CDM ပညာရေးဝန်ထမ်း ၃ဝဝ ကျော် မူလရာထူး ပြန်လည်ခန့်အပ်
EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၈
CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ရာထူးမှ ထုတ်ပယ်ခြင်းခံထားရသည့် ပညာရေးဝန်ထမ်း စုစုပေါင်း ၃၁၀ ကို ရာထူးတိုး ၂ နှစ်ရပ်ဆိုင်းပြီး မူလရာထူး ပြန်လည်ခန့်အပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနတွင် ဖေဖော်ရီလ ၇ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။
CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည့် ပညာရေး ဝန်ထမ်း ၃၁၁ ဦး သည် လုပ်ငန်းခွင်သို့ ပြန်လည်လုပ်ကိုင်လိုကြောင်း တင်ပြလာခဲ့သဖြင့် တင်ပြတောင်းဆိုထားသူများအနက် တစ်ဦးသည် ကွယ်လွန်သွားခဲ့ပြီး စုစုပေါင်းပညာရေးဝန်ထမ်း ၃၁ဝ ဦး ကို မူလရာထူးနှင့် ပြန်လည်နေရာချထားခဲ့ကြောင်း ဖော်ပြထားသည်။
နိုင်ငံဝန်ထမ်းနည်းဥပဒေ ၂ဝ၆၊ ၂၂ဝ နှင့်အညီ အယူခံတင်ပြလာသည့် ပညာရေးဝန်းထမ်းများကို နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အခန်း(၁၁)၊ ပုဒ်မ(၅၃)၊ ပုဒ်မခွဲ(ဂ) အရ ရာထူးတိုး ၂ နှစ်ရပ်ဆိုင်းပြီး မူလရာထူးဖြင့် သင့်တော်သည့်တက္ကသိုလ်များတွင် ပြန်လည်ခန့်အပ်ထားခဲ့ကြောင်း ဖော်ပြထားသည်။
ကေကေ
Post a Comment