ရသေ့တောင်မြို့နယ်အတွင်း ရာမဆေးပြား ထုတ်လုပ်သည့် စက်ရုံတည်ပြီး ထုတ်လုပ်နေ
===========================
AARN ၊ ဖေဖော်ဝါရီ ၆
ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု များပြားသလို မူးယစ်ဆေးဝါးကြောင့် လူငယ်များ လမ်းမှားရောက်ပြီး စိတ်ဝေဒနာ ခံစားနေသည်။ တဖက်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုမှာ ပြည်နယ်တွင်းနှင့် တဖက်နိုင်ငံများသို့ ဖြန့်ဝေနေမှုများရှိသည်။
ရခိုင်ပြည်နယ်အတွင်း ရသေ့တောင်မြို့နယ်၊ ရေကောင်းချောင်းရွာအနီးတွင် ရာမဆေးပြား ထုတ်လုပ်သည့် စက်တည်ထားကြောင်းနှင့် စက်တည်ထားသူမှာ ULA/AA ကို ငွေကြေးအများဆုံးထောက်ပံ့ပြီး ရှမ်းပြည်တွင် နေထိုင်သော DMG သတင်းမီဒီယာ အယ်ဒီတာချုပ် ဦးအောင်မင်းဦး၏ညီ ဦးဝင်းလှိုင်ဆိုသူဖြစ်ပြီး ဇေကမ္ဘာ ခြံဝင်းအတွင်း တွေ့ရှိသည့် မူးယစ်ဆေးဝါးအမှုကြောင့် မိုင်းလားတွင် ရှောင်တိမ်းနေရသူဖြစ်ကြောင်း သိရသည်။ ဒေသခံပြည်သူများ တဦးအဆို ထိုနေရာ အနီးဝန်းကျင်ကို ULA/AA ရဲဘော်များက လုံခြုံရေးယူထားပြီး ကျည်ဆန် ထုတ်လုပ်သည့် စက်ရုံဟုပြောဆိုခိုင်းထား ကြောင်း ပြောသည်။
DMG ဒယ်ဒီတာချုပ်မှာလည်း ULA/AA မှ ဗိုလ်မှူးအဆင့် တာဝန်ကို ရယူထားသူဖြစ်သည့်အတွက် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရကြောင်း စကစ ဌာနတွင်း သတင်းတရပ်က ဆိုသည်။
ရခိုင်ပြည်နယ်တွင်း မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း သုံးစွဲခြင်းမှာ ၂၀၁၂ နောက်ပိုင်းမှစ၍ ULA/AA အင်အားကြီးထွားလာမှုနှင့်တပြိုင်တည်း ကျယ်ပြန့်လာပြီး ယခုအခါ ရဟန်းသံဃာတော်များ၊ ကျောင်းဆရာ၊ ကျောင်းဆရာမများပါ မူးယစ်ဆေးဝါးရောင်းဝယ်ရေးတွင် ပါဝင်လာကြသဖြင့် လူငယ်များစာရိတ္တပျက်ပြားမှု၊ ရာဇဝတ်မှုခင်းကျူးလွန်မှုများလည်း အဆမတန်များပြားလာသည်။ ULA/AA အတွင်းတွင်လည်း နိုင်ငံရေး အမြော်အမြင်ရှိသူ ပေးဆပ်စွန့်လွှတ်သူ ကိုယ်ကျင့်စာရိတ္တကောင်းမွန်သူများနေရာမရဘဲ အမျိုးသားရေး အရေခြုံ မူးယစ်ရာဇာများ ကြီးစိုးနေကြသည်မှာ အနာဂတ်ရခိုင်ပြည်နယ်အတွက် ရင်လေးစရာဖြစ်သည်။ ရခိုင်ပြည်နယ် အတွင်းသို့ မူးယစ်ဆေးဝါးနှင့်အရက်များတင်သွင်းပြီး ဗမာအစိုးရက ရခိုင်များအား ကျွန်သက်ရှည်အောင် ပြုလုပ်ထားသည်ဟု ဝါဒဖြန့်နေကြသော်လည်း ထိုမူးယစ်ဆေးဝါးများအား ဗမာအာဏာပိုင်များနှင့်ဆက်စပ်၍ ရခိုင်ပြည်နယ်တွင်းတွင် ဒိုင်ခံဖြန့်ဖြူးနေကြသူများမှာ ULA/AA မိသားစုဝင်များသာဖြစ်ကြပါသည်။
#SAM
Post a Comment