NLD ဟာ နိုင်ငံရေမှာ ပညာသင် အဆင့်မှာဘဲရှိ
ဦးဇာဂနာကြီးကပြောလိုက်ရင်ဒဲ့ဘဲဗျာ
အခုဆန္ဒပြပွဲတွေက
NLD နဲ့ ဒေါ်စုကို အာဏာရစေချင်တာ
ဘာဒီမိုကရေစီမှ မဟုတ်ဘူး
တိုင်းပြည်အတွက်လဲ မဟုတ်ဘူး လို့
လူရွှင်တော် ဇာဂနာကပြော
#ကျနော်တို့_အာဏာရှင်ကိုမုန်းတယ်
#ကျနော်တို့_ပြည်သူတွေ
ထမ်းတင်ပေးလိုက်တဲ့ သူတွေက
အာဏာရှင်ဆန်တာ
ကွန်မြူနစ်ဆန်နေတာတွေက
သူတို့အတွက် ရှုံးရတာပါပဲ..
#အခု
ဆူပူဆန္ဒပြနေတာဖြစ်ဖြစ်
ငြိမ်းချမ်းစွာဆန္ဒပြနေတာဖြစ်ဖြစ်
အော်နေကြသူတွေရဲ့
"စစ်အာဏာရှင်ကျဆုံးရေး" ဆိုတဲ့
တောင်းဆိုသံတွေ ကြားရတော့
ကျနော်ရယ်မိတာပေါ့ ..
"စစ်အာဏာရှင်" တဲ့
၈၈ အာဏာရယူခဲ့ရတဲ့စစ်အစိုးရက
စစ်အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့တာမှန်ပါတယ်
#စစ်တပ်ကိုး
၇၄ခြေဥပျက်ပီကိုးးး
သူ့ဥပဒေ သူ့နည်းစနစ်နဲ့
စစ်တပ်ပီပီ အုပ်ချုပ်ကိုင်တွယ်ခဲ့တယ်
အာဏာရှင်ဆန်ခဲ့တယ်..
ဒါကြောင့် ကျနော်တို့ မုန်းတယ်
စစ်အာဏာရှင်လို့ သမုတ်ထိုက်တယ်
#စစ်အာဏာရှင်ကြီးတွေက
ဒီမိုကရေစီအသွင်ကူးပြောင်းဖို့
အခြေခံအဆောက်အအုံတွေ၊
လူမှုဘဝတိုးတက်ရေးတွေ၊
ဘာသာသာသနာထွန်းကားရေးတွေ
လုပ်ဆောင်ပြီးချမှတ်ထားတဲ့ မူဝါဒ အချက်အတိုင်း
တဆင့်ပြီးတဆင့် ဆောင်ရွက်လာပြီး
ဒီမိုကရေစီကိုအသွင် ကူးပြောင်းခဲ့တယ် ...
#နိုင်ငံတစ်နိုင်ငံရဲ့အရေးကြီးဆုံးဖြစ်တဲ့
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို
ပညာရှင်တွေ
အလွှာအသီးသီး လူတန်းစားအသီးသီးက
ကိုယ်စားလှယ်တွေ
နိုင်ငံရေးပါတီတွေနဲ့
အမျိုးသားညီလာခံကို အကြိမ်ကြိမ်ကျင်းပပြီး
အခြေခံဥပဒေကိုရေးဆွဲပြီး
၂၀၀၈မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့
အတည်ပြုပေးခဲ့တယ်
#၂၀၁၀မှာ_အထွေထွေရွေးကောက်ပွဲ
ကျင်းပပေးခဲ့တယ်..
ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပြီး
ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ် လမ်းကြောင်းပေါ်
တင်ပေးခဲ့တယ်..
#စစ်အာဏာရှင်ဆိုသူတွေရဲ့
စစ်အာဏာရှင် မဆန်တော့တာ
မဟုတ်တော့တာ
တွေ့သိခဲ့ကြရတာပဲ...
#၂၀၁၀မှာNLDသာ
ရွေးကောက်ပွဲဝင်ရင် အနိုင်ရမှာသေချာတယ်
ပြည်သူတွေကအပြောင်းအလဲနဲ့
တပ်မတော်အပေါ်မုန်းတီးမှုအရှိန်
မယုံကြည်သေးတဲ့အရှိန်တွေကြောင့်
ဒီမိုကရေစီရရှိရေးအော်ခဲ့ကြတဲ့
အင်အားသာလွန်တဲ့NLDကို
လိုလားမဲပေးကြမှာသေချာပါတယ် ...
#သို့သော်ဒေါ်စုနဲ့
တချို့ CEC တွေရဲ့ လွဲမှားတဲ့ဆုံးဖြတ်ချက်ကြောင့်
၂၀၁၀ရွေးကောက်ပွဲမတိုင်ခင် ကတည်းက
ပြိုကွဲ နုတ်ထွက် ဖြုတ်ခံကြရသူတွေနဲ့
ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သူတွေက
ပါတီတွင်း ကွဲထွက်ခဲ့ကြတယ်..
#ကြားဖြတ်ရွေးကောက်ပွဲမှာ
ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် အားလုံးနီးပါး
အနိုင်ရရှိခဲ့တယ်
၂၀၁၅အထွေထွေရွေးကောက်ပွဲမှာလည်း
အပြတ်အသတ်အနိုင်ရ အစိုးရဖြစ်ခဲ့တယ်
#ဘာကြောင့်ရွေးကောက်ပွဲမှာနိုင်တာလဲ
အဓိကက ဒီမိုကရေစီဆိုတာလိုချင်လို့
လက်ရှိအာဏာရဦးသိန်းစိန်အစိုးရထက်
ပိုကောင်းချင်လို့
ကောင်းမွှန်တဲ့
အပြောင်းအလဲကိုလိုချင်ကြလို့
"ပြောင်းလဲချိန်တန်ပြီ"ဆိုတာကို
အယုံႀကီးယုံခဲ့လို့
"အာဏာရှင်ဆန်ခဲ့ရတဲ့ စစ်အစိုးရအပေါ်
စိတ်နာ မယုံကြည်မှုတွေကြောင့် ဖြစ်တယ်
#အာဏာရခဲ့တဲ့သက်တမ်း၅နှစ်အတွင်းမှာ
ဖြစ်ခဲ့တဲ့အခြေအနေတွေက "အာဏာရှင်"
"ကွန်မြူနစ်"ပုံစံဖြစ်နေခဲ့ပြီး
အခြေအနေအရပ်ရပ်ကလည်း
မတိုးတက်တဲ့အပြင် ဆုတ်ယုတ်ပျက်စီးနေခဲ့တယ်...
#အဆိုးဆုံးအခြေအနေကတော့
အာဏာရရေးအတွက်
မဲမသာမှု မဲခိုးမှုတွေဖြစ်ပေါ်ခဲ့တဲ့
#နောက်ဆုံးဦးဝင်းမြင့်က
သမ္မတအနေနဲ့ မနေပဲ
ရွေးကောက်ပွဲဝင်
လွှတ်တော်ကိုယ်စားလှယ်လောင်းလုပ်ပြီး
မဲမသာမှု မဲခိုးမှုတွေ စွပ်စွဲခံနေရတဲ့ကြားက
ဖြေရှင်းခြင်းမရှိပဲ
ဇွတ်အတင်း
ဒုတိယအကြိမ်နောက်ဆုံးလွှတ်တော်ကို ကျော်ပြီး
တတိယအကြိမ်လွှတ်တော်ကို ဇွတ်ခေါ်ပြီး
အစိုးရဖွဲ့ဖို့ လုပ်တယ်...
#ဒီလို
တတိယအကြိမ်လွှတ်တော်ရက်
သတ်မှတ်တဲ့မတိုင်မီ တရက်
ည၁၂နာရီကျော်လိုက်တာနဲ့
လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်ဟာ
သမ္မတအဖြစ်ကနေ
အလိုလို ပျက်ပြယ်သွားတဲ့အတွက်
ဒုတိယသမ္မတက သမ္မတဖြစ်သွားပြီး
တိုင်းပြည်ရဲ့အခြေအနေတွေကို ထိမ်းသိမ်းဖို့
တပ်မတော်ကို ၁နှစ် တာဝန်ပေးခဲ့တာပဲ
#ဘယ်မှာလဲ_ခင်ဗျားတို့ပြောတဲ့
"အာဏာကိုအတင်းအဓမ္မမတရားရယူတာ"
"အာဏာသိမ်း" တာ ဘယ်မှာလဲ...
#ဟုတ်ပြီ
"စစ်အာဏာရှင်" လို့ ပြောရအောင်လည်း
၂၀၀၈ခြေဥကို ဖျက်မပစ်ဘူး
၂၀၀၈ ခြေဥအတိုင်း သူဆက်သွားမယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဆင့်တွေက
အစ
အုပ်ချုပ်ရေး စီမံခန့်ခွဲရေး ပြန်လည်ထူထောင်ရေး
အဖွဲ့အစည်းအသီးသီးမှာလည်း
နိုင်ငံရေးပါတီပေါင်းစုံက ခေါင်းဆောင်တွေ
တိုင်းရင်းသား ခေါင်းဆောင်တွေကို
ရာထူးအာဏာ အပ်နှင်းပြီး
ကျနော်တို့ တိုင်းပြည်ရဲ့ အထူးလိုအပ်နေတဲ့
ငြိမ်းချမ်းရေးအတွက်
"ဖက်ဒရယ် မိုကရေစီစနစ်ပုံစံ"
ပြောင်းလဲပေးခဲ့တယ်...
#ဘယ်မှာလဲ_စစ်အာဏာရှင်စနစ်
"ဖက်ဒရယ်ဒီမိုကရေစီစနစ်"လို့ တောင်
ပြောလို့ရတဲ့ပုံစံကိုခင်ဗျားတို့ကချက်ချင်းကြီးကို
"စစ်အာဏာရှင်စနစ်ပြုတ်ကျရေး"ဆိုတော့
ကျနော်ရယ်ချင်တာပေါ့...
#အာဏာရအစိုးရဘာလုပ်တယ်
စောင့်မကြည့်တော့ဘူး
ချက်ချင်းကို အာဏာရှက်စနစ်လို့
ထအော် ထသတ်မှတ်
"စစ်အာဏာရှင်စနစ်ပြုတ်ကျရေး "ဆိုတော့
စစ်တပ်က လက်နက်တွေကိုင်ထားလို့
အာဏာရှင်လို့ မြင်တာလား
အပြောတမျိုး အလုပ်တမျိုးနဲ့ ဒီမိုကရေစီအော်ခဲ့ပြီး
ထမိန်ဝတ် ဒေါက်ဖိနပ် အာဏာရှင်ကိုကျတော့
ခင်ဗျားတို့ ဘာလို့ မမြင်တာလဲ...?
#အခုခင်ဗျားတို့တတွေ
ဆန္ဒပြနေကြတာကိုလည်း
၂၀၀၈ ခြေဥ ရဲ့
၁၈ ၁၉ တွေကို ကျော်လွန်ပြီး ဆန္ဒပြခွင့်ပေးခဲ့တယ်
ငြိမ်းချမ်းစွာဆန္ဒပြခွင့် ပေးနေတာကိုက
အာဏာရအစိုးရဟာ
ခင်ဗျားတို့ အမြင်
ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ဟာ
ဒီမိုကရေစီအခွင့်အရေး အပြည့်အဝ ပေးနေတာပေါ့
#ဒီမိုကရေစီအစိုးရလက်ထက်
ငြိမ်းစုစီ ၁၈ ၁၉ နဲ့ထောင်ကျခဲ့ရတာတွေ
မကြားမိကြဖူးလား ? နည်းသလား ?
#ဆူပူအကြမ်းဖက်ရင်တော့
နိုင်ငံတကာနည်းအတိုင်း ဥပဒေအတိုင်း
ဆောင်ရွက်အရေးယူကြရမှာပေါ့
#အခုလည်း
ပုဒ္မ ၁၄၄ ထုတ်ပြန်ထားတယ်
လူ၄ဦးထက်ပိုမစုဝေးရ ဆိုတဲ့ ဥပဒေရှိတယ်..
ဆန္ဒပြကြတယ်
လူစုလူဝေးနဲ့ လမ်းတွေပိတ်တယ်
အကြမ်းဖက်ဆူပူကြတယ်
ဥပဒေမဲ့လုပ်နေကြတာ အများကြီး
အများကြီးထဲက တချို့တလေပဲ အရေးယူတော့
"ပြည်သူ" လို့ သုံးပြန်တယ်
ဆူပူအကြမ်းဖက်လို့ ရှင်းလင်းတော့
လက်နက်နဲ့ အနိုင်ကျင့်တယ်
အော်ကြပြန်တယ်...
#တကယ်တော့
ခင်ဗျားတို့ တတွေက
NLDနဲ့ဒေါ်စုကိုသာ
အာဏာရစေချင်နေကြတာ..
#ဘာဒီမိုကေရစီမှမဟုတ်ဘူး
ဘာမှပြည်သူ့အတွက်
တိုင်းပြည်အတွက်မဟုတ်ဘူး...
#အာဏာရှင်ကို
အာဏာရှင်လို့ မမြင်ပဲ
ဒေါ်စုနဲ့NLDကိုသာ အာဏာရတိုင်းပြည်ကို
ချယ်လှယ်စေချင်သူ အစုအဖွဲ့တွေရဲ့
စည်းရုံးလိမ်ညာမှိုင်းတိုက်ခြင်း ခံရတဲ့သူတွေပဲ
#သနားတယ်ဗျာ
အဲ့လိုလူတွေရဲ့ ကိုယ်ကျိုးသမားတွေရဲ့
နိုင်ငံရေးသားကောင်ဖြစ်ရရှာတဲ့ခင်ဗျားတို့ကို
တကယ်သနားတယ်ဗျာ tkw။
ချစ်ခြင်းများဖြင့်
ဦးဇာဂနာ(ခ)ဦးသူရ ..မှ...နီပိန်တွေအတွက်
အမှန်တရားစကါးတွေပါ
မုန်တိုင်း
Post a Comment