စိန်ရတုကို နစက ကလည်းလုပ်တယ်။
အနူဂျီး ကလည်းအားကျမခံလုပ်တယ်။
အဲ့ဒီ စိန်ရတုအပြိုင်ကို ဘယ်သူတွေတက်ပြီးဘာတွေပြောသွားလဲ သုံးသပ်ကြည့်ရအောင်။
နစက စိန်ရတု
************
နစကကလုပ်တဲ့စိန်ရတုကို
NCA လက်မှတ်ထိုးပြီးတဲ့ အဖွဲ့(၇)ဖွဲ့တက်ပြီး
မထိုးရသေးတဲ့အဖွဲ့က (၄)ဖွဲ့တက်တယ်။
ထူးခြားချက်က UWSA နဲ့ အတူတူ AA တက်တာရယ်
ရှမ်းပြည်နယ်မှာ အမြဲတန်းတိုက်ပွဲဖြစ်နေတဲ့
RCSS/SSA နဲ့ SSPP/ SSA တက်တာရယ်
ဦးကိုကိုကြီး ရဲ့ပြည်သူ့ပါတီတက်တာကိုတွေ့ရတယ်။
အနူဂျီး စိန်ရတု
************
အနူဂျီး ကလုပ်တဲ့ စိန်ရတုကိုတော့
အနူဂျီး အစိုးရအဖွဲ့ဝင်ဆိုသူတွေရယ်၊ KIA ရယ် ၊ US အပါအဝင်
၂၄ နိုင်ငံရယ် ၊ NGO အဖွဲ့တွေတက်တာတွေ့ရတယ်။
ဘာတွေပြောသွားလဲ
******************
တပ်ချုပ်ကြီးက နိုင်ငံရဲ့ စီးပွားရေး၊နိုင်ငံရေးနဲ့ကာကွယ် ရေး ကဏ္ဍတွေကို ပြည်တွင်းမှာရှိတဲ့တိုင်းရင်းသားတွေ ရဲ့ အင်အားနဲ့တည်ဆောက်သွားမယ်လို့ပြောသွားတယ်။
NUG စိန်ရတုမှာတော့ KIA က ဂမ်ရှောင်က ပင်လုံစာချုပ်နဲ့ပတ်သက်ပြီး DSK ကနှိမ်ချပြီးပြောခဲ့ကြောင်းပင်လုံစာချုပ်အောင်မြင်ရေးအတွက်NUG က တာဝန်ယူဆောင်ရွက်ရမယ်ဆိုတာကို ပြောခဲ့တယ်။
ဘယ်မှာလုပ်တာလဲ
*****************
နစက ကလုပ်တဲ့ စိန်ရတုကိုတော့ နေပြည်တော်မှာ
အမြှောက်တွေဖောက် ၊အစိုးရဝန်ကြီးဌာနစစ်ကြောင်းတွေက တပ်ချုပ်ကြီးကို ချီတက်အလေးပြုပြီး ခမ်းနားကြီးကျယ်စွာကျင်းပသွားပေမဲ့ ...
အနူဂျီး ကတော့ လေလှိုင်းပေါ်ကပဲစိန်ရတုကို ကျင်းပနိုင်ခဲ့တယ်။
သုံးသပ်ချက်
***********
အခမ်းအနားကျင်းပတဲ့နေရာ ၊ တက်ရောက်သူတွေရဲ့အနေအထားနဲ့ ပြောကြားတဲ့မိန့်ခွန်းရဲ့ အနှစ်သာရကိုနှိုင်းယှဉ်ကြည့်ရင် နစက ရဲ့ စိန်ရတုကို ပြည်တွင်းကတိုင်းရင်းသားပါတီနဲ့ Eaosတွေက တက်ရောက်ခဲ့ပြီး
အနူဂျီးရဲ့ စိန်ရတုကိုတော့ ပြည်ပနိုင်ငံများနဲ့ ပြည်ပသြဇာခံအဖွဲ့တွေပဲ တက်တာတွေ့ရတယ်။
နစက စိန်ရတုကို ပြည်တွင်းတိုင်းရင်းသားပါတီနဲ့Eaos တွေက ဘာကြောင့်တက်ရသလဲ ဆိုတာကိုထပ်မံသုံးသပ်ရရင်
ပထမအချက်အနေနဲ့
အာဏာသုံးရပ်ဟာ နစက လက်ထဲမှာရှိပြီး ၊အနူဂျီး လက်ထဲမှာ မရှိလို့ပဲ။
ဒုတိယ အချက်အနေနဲ့က
နစက ခေါင်းဆောင်တွေရဲ့ အရည်အချင်းနဲ့ အနူဂျီးခေါင်းဆောင်တွေရဲ့ အရည်အချင်းကွာခြားမှု
ကြောင့်ပဲ၊
တတိယအချက်အနေနဲ့က
တပ်မတော်ဟာ Institution ခိုင်မာတဲ့ အဖွဲ့အစည်းဖြစ်ပြီး အနူဂျီးဟာ Institution ခိုင်မာမှု မရှိတဲ့ အဖွဲ့အစည်းဖြစ်လို့ပဲ။
စတုတ္တအရေးကြီးဆုံး အချက်က
နစက ဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြည်တွင်းပဋိပက္ခ တွေကိုချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ရာမှာ ပြည်ပကို အားမကိုးပဲ ပြည်တွင်းအားကိုသာအားကိုးပြီး လက်တွေ့ကျကျ ဆောင်ရွက်နိုင်တာရယ်၊
အနူဂျီး ကြတော့ ပြည်တွင်းအားကိုလည်း အသုံးမပြု၊
ပြည်ပကိုပဲအားကိုးပြီး ၊ ပြည်ပအားကိုး ပုဆိန်ရိုး ဘဝကိုရောက်နေတာတွေကြောင့်လို့ သုံးသပ်ရပါတယ်။
ခြုံငုံသုံးသပ်ရင်
၇၅ နှစ်စိန်ရတုဟာ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်မဲ့ အားစမ်းပွဲတစ်ပွဲဖြစ်သလို အရေးကြုံလာရင်တိုင်းရင်းသားပါတီတွေ ၊ Eaos တွေဟာ တပ်မတော်နဲ့ ကျောချင်းကပ်ပြီး တစ်လှေထဲစီး တစ်ခရီးထဲသွားမယ် ဆိုတာကိုတွေ့ရပါတယ်။
နိဂုံးချုပ် ပြောချင်တာက
ဒီပွဲမှာ
နစက နိုင်ပြီး ၊ အနူဂျီး ရှုံးပါတယ်။
ဘယ်သူက နိုင်ငံအကျိုးကို ဆောင်ရွက်နေပြီး
ဘယ်သူက ပြည်ပအကျိုးကို ဆောင်ရွက်နေသလဲဆိုတာ သိမြင်စေပါတယ်။
#SaiHlyan
# KT
Post a Comment