အာစီယံဥက္ကဋ္ဌကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာပြည်လာစဉ် နှစ်ဖက် သဘောတူညီ ထုတ်ပြန်ချက်ထဲပါတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်းအထိ အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ထားမယ်ဆိုတဲ့အချက် နှင့်
နစကဥက္ကဋ္ဌရဲ့ နှစ်ကူးမိန့်ခွန်းပါ ဒီနှစ်အတွင်း ငြိမ်းချမ်းရေး ခြေလှမ်းသစ် စတင်မယ် ဆိုတဲ့ အတိုင်း လက်တွေ့ ဖော်ဆောင်နေတဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။
နိုင်ငံရေးကို နိုင်တဲ့သူကရေးတာပါဆိုတာကို ဟိုက်ပါ ဒီမိုကရက်ဆိုသူတွေက ပြသသွားခဲ့တယ်။ဒီအတွက် အမျိုးသားစည်းလုံးညီညွှတ်မှု အနိမ့်ဆုံးကိုရောက်ရှိသွားရတယ်။
ဒီနေရာမှာ ယနေ့နိုင်ငံရေးကို ပြေလည်အောင်ဘယ်လိုဖြေရှင်းကြမှာလဲ နည်းလမ်းရှာမှာလဲဆိုတာကို စဉ်းစားတဲ့အခါ အဖွဲ့အစည်းအသီးသီး၏ခေါင်းဆောင်များ၏ အမြော်အမြင်ကအရေးကြီးပါတယ်။ဆုံးဖြတ်ချက်မှန်ဖို့လိုပါတယ်။မိမိတို့ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းအရ ထိတွေ့ဆက်ဆံခံရတာတွေအပေါ် နာကျည်းမှု အာဃာတတွေတွေမေ့ပစ်ကြရမယ့်အချိန်ပါလို့ လေးစားစွာ ပြောပြလိုပါတယ်။
ယနေ့တပ်မတော်သည် ခေါင်းဆောင်မှု ဖွဲ့စည်းမှု စွမ်းဆောင်မှုအရာရာ အားလုံးသည် ခေတ်စနစ်နှင့်အညီ အင်မတန်အထာကျလှတဲ့ ခေတ်သစ် ကိုဦးဆောင် ပြောင်းလဲသွားနေတာကို တွေ့မြင်ရပါတယ်။
ယနေ့အရေးမှာအဖွဲ့အစည်းအသီးသီးတို့သည်
ထိခိုက်နစ်နာမှုတွေရှိနေပေမယ့် ဒါသည် ရှောင်လွှဲသွားလို့ရတဲ့အခြေအနေမဟုတ်ပါဘူး။
ဒါကို ရင်ဆိုင်ဖြေရှင်းကျော်ဖြတ်ကြဖို့ အားလုံးမှာ တာဝန်ရှိပါတယ်လို့ရိုးသားစွာ ထင်မြင်ယူဆပါတယ်။
ဒီနေ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို
လေ့လာကြည့်တဲ့အခါ သဘောထား အင်မတန်
ကြီးမားလှတာကိုတွေ့ရတယ်။ဒါကို ရှုထောင့်အမျိုးမျိုးကဝေဖန်တာတွေ အများကြီးရှိတယ်။ဒါပေမယ့် ဒါက နိုင်ငံကို လက်တွေ့ခေါင်းဆောင်တဲ့အခါ ဒီလိုသဘောထားရှိတာ မှန်တယ်လို့ ယေဘူယျပြောလိုပါတယ်။
နိုင်ငံတစ်ခုကိုခေါင်းဆောင်တဲ့အခါ မိမိကိုယ်ထောက်ခံမှ မိမိပြည်သူ လို့သတ်မှတ်ပြီး မိမိကိုမထောက်ခံသူတွေကို ရန်သူပါလို့ သတ်မှတ်ချေမှုန်းတာ ခွဲခြားဆက်ဆံပြီး အာဏာလက်တဆုံးအသုံးပြုတဲ့အတွက် ယနေ့ မြန်မာ့လူ့အဖွဲ့အစည်းသည် ပြင်းထန်တဲ့ ဒဏ်ရာတွေရနေကြပါပြီ။ဒီဒဏ်ရာကို ပျောက်ကင်းဖို့ မှန်ကန်တဲ့ဆေးကုသမှုတွေလုပ်ကြရပါမယ်။
ဗိုလ်ချုပ်မှူးကြီးသည် ဒီအချက်ကို နားလည်သဘောပေါက်ပုံရပါတယ်လို့ ယူဆပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့သည်
နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရေး ဒီမိုကရေစီကျင့်စဉ်များနှင့်အညီစေ့စပ်ညှိနှိုင်းအဖြေရှာရေးနည်းလမ်းဖြင့်ထာဝရ ငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမည်ဆိုတဲ့ယခုဖိတ်ကြားလွှာဖော်ပြထားတာ ကို တန်ဖိုးထားပြီး အမိအရ ဆုပ်ကိုင်ကာမိမိပြည်နယ် မိမိပြည်သူအကျိုးကို ရည်မှန်းလုပ်ဆောင်ကြဖို့ အလေးအနက် တိုက်တွန်းပါရစေရှင်။
လွန်ခဲ့သော ၇၅ နှစ်က ပင်လုံမြို့ကလေးတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သလို ယနေ့အချိန်အခါတွင်လည်း တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို အမြန်ဆုံးပြသနိုင်ဖို့ အားလုံးဝိုင်းဝန်း ကြိုးစားသွားကြဖို့ နစကဥက္ကဋ္ဌကယနေ့ဖေဖော်ဝါရီလ (၇)ရက်နေ့တွင်ကျရောက်သော (၇၅)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် ပန်ကြားထားပါတယ်။
ပြည်သူတွေအငိုတိတ်ဖို့ သက်ဆိုင်ရာလူ့အဖွဲ့စည်းအသီးသီးကခေါင်းဆောင်တွေ စည်းလုံးညီညွှတ်နိုင်ကြပါစေရှင်။🙏
အပြုသဘောဆုံးဖြတ်လက်တွဲဆောင်ရွက်နိုင်ကြပါစေရှင်။🙏
သတင်းကောင်းကို စောင့်မျော်လျက်ပါရှင်။🙏
လေးစားလျက်🙏
နန်းမြမြမီမီဇော်🙏
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်။
Post a Comment