စစ်သားဆိုတာ ...

#စစ်သား...

ရှေ့တန်းအပြန် နန်းစံချင်ပေမဲ့လဲ 
တိုင်းပြည်နဲ့အမျိုးတွေအတွက် 
မြေခခဲ့ဘူးတယ်.......
နိုင်ငံရေးဘာမှမသိဘူး 
ငါတို့အုပ်ချုပ်နေတဲ့အစိုးရက 
ငါတို့အစိုးရဆိုတဲ့ အသိစိတ်က 
ရင်ဘတ်ထဲမှာ ကိန်းအောင်းနေခဲ့တယ်.......

မိသားစုရှေ့ရေးဘာမှမတွေးဘူး 
အချိန်တန်ရင် နိုင်ငံတော်ကငါ့တို့အတွက် 
တစ်နေရာပေးလိမ့်မယ်လို့ဆိုတဲ့အိမ်မက်တွေနဲ့ 
နစ်မြောနေခဲ့တယ်.......

လစာမလောက်ငှဘူး 
ဒါပေမဲ့ တိုင်းပြည်ဆင်းရဲနေချိန်မှ 
ရောင့်ရဲတင်းတိမ်ရမယ်ဆိုတဲ့ အတွေးနဲ့တင် 
ကျေနပ်နေမိတယ်.......

ကားတွေဝယ်မစီးနိုင်ဘူး 
ဒါပေမဲ့ ငါတို့ဟာ ဂွေကိုင်တဲ့လက်မဟုတ်ဘူး သေနတ်ကိုင်တဲ့လက်ဆိုပြီး 
ကျေနပ်နေမိတယ်.......

ရန်သူကိုမသတ်ရက်ဘူး 
ရှေ့တန်းမှာရွာသားလဲရန်သူ 
ရန်သူလဲ ရွာသားဖြစ်နေတဲ့အချိန်မှာ 
သူတို့ဟာ ကျေးဇူးရှင်တွေဆိုပဲဆိုတဲ့အသိနဲ့ 
ခဝါချခဲ့ဘူးတယ်.......

ငါ့နိုင်ငံတော်အတွက် ငါပေးဆပ်ရမယ် 
ဆိုတဲ့အသိက တစ်နေ့ ငါမြေခရမယ်
ဆိုတဲ့ အသိပါပဲ....

#crd 
#yyh

Post a Comment

Previous Post Next Post