ဆွ သူ မ​သေ၊ အ သူ ​သေ ဖြစ်​နေတဲ့ ​တော်လှန်​ရေး

လည်သူစံ အ သူခံဖြစ်နေတဲ့ တော်လှန်ရေးထဲမှာ လည်တဲ့သူတွေကတော့ လွတ်ရာကျွတ်ရာကို ပြေးကြမှာပဲ... ဒါမျိုးလူ​တွေလဲ ​ခေတ်အဆက်ဆက်သမိုင်း​ကြောင်းမှာ ရှိပြီးသားပါ... လက်သုံးချောင်းထောင်ပြ တော်လှန်ရေးသမားကွဆိုပြီး ဘယ်လိုပဲလုပ်ပြလုပ်ပြ ရည်မှန်းချက်ကတော့ ကိုယ့်ရဲ့အကျိုးအတွက်ပဲ... လက်နက်ကိုင်ပြီး ရူးရူးမိုက်မိုက်လုပ်နေရင် သေမှာလေ... ဒီတော့ လည်တဲ့သူတွေက အသေခံပါ့မလား၊ မြှောက်ပေးပြီး စီးပွားရှာ သက်သောင့်သက်သာနဲ့တတိယနိုင်ငံတွေမှာပဲ ဇိမ်ခံနေမှာပေါ့... အပျံမတို့ဆို မိသားစုလိုက် ​ကလပ်တက် က​လေး​ကျောင်းထားနဲ့ သာသာယာယာပဲ... အဲ့လို လုပ်စား လူလည်တွေ သေတယ်လို့ ကြားဖူးလို့လား... မသေတဲ့အပြင် တတိယနိုင်ငံတွေမှာ ကြီးပွားချမ်းသာနေလိုက်ကြတာများ မြင်တဲ့ကြားတဲ့အတိုင်းပဲလေ... မ အ ကြနဲ့​တော့...

Post a Comment

Previous Post Next Post