ဒီမိုကရေစီကျင့်စဉ်အတိုင်း '' စစ်မှု မထမ်းမနေရ " ဥပဒေအား ပြဌာန်းသင့်ပြီ


       နိုင်ငံတစ်နိုင်ငံ၏အားသည် ထိုနိုင်ငံ၏ တပ်မတော်တစ်ရပ်နှင့် တိုက်ရိုက်အချိုးကျပါတယ်။ အမျိုး ဘာသာ သာသနာနဲ့ ပြည်ပရန်ကာကွယ်ဖို့ နိုင်ငံတကာနှင့် နည်းပညာပါသော ရင်ဘောင်တန်းနိုင်မှုရှိစေရန် ယနေ့လက်ရှိအနေအထားထက် ပိုမို၍ နည်းပညာနှင့်တွဲဖက်သော ခေတ်မှီတပ်မတော်ဖြစ်အောင် ကာကွယ်ရေးဘတ်ဂျက်အား လက်ရှိပမာဏထက် ပိုမိုသုံးစွဲသင့်ပါတယ်။
          ပြည်ပမီဒီယာများနဲ့ ပြည်တွင်း ဒေါ်လာစားမီဒီယာတွေရဲ့ တပ်မတော်အပေါ် မဟုတ်မမှန်ဝါဒဖြန့် ထုတ်လွှင့်မှုများ ပြည်သူတွေရဲ့ခေါင်းထဲ သံမှိုစွဲနေတဲ့ တပ်မတော်မုန်းတီးမှု အဆိပ်မှိုင်းများ လျော့နည်းသွားစေရန်နှင့် တပ်မတော်သားတွေရဲ့ဘဝကို ကိုယ်ချင်းစာ စာနာစိတ်ရှိစေဖို့  ဒီမိုကရေစီကျင့်စဉ်အတိုင်း '' စစ်မှု မထမ်းမနေရ "  ဥပဒေအား ပြဌာန်းသင့်တယ်လို့ ထင်မိပါတယ်။ 

        အရွယ်ရောက်ပြီးသော  နိုင်ငံသားတိုင်း စစ်မှုထမ်းဆောင်ခြင်းအားဖြင့် အမျိုးကိုချစ်တဲ့စိတ်၊ တိုင်းပြည်အပေါ်ချစ်တဲ့စိတ်နဲ့ တပ်မတော်အပေါ် လွဲမှားစွာမုန်းတီးနေသောစိတ်များ နဖူးတွေ့ဒူးတွေ့ ထဲထဲဝင်ဝင် ကိုယ်တိုင်တွေ့ကြုံ အမှုထမ်းရသည့်အခါ တပ်မတော်အား ရည်ရွယ်ချက်ရှိရှိ ပြိုကွဲပျက်စီးရန် သွေးထိုးလှုံ့ဆော်ချက်များအား ၎င်းတို့ကိုယ်တိုင် သိရှိသွားနိုင်ပြီး ပြည်သူမှတပ်မတော်အပေါ် ချစ်ခင်ယုံကြည်မှုများ ယခင်ကထက် ပိုမိုတိုးပွားနိုင်ပါတယ်၊ဒါကြောင့် ဆူပူမှုကာလ လွန်မြောက်ပြီးသည့်ချိန်တွင် စစ်မှုထမ်းဥပဒေအား နစက တာဝန်ယူချိန်အတွင်း ထုတ်ပြန်ဖို့ အချိန်ခါသင့်ပြီလို့ ယူဆမိပါတယ်။

Post a Comment

Previous Post Next Post