မုံရွာ-အရာတော်သွားကားလမ်းတွင်ထောင်ထားသည့် လက်လုပ်မိုင်း ၈ လုံးအားလုံခြုံရေးအဖွဲ့ဝင်များကရှင်းလင်းခဲ့
စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်နှင့်အရာတော်မြို့နယ်တို့သို့ ဆက်သွယ်ထားသည့် မုံရွာ-အရာတော်သွားကားလမ်းတွင်ထောင်ထားသည့် လက်လုပ်မိုင်း ၈ လုံးအား လုံခြုံရေးအဖွဲ့ဝင်များက ဖေဖော်ဝါရီ ၅ ရက်ညနေပိုင်းက ရှင်းလင်းနိုင်ခဲ့သည်ဟု သိရသည်။
"ရွှေဘိုကားလမ်းလို့လည်းခေါ်တယ် အဲ့လမ်းကို ပေါက်ကွဲသွားရင်တော့မတွေးရဲစရာပေါ့ဗျာ ၈ လုံးတောင်တွေ့တာဆိုတော့ မိုင်းတွေပုံစံကလည်းအားပြင်းနိုင်တဲ့အနေအထားတွေ လမ်းကိုပိတ်ပြီးရှင်းနေတာတွေ့တယ်"ဟုဒေသခံတစ်ဦးကပြောသည်။
အဆိုပါ လက်လုပ်မိုင်းများအား မိုင်တိုင်အမှတ်- ၇/၇ အနီး၌ လေးလုံး၊စက်မှုဇုန်လမ်းခွဲအနီးတွင် လေးလုံးထောင်ထားသည်ကို သတင်းရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
"ရှင်းလင်းနိုင်ခဲ့တဲ့ လက်လုပ်မိုင်း ၈ လုံးက ရီမုမိုင်းတွေပါ အကုန်လုံးကိုသက်မဲ့လုပ်နိုင်ခဲ့ပါတယ်"ဟုလုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။
ဖြစ်စဥ်အနီးတဝိုက်နှင့် မုံရွာ-အရာတော်သွားကားလမ်းမကြီးတစ်လျှောက်အား လုံခြုံရေးအဖွဲ့ဝင်များက အဖွဲ့ငယ်များခွဲ၍ လက်လုပ်မိုင်းများထပ် မံထောင်ထားခြင်းရှိ၊မရှိအား ဆက်လက်စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
Post a Comment