
ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုတင်ပြတဲ့အမှုမှာ သူတို့ရဲ့ တင်ပြချက်တွေကို ပြောင်းလဲခဲ့ပါတယ်။ အထူးသဖြင့် ပါမောက္ခ Philippe Sands နဲ့ Ms. Jessica Jones တို့က လူမျိုးတုံးသတ်ဖြတ်မှုအတွက် အဓိကအချက်ဟာ သေဆုံးသူအရေအတွက် မဟုတ်ဘဲ၊ ကျူးလွန်သူရဲ့ ရည်ရွယ်ချက် (Intent) သာလျှင် အဓိကဖြစ်တယ်လို့ ပြောင်းလဲတင်ပြခဲ့ပါတယ်။
-
(သက်သေအထောက်အထား ခိုင်လုံမှု အားနည်းချက်)
ICJ ဟာ လူမျိုးတုံးသတ်ဖြတ်မှုလိုမျိုး ကြီးမားတဲ့စွဲချက်အတွက် "အပြည့်အဝ ခိုင်လုံတဲ့ (Fully Conclusive)" သက်သေအထောက်အထားတွေကိုသာ လက်ခံပါတယ်။ ယခင်က Bosnia အမှုမှာ ICTY (ယူဂိုဆလားဗီးယားခုံရုံး) က စီရင်ထားတဲ့ အထောက်အထားတွေကို အဓိကအားကိုးခဲ့ပါတယ်။
-
ဒါပေမယ့် ဂမ်ဘီယာနိုင်ငံကတော့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင် (FFM) အစီရင်ခံစာတွေကိုသာ အဓိကအားကိုးနေရတာမို့ သက်သေအထောက်အထား အားနည်းနေပါတယ်။ မြန်မာနိုင်ငံဘက်ကလည်း FFM အစီရင်ခံစာတွေဟာ ဘက်လိုက်မှုရှိပြီး စိတ်ချရတဲ့အထောက်အထား မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ တရားသူကြီးတွေကလည်း FFM ရဲ့ "ကျိုးကြောင်းဆီလျော်သော အခြေခံ" စံနှုန်းနဲ့ ICJ ရဲ့ "အပြည့်အဝခိုင်လုံသော" စံနှုန်း ကွာခြားချက်ကို မေးခွန်းထုတ်ခဲ့ပါတယ်။
(ပါမောက္ခ နယူတန်၏ အစီရင်ခံစာ အားနည်းချက်များ)
ပါမောက္ခနယူတန်ရဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံအပေါ် စွဲချက်တင်ထားပေမယ့်...အချက်အလက်အမှားတွေကို အခြေခံထားပြီး နည်းစနစ်အမှားတွေ သုံးထားတယ်။ (Methodology) အမှားတွေနဲ့ပြန်လည်စိစစ်ခြင်း မရှိဘဲ အစီရင်ခံထားပါတယ်။ အဆိုးဆုံးကတော့ ပညာရှင်ပီသစွာ သမာသမတ်ကျမှု မရှိဘဲ ပညာရှင်တစ်ဦးရဲ့ နယ်ပယ်ကို ကျော်လွန်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လွှမ်းမိုးဖို့ ကြိုးပမ်းထားပါတယ်။
-
(Methodology) အမှားဆိုတာကို ဥပမာအနေနဲ့ပြရရင် - ဓားထိုးခံရလို့ လူသေဆုံးမှုဖြစ်ရပ်မှာ ရင်ခွဲစစ်ဆေးချက်ပေးရတဲ့ ဆရာဝန် လိုမျိုးပေါ့။ ဆရာဝန်သည် “သေဆုံးသူ၏ ခန္ဓာတွင် ဓားချက် ဘယ်နှစ်ချက်တွေ့ရှိသည်။ ဘယ်ရင်အုံရှိ ဓားဒဏ်ရာ ကြောင့် သေဆုံးခဲ့သည်။” ဆိုပြီး မှတ်ချက်ပေးရပါတယ်။ ဒီလိုမှာမဟုတ်ဘဲ ဆရာဝန်က သူ့ကျွမ်းကျင်ပညာရပ် ကို ကျော်လွန်ပြီး “ထိုဓားဒဏ်ရာသည် သေဆုံးစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးသွင်းခြင်းဖြစ်ပြီး ထိုတရားခံကို ထောင်ဒဏ်ချပစ်ရမည်။” ဆိုပြီး မှတ်ချက်ပေးခဲ့ရင် ဒါ Methodology အမှားဖြစ်ပါတယ်။ အဲ့ဒီမှတ်ချက်မျိုးက ဆရာဝန် အလုပ်မဟုတ်၊ တရားရုံးရဲ့ တာဝန်သာဖြစ်ပြီးတော့ တရားရုံးကို လွှမ်းမိုးပြီး မထီမဲ့မြင် ပြုခြင်းလိုမျိုး ဖြစ်ပါတယ်။
-
(ဂမ်ဘီယာသက်သေများ၏ လိမ်ညာမှုများနှင့် မညီညွတ်မှုများ)
ဂမ်ဘီယာသက်သေတွေရဲ့ ရှေ့နောက် မညီညွတ်တဲ့ပြောဆိုချက်တွေ ရှိနေတယ်။ ယခင်က ထွက်ဆိုချက်နဲ့ ယခု ရုံးရှေ့မှောက် ထွက်ဆိုချက်တွေ မတူညီဘူး။ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် သက်သေထွက်ဆိုသူရဲ့ ညီအစ်ကို တစ်ဝမ်းကွဲကိုယ်တိုင်က မြန်မာအစိုးရဝန်ထမ်းဖြစ်နေတယ်။ ဂမ်ဘီယာက ရွာပေါင်း ၃၀၀ ကျော်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပေမယ့် ရွာ ၃ ရွာကသာ သက်သေခေါ်ပြနိုင်တယ်။ ခမောင်းဆိပ်နဲ့ ဟိန္ဒူတိုင်းရင်းသားတွေ သတ်ဖြတ်ခံရတဲ့အမှုတွေမှာ သက်သေခိုင်မာစွာ တင်ပြနိုင်မှု မရှိခဲ့ပါဘူး။
-
(လူဦးရေစာရင်း အချက်အလက် ပြဿနာ)
ပါမောက္ခ Sands ကိုယ်တိုင် ဝန်ခံချက်အရ... မြန်မာနိုင်ငံက ဘင်္ဂါလီမူစလင်ကလေးတွေကို စာရင်းသွင်းခြင်း မပြုလုပ်ဘူး။ တရားဝင်သန်းခေါင်စာရင်းမှာလည်း ဘင်္ဂါလီမူစလင်တွေကို ထည့်သွင်းခြင်း မရှိဘူး။ ဒါကြောင့် လူဦးရေအတိအကျ ပြောဆိုရန် ခက်ခဲတယ်။ ဒီဝန်ခံချက်ကိုက ဂမ်ဘီယာတင်ပြတဲ့ အင်အားစာရင်းတွေ မမှန်ကန်ဘူးဆိုတာ သက်သေပြနေပါတယ်။
-
(အပိုင်း ၂ အား ဆက်လက်ဖော်ပြပါမယ်)
-
🇲🇲 We stand with Agent of Myanmar 🇲🇲
-
ICJ .. 🇲🇲 နိုင်ပြီလေ
-
A Light For Justice
Post a Comment