ပြည်သူတွေရဲ့ လွတ်လပ်စွာရွေးချယ်တင်မြှောက်ပိုင်ခွင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို ဖျက်လိုဖျက်ဆီးပြုလုပ်နေတဲ့သူတွေနဲ့ ပြည်ဖျက်အကြမ်းဖက်အုပ်စုတွေရဲ့ လှုံ့ဆော်မှုတွေအား လိုက်ပါလုပ်ဆောင်တဲ့သူတွေကို ရွေးကောက်ပွဲများကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူနေပါတယ်...အောက်တိုဘာလ ၂၉ ရက်နေ့အထိ ရွေးကောက်ပွဲများကာကွယ်ပေးရေးဥပဒေနဲ့ အရေးယူထားတဲ့ အမှုပေါင်း ၄၀ ရှိပြီး အရေးယူခံရသူ ၈၈ ဦးရှိခဲ့ပြီဖြစ်ပါတယ်...ရွေးကောက်ပွဲကို ဖျက်ဆီးရန်ကြံစည်အားထုတ်နေသူတွေနဲ့ ပြည်ဖျက်အကြမ်းဖက်အုပ်စုတွေရဲ့ လှုံ့ဆော်မှုတွေအား လိုက်ပါလုပ်ဆောင်တဲ့သူတွေကို ဆက်လက်ဖော်ထုတ် အရေးယူသွားမှာဖြစ်လို့ လိုက်ပါလုပ်ဆောင်ခြင်းမပြုလုပ်ကြဖို့ သတိပေးလိုက်ရပါတယ်... ကိုယ်ဖြစ်ရင် ကိုယ်သာခံကြရမှာပါ...
Tags:
ဆောင်းပါး
Post a Comment