ကယားပြည်နယ်သို့သွားရောက်မည့် အသက်မပြည့်သေးသူ ၅ ဦးအား မိဘများထံပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ဟု နစက ထုတ်ပြန်
ကယားပြည်နယ်သို့သွား ရောက်ရန် မိဘများကိုအသိမပေးဘဲနေအိမ်မှထွက်လာသည့် မှော်ဘီမြို့နယ်မှ အသက်မပြည့်သေးသူ ၅ ဦးအား ဇန်နဝါရီ ၃၀ ရက်တွင် တာဝန်ရှိသူများက မိဘများထံပြန်လည်အပ်နှံပေးခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။
မှော်ဘီမြို့နယ်၊အထက(ရွှေမြယာ)မှ နဝမတန်းကျောင်းသားများဖြစ်သည့် မောင်ဇွဲသက်ပိုင်(၁၅ နှစ်)၊မောင်ရဲမင်းထွေး(၁၆ နှစ်)၊မောင်အောင်နိုင်သူ(၁၆ နှစ်)၊ဒသမတန်းကျောင်းသားများဖြစ်သည့် မောင်ဥက္ကာမင်းမောင်(၁၅ နှစ်)၊မောင်ကောင်းသန့်နိုင်(၁၅နှစ်)၊မောင်သန်းထိုက်(၁၅နှစ်)၊မောင်သိန်းသန်းရွှေ(၁၆ နှစ်)နှင့်မောင်အောင်မြင့်မြတ်တို့အား လူမှုကွန်ရက်မှတစ်ဆင့် ကယားပြည်နယ်သို့လာရောက်ရန် စည်းရုံးခံခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဇန်နဝါရီ ၂၉ ရက်တွင် အဆိုပါကျောင်းသား ၈ ဦးသည် ကျောင်းသွားမည်ဟုပြောဆို၍ "စေတမာန်"ခရီးသည်တင်ကားဖြင့် ရန်ကုန်မှတောင်ငူမြို့သို့ လိုက်ပါကာ တောင်ငူမြို့သို့ရောက်စဉ် ကယားပြည်နယ်သို့ သွားရန်ကားဌားရာမရသဖြင့် ကားဂိတ်ဘေးရှိ "အေသင်"စား သောက်ဆိုင်၌ ညအိပ်တည်းခိုခဲ့သည်ဟု စုံစမ်းသိ ရှိခဲ့ရသည်။
ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဇန်နဝါရီ ၃၀ ရက် နံနက်ပိုင်းတွင် တောင်ငူမြို့နယ်၊ကျွန်းကုန်းကျေးရွာသို့ရောက်နေသည့် ကျောင်းသား ၈ ဦးအနက် ၅ ဦးအား ပြန်လည်တွေ့ရှိခေါ်ဆောင်ကာ မိဘများထံပြန်လည်အပ်နှံပေးခဲ့ပြီး ကျန်ရှိသည့်ကျောင်းသားသုံးဦးဖြစ်သည့် မောင်အောင်မြင့် မြတ်၊ မောင်အောင်နိုင်သူနှင့်မောင်သိန်းသန်းရွှေ တို့အားဆက်လက်ရှာဖွေလျက်ရှိသည်။
ပြန်လည်တွေ့ရှိခဲ့သည့် ကျောင်းသား ၅ ဦးမှာ နဝ မတန်းကျောင်းသား မောင်ဇွဲသက်ပိုင်(၁၅ နှစ်)၊ မောင်ရဲမင်းထွေး(၁၆ နှစ်)၊ဒသမတန်းကျောင်း သား မောင်ဥက္ကာမင်းမောင်(၁၅ နှစ်)၊မောင်ကောင်းသန့်နိုင်(၁၅ နှစ်)နှင့်မောင်သန်းထိုက်(၁၅ နှစ်)တို့ဖြစ်သည်။
ထို့ကြောင့် အသက်မပြည့်သေးသည့် ကျောင်း သားများအား မဟုတ်မမှန်စည်းရုံးခေါ်ဆောင်သူ များအား လုံခြုံရေးအဖွဲ့ဝင်များက ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးအတွက် စုံစမ်းစစ် ဆေးလျက်ရှိသည်။
Post a Comment