KIAအသုံးချခံဗမာလူငယ်များဘဝ


အခုရက်ပိုင်း KIO KIA က သူ့ တပ်မဟာ ( ၁) 
နယ်​မြေ ပူတာအို-ဆွမ်ပရာဘွမ်လမ်းအပိုင်း
ကို စစ်အင်အားတိုးချဲ့ ပြီး စစ်ရေးပြင်ဆင်
နေတယ်လို့ သိရတယ်။အထူးသဖြင့် ဒီနယ်
မြေ ဒီလမ်းကြောင်း ပေါ်မှာ KIA ရင်း (၂၂)
ရင်း( ၁၁ )ရင်း (၄) ကို လူအင်အား ( ၁၀၀၀)
ကျော် ကို ဖြည့်တင်းထားပါတယ်။

ဖြည့်တင်းလိုက်တဲ့ လူအင်အား တစ်ထောင်
ကျော် က ကချင်လူမျိုးတွေ မဟုတ်ဘဲ
ကသာ ဝန်သို ကော်လင်း ကန့်ဘလူဒေသ
အညာသား ဗမာလူငယ်တွေ ကို ဆင့်ခေါ်
ခဲ့တယ်လို့ ဆိုပါတယ်။အခုရောက်ရှိလာတဲ့
ဗမာလူငယ် တစ်ထောင်ကျော် ကို ရောက်
တာနဲ့ KIA ယူနီဖောင်းဝတ်ဆင်ပေးပြီး 
လက်နက်ကိုယ်စီ တပ်ဆင်ပေးထားတယ်
လို့ မျက်မြင်ဒေသခံများက ဆိုပါတယ်။

အညာသားဗမာမိဘ တွေက လည်း သူတို့
သားသမီး တွေ KIA က သွေးဆောင်ခေါ်ယူ
ခဲ့တယ်လို့ သတင်းပေးလာကြတယ်။

KIA က အုပ်ချုပ်ထောက်ပံ့မှု အနေဖြင့်
ဆွမ်ပရာဘွမ်-ပူတာအို လမ်းတစ်လျှောက်
ရွာတွေကို ဆက်ကြေးကောက်တယ်။အိမ်
တိုင်း ရိက္ခါထောက်ပံ့ဖို့ အမိန့်ထုတ်ထား
တယ်လို့ သိရတယ်။တစ်နေ့က ဒရုခ နဲ့
ဆွမ်ပီယန် စခန်းတွေ KIA/ PDF ဝင်တိုက်
တာဟာ ဒီဒေသ တိုက်ပွဲကြီး ရဲ့ ရှေ့ပြေး
နိမိတ် ဖြစ်လိမ့်မယ်။

KIO/KIA အခုလို စစ်ရေးပြင်ဆင်လာတာ
ဟာ ရည်ရွယ်ချက် ( ၂) ချက်ရှိတာကို 
သတိပြုမိတယ်။

ပထမ အချက် က KIO/KIA ရဲ့ ကျင့်သုံး
နေကြဗျူဟာ တစ်ခုဖြစ်တဲ့ သူ့ KIA ကချင်
တပ်သား တွေ အစား အညာသား ဗမာတွေ
ကို ရှေ့ကနေ အသေခံ တိုက်ခိုက်ခိုင်းထား
တယ်။( ရှမ်းနီ လူငယ်တွေ ကို ထိုးကျွေးခဲ့တဲ့
ပုံစံမျိုးပါ)

 ဗမာလူငယ်တွေ ကို ထိုးကျွေးပြီ သူ့ရဲ့
 စစ်ရေးရည်မှန်းချက်အောင်မြင်စေရေး
အကောင်ထည် ဖော်လုပ်ဆောင်နေတယ်။

 တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို
 KIOဥက္ကဌ ပြောနေကျ စကားအတိုင်းပါပဲ။
 ဗမာလူမျိုးကြီးဝါဒ အမြစ်ပြတ်ချေမှူန်းရေး
 အတွက် ဗမာတွေ မညီညွတ်မှုကို အသုံးချ
 ပြီး သူ့အရိုးနဲ့ သူထိုးခိုင်းဖို့ နောက်ကွယ်က
 ကြိုးကိုင်နေတာကို တွေ့ရမယ်။

ဒုတိယအချက် က သူတို့ရဲ့ စစ်ရေး ရည်မှန်း
ချက် အရ တပ်မဟာ ( ၁) နယ်မြေ ပူတာအို
-ဆွမ်ပရာဘွမ်လမ်း​ကြောင်း ကို ဖြတ်တောက်
ပိတ်ဆို့ပြီး ပူတာအို မြို့ကို သိမ်းပိုက်ကာ
လွတ်မြောက်နယ်မြေ ထူထောင်ရေး ဖြစ်ပါ
တယ်။

KIA ဟာ သူ့အလုပ် သူလုပ်တာ ဖြစ်လို့
ဘာမှ ပြောစရာ မလိုပေမဲ့ အဓိက ပြောချင်
တာ က KIA ခိုင်းသမျှ မှိုင်းမိပြီး လျှောက်လုပ်
နေကြတဲ့ KIA တစ်ပိုင်း ဗမာလူငယ်တွေကို
ပါ။

KIA အပါအဝင် ဘယ်EAO မှတော့ ဗမာ
တွေ ကို ချစ်လွန်းလို့ ဒီမိုကရေစီ ရစေချင်
လွန်းလို့ တော်လှန်ရေး အောင်မြင်စေချင်
လွန်းလို့ စစ်ပညာသင်ပေးပြီး လက်နက်
တပ်ဆင်ပေးထားတာ တော့ မဟုတ်ပါဘူး။

သူတို့ အကျိုးစီးပွား အတွက် ဗမာလူငယ်
တွေ အချင်းချင်း ချနင်းနေကြတယ်ဆိုတာ
ကို နားလည် သဘောပေါက်ကြဖို့လိုတယ်။

ဒါကြောင့် ဗမာလူငယ်တွေ အနေနဲ့ အမြင်
မှန် ရဖို့ အရေးကြီးသလို KIA အသုံးချခံ
ဘဝ ကနေ လွတ်မြောက်အောင် ရုန်းထွက်
သွားကြပါလို့ ပြောချင်ပါတယ်။

တပ်မတော် အနေဖြင့်လည်း ဖြစ်ပေါ်နေတဲ့
စစ်ရေးသတင်း အခြေအနေကိုလိုက်ပြီး 
ပစ်ကူ စစ်ကူ စီမံချက်တွေ ပြင်ဆင့်ထား
ရမယ်။အထူးသဖြင့် အမြှောက်လက်နက်ကြီး
ပစ်ကူတွေ စခန်းတစ်ခုနဲ့ တစ်ခု မလွတ်ရ
အောင် ချိတ်ဆက်ထားသင့်ကြောင်း အကြံ
ပြုပါရစေ။

အောင်နိုင်သူ

Post a Comment

Previous Post Next Post