၂၀၁၆ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအထိ AA အကြမ်းဖက်ခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်တဲ့ အမှု ၉ မှုအပါအဝင် AA အကြမ်းဖက်အဖွဲ့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု (၂၄)ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်... AA အကြမ်းဖက်ခေါင်းဆောင် ထွန်းမြတ်နိုင် ကိုယ်တိုင်က တာဝန်ပေးစေခိုင်းတဲ့အတွက် မူးယစ်ဆေးဝါး သယ်ဆောင်ဖြန့်ဖြူး ရောင်းချတဲ့လုပ်ငန်းတွေ လုပ်ကိုင်နေရတာဖြစ်ကြောင်းကိုလည်း ဖမ်းဆီးရမိတဲ့ AA အကြမ်းဖက်အဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်တွေအရ သိရပါတယ်... ဒါတွေကိုကြည့်ခြင်းအားဖြင့် ထွန်းမြတ်နိုင် ခေါင်းဆောင်တဲ့ AA အကြမ်းဖက်အဖွဲ့ဟာ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးပြီး ကိုယ်ကျိုးစီးပွားရှာနေတယ်ဆိုတာ ပေါ်လွင်နေပါပြီ...
Post a Comment