မနေ့က နမ့်ခမ်းမြို့ပေါ်ကို TNLA ပလောင်တပ် အင်အား ၈၀ ခန့်၊ စစ်ဝတ်စုံ အပြည့်စုံ၊လက်နက် အပြည့်စုံ နဲ့ အင်အားပြပြီး ဆက်ကြေးကဒ်များ လိုက်လံဝေငှခဲ့တဲ့ ပုံတွေ ထွက်ပေါ်လာခဲ့

မနေ့က နမ့်ခမ်းမြို့ပေါ်ကို TNLA ပလောင်တပ် 
အင်အား ၈၀ ခန့်၊ စစ်ဝတ်စုံ အပြည့်စုံ၊လက်နက် 
အပြည့်စုံ နဲ့ အင်အားပြပြီး ဆက်ကြေးကဒ်များ 
လိုက်လံဝေငှခဲ့တဲ့ ပုံတွေ ထွက်ပေါ်လာခဲ့တယ်

တခြား EAOs တွေလို နယ်စပ်ကျောထောက် 
နောက်ခံစခန်းအခိုင်မာမရှိတဲ့  TNLA တပ်ဟာ 
ယခင်ကတော့ သူ့ကို ထောက်ပံ့ကူညီ နေတဲ့  
(KIA.ကိုးကန့် နဲ့ ဝ)တပ်ဖွဲ့‌ တွေက အကူအညီဖြတ်
တောက်ပြီးတဲ့နောက်ပိုင်း အဓိက မှီခို အားကိုး 
အားထားရာဆိုလို့ ဆက်ကြေး‌ကောက်ပြီး ရှင်သန်
နေတာ တွေ့ရတယ်။ မူဆယ်လမ်းမ၊ ကွတ်ခိုင်အနီး
တဝိုက်မှာ အခန့်မသင့်ရင် ဆက်ကြေးကောက်ခြင်း 
ကြုံရတဲ့ အဝေးပြေးကားသမားတွေ ပိုသိတယ်။ 
လူမှုကွန်ယက်မှာတော့ လက်အုပ်လေးတွေချီပြီး 
ကားသမားတွေနဲ့ စကားပြောနေပေမဲ့ နောက်ကွယ်
ကတော့ အေးဓါးပြ တိုက်ခံရတာမျိုးက ဒီမြောက်
ပိုင်းလမ်းရဲ့ ရိုးရာလို့တောင် ဖြစ်နေပြီ။

ရှမ်းမြောက်မှာ  တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ခန့်နဲ့  
ဖွဲ့စည်းထားသလို နောင်ချို၊ကျောက်မဲနဲ့ မိုးကုတ်
သွားတဲ့ လမ်းမ ပေါ်မှာလည်း မကြာခဏ ဆက် 
ကြေးကောက်တဲ့ လက်နက်ပြပြီး စီးပွားရေးလုပ်တဲ့ 
ပလောင်လက်နက်ကိုင်အဖွဲ့ဆိုရင်လည်း မမှားဘူး။

နာမည်ကြီး ပြည်သူ့စစ် ၂ဖွဲ့ဖြစ်တဲ့ နမ့်ခမ်းမြို့မ 
ပြည်သူ့စစ် နဲ့ ပန်ဆေး ပြည်သူ့စစ်အဖွဲ့တို့က သူတို့
ရဲ့ အခြေချ ဌာနချုပ်ဖြစ်သလို အရင်ကလည်း  မြို့
ပေါ်ဆက်ကြေးလိုက်ကောက်ရင်း ၂ဦး ပစ်သတ်ခံရ
တဲ့ ရှက်ဖွယ် ပလောင်လက်နက်ကိုင် အဖွဲ့အစည်း 
လည်း ဖြစ်တယ်။

#ဖိုးစီ
#PeopleVoice

Post a Comment

Previous Post Next Post