စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးသည့် သတင်းအတည်မဖြစ်သေး
လွန်ခဲ့သော ၁နှစ်က ဖမ်းဆီးထိန်းသိမ်းထားကာ လက်ရှိတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည့် စီးပွားရေးအကြံပေး မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးလိုက်ပြီဟု ကမ္ဘောဒီးယားနိုင်ငံသတင်းဌာနတခုက ဖော်ပြရေးသားသော်လည်း လက်ရှိတွင် မဟုတ်သေးကြောင်း သိရသည်။
Khmer Times သတင်းဌာနက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ တောင်းဆိုမှုအပြီးတွင် သြစတြေးလျ ပါမောက္ခ Sean Turnell အား မြန်မာစစ်အစိုးရက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်ဟု ယနေ့ ဖေဖော်ဝါရီ ၇ရက်တွင်ဖော်ပြထားသည်။
သို့သော် လက်ရှိအခြေအနေအမှန်မှာ မစ္စတာရှောင်တာနယ်၏ အမှုကို ကြားနာစစ်ဆေးနေဆဲဖြစ်ပြီး အမှုများရုတ်သိမ်းခြင်း၊ပြန်လွတ်ပေးလိုက်ခြင်း မရှိသေးဟု သိရသည်။
“တရားစီရင်နေဆဲ အချိန်မှာ ပြန်လွတ်ပေးတာမျိုး မြန်မာနိုင်ငံမှာ မရှိတတ်ဘူး။စစ်ဆေးပြီး အမိန့်ချလိုက်ပြီးပြီဆိုရင် တစ်မျိုးပေါ့လေ”ဟု ရှေ့နေအသိုင်းအဝိုင်းနှင့် နီးစပ်သူကပြောသည်။
သြစတြေးလျ အစိုးရက ယမန်နေ့က မစ္စတာရှောင်တာနယ်ကို ပြန်လွတ်ပေးရန် စာထုတ်တောင်းဆိုထားသည်။
နစကဥက္ကဌကလည်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်၏ မစ္စတာရှောင်တာနယ်အား ပြန်လွတ်ပေးရန် တောင်းဆိုထားချက်အား လက်ခံထားသည်ဟု သိရှိရသည်။
Telegram တွင်ဖတ်ရန် >>
https://t.me/popularjournal/6221
Post a Comment