ပင်စင်စားအား နိုင်ငံတော်မှ ပေးအပ်ထားသော အခွင့်အရေးများ
၁။ ပင်စင်စားအနေဖြင့် အောက်ပါအခွင့်အရေးများကို ခံစားခွင့်ရရှိပါသည်-
(က) ပင်စင်စားတစ်ဦး၌ တင်ရှိနေသော ကြွေးမြီများအတွက် ပင်စင်လစာကို တရားရုံးမှ သိမ်းဆည်းခြင်း၊ ၀ရမ်းကပ်ခြင်း မပြုရ။
( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် - ၉၄၃ (၅) )
( ခ) ပင်စင်စားတစ်ဦးအား ၀န်ထမ်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းအရ အရေးယူ အပြစ် ပေးခြင်း မပြုရ။
( မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် -၂၀၉ )
( ဂ) ပင်စင်လစာကို ပင်စင်စားနှစ်သက်ရာဒေသတွင် ထုတ်ယူခွင့်ရှိသည်။
( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် - ၉၃၃ )
(ဃ) တစ်နှစ်ထက်ကျော်လွန်ပြီး ပင်စင်ထုတ်ယူခြင်း မပြုပါက ပင်စင်လစာကို ဆက်လက်ထုတ်ပေးခြင်း မပြုရပါ။ ပင်စင်စားမှ ရပ်ဆိုင်းထားခဲ့သည့် ပင်စင်လစာကို တောင်းခံလာပါက ပင်စင်ဦးစီးဌာနအနေဖြင့် ပင်စင်ခွင့်ပြုခဲ့သူ အာဏာပိုင်ထံ အမိန့်သစ်တစ်ရပ် တောင်းခံပြီး သီးခြားအမိန့်စာဖြင့် ငွေပေးမိန့် ထုတ်ပေးရပါသည်။
( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် - ၉၅၆ နှင့် ၉၅၇ )
( င) ပင်စင်စားကွယ်လွန်သဖြင့် မထုတ်ယူနိုင်ခဲ့သော ပင်စင်လစာကျန်များကို ပင်စင်စား၏ တရား၀င် အမွေစားအမွေခံများအား ထုတ်ပေးနိုင်သည်။
( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ် - ၉၅၉ နှင့် ၉၆၀ )
( စ) ပင်စင်စားတစ်ဦးသည် ကြီးလေးသော ပြစ်မှုတစ်ရပ်ရပ်ကြောင့် တရားရုံး၏ ပြစ်ဒဏ် ချမှတ်ခြင်းကို ခံရလျှင်ဖြစ်စေ၊ ဆိုးရွားသော မလျော်ကန်သည့် အပြုအမူတစ်ရပ်ရပ်ကို ကျူးလွန်လျှင်ဖြစ်စေ၊ ယင်း၏ ပင်စင်လစာကို ( မြို့ပြ၀န်ထမ်း စည်းမျဉ်းဥပဒေ အပိုဒ်- ၃၅၁ ) ပင်စင်စားသည် ပြစ်ဒဏ်ကျခံခြင်းမှ လွတ်မြောက်လာပါက ရပ်ဆိုင်း ထားသော ပင်စင်လစာကို ပြန်လည်တောင်းခံနိုင်ပါသည်။
( မြန်မာပြည်ထပ်ဆင့်ထုတ် ၀န်ထမ်းစည်းမျဉ်းဥပဒေ အပိုဒ် - ၄၃ )
စီမံကိန်းနှင့် ဘဏ္ဍာရေး၀န်ကြီးဌာန၊ Pension Rules & Regulation
Post a Comment