နိုဗယ်ဆုလက်နက်နှင့်သင်းသတ်ခံနေရတဲ့တိုင်းပြည်မဖြစ်ပါစေနဲ့

#နိုင်ငံတော်ကအကြမ်းဖက်အဖွဲ့ အဖြစ်ကြေငြာထားတဲ့ NUG ကိုနိုဗယ်ဆု စာရင်းတင်သွင်းတဲ့ သတင်းတစ်ပုဒ် ဖတ်ရတော့ ဒီဆောင်းပါးလေးပြန်တင်ချင်စိတ်ဖြစ်လာလို့ တင်ပေးလိုက်တယ်။

#နိုဗယ်ဆုလက်နက်နှင့်သင်းသတ်ခံနေရတဲ့
တိုင်းပြည်မဖြစ်ပါစေနဲ့

ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးဆုတစ်ဆုဖြစ်သည့် နိုဗယ်ဆုကို လူတော်တော်များမျာမက်မောကြပါသည်။အထူးသဖြင့် နိုင်ငံရေးသမားများမက်မောကြသလို ပညာရှင်များကလည်း ကြော်ကြားလိုမှု ဂုဏ်သိက္ခာအရ နိုဗယ်ဆုကို မက်မောကြပါသည်။နိုဗယ်ဆုရရှိသူများသည် နိုဗယ်ဆု လက်မှတ် ၊ နိုဗယ်ဆုတံဆိပ်အပြင် ငွေသား အမေရိကန် ဒေါ်လာ ကိုးသိန်းလောက်နှင့် ညီမျှသည့် ဆွီဒင် ကရိုနာငွေ ကိုးသန်း ကို ရရှိကြသဖြင့်
ဆုကြေးငွေအရ မက်မောစရာ ကောင်းလှသလို သြဇာတိက္ကမကြီးလိုသူများ အနေဖြင့်လည်း ဤဆုကို လိုချင်တက်မက်ကြပါသည်။နိုဗယ်ဆုများတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ ဆေးပညာ၊ စာပေ နှင့် ငြိမ်းချမ်းရေး ဆိုသည့် နယ်ပယ် ၅ ရပ်မှာ လူသားများအတွက် အကြီးမားဆုံးသော အကျိုးပြုပေးနိုင်သူတွေကို ဆုရွေးချယ်ရေး အဖွဲ့ က စိစစ်ရွေးချယ်ပြီး နှစ်စဥ်ပေးအပ်လေ့ရှိပါသည်။

အဆိုပါ နိုဗယ်ဆု ( ၅) မျိုးအနက် ငြိမ်းချမ်းရေး
နိုဗယ်ဆုသည် လူသားတို့၏ ငြိမ်းချမ်းသာယာ
ရေး ကို လက်တွေ့ကျကျ အကျိုးရှိအောင်စွမ်းဆောင်ပေးနိုင်သဖြင့် ပို၍ သြဇာတိက္ကမ ကြီးမားသည်။ပို၍လည်း ကြော်ကြားသဖြင့် နိုင်ငံရေးသမားများ နှင့် နိုင်ငံ့ခေါင်းဆောင်များ
က လိုချင်တပ်မက်ကြပါသည်။သို့သော်  နိုဗယ်ဆု သမိုင်းတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုသည် အငြင်းပွား ဖွယ်ရာများ နှင့် သံသယဖြစ်ဖွယ်ရာများဖြင့် ပြည့်နှက်လျက်ရှိနေသည် က သမိုင်းအရှိတရားပင် ဖြစ်ပါသည်။ထိုထက်ပိုဆိုးသည် က ငြိမ်းချမ်းနိုဗယ်ဆုရှင် များကြောင့် ၄င်းတို့မိခင်နိုင်ငံများက အတိဒုက္ခရောက်ခဲ့ကြ၍ ပြိုကွဲပျက်စီးသည် အထိ ဖြစ်ခဲ့ကြသည် က လည်း ငြိမ်းချမ်းရေး နိုဗယ်ဆု၏ ပုံရိပ် ကို ထိခိုက်စေလျက်ရှိပါသည်။ထို့ကြောင့် ယခုနောက်ပိုင်း ကာလများတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုသည်
အမေရိကန် နှင့် အနောက်အုပ်စု နိုင်ငံများ၏
အလိုကျခြယ်လှယ်ရှိသော ဆုအဖြစ် အများစု
က ရှုမြင်လာကြပါသည်။

၁၉၉၀ ပြည်နှစ်တစ်ဝိုက်က အမေရိကန် နှင့် ဆိုဗီယက်ပြည်ထောင်စု တို့၏ စစ်အေးတိုက်ပွဲကာလ အပြင်းထန်ဆုံး မှသည် အထွတ်အထိပ်ကာလ သို့ ရောက်ရှိနေချိန်ဖြစ်ပါသည်။အမေရိကန် သည် ဆိုဗီယက်ပြည်ထောင်စု ကို အဖက်ဖက်မှ အသာစီးရရှိစေရေး စိတ်ကူးယဥ်ဆန်ဆန်( Star War) လို ဝါဒဖြန့်ချိမှု တွေ အပြင် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲ အောင်ပျက်စီးအောင် နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးပမ်းကြံစည်ခဲ့ကြပါသည်။ထိုအထဲတွင် အထိရောက်ဆုံး
လက်နက်တစ်ခု က တော့ ငြိမ်းချမ်းနိုဗယ်ဆု
လက်နက် ဟု ဆိုရပါမည်။ဆိုဗီယက်ခေါင်းဆောင် မစ်ဟေး ဂေါ်ဗာချော့ဗ် သည် သဘောထားပျော့ပြောင်းသူတစ်ဦး ဖြစ်သည့်အပြင် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ အယူအဆအပေါ် ကို တိမ်းညွတ်နေသဖြင့် အမေရိကန်
ဦး​ဆောင်သည့် အနောက်အုပ်စု နိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်ပြေပြစ်ခဲ့ပါသည်။

ဆိုဗီယက်ခေါင်းဆောင် မစ်ဟေး ဂေါ်ဗာချော့ဗ် ၏ အဆိုပါ အားနည်းချက်ကို အသုံးချပြီး ၁၉၉၀ ပြည့်နှစ် တွင် ငြိမ်းချမ်းရေးနိုဗယ်ဆုပေးခဲ့ပါသည်။အကြောင်းပြချက် မယ်မယ်ရရ မရှိသော်လည်း အာဖဂန်နစ္စတန် မှာ ( ၁၀) နှစ်ကြာ
တပ်စွဲထားသော ဆိုဗီယက်တပ်များကို ရုပ်သိမ်းပေးခဲ့မှု နှင့် ကမ္ဘာ့လူသားများ၏အရေးအတွက် ငြိမ်းချမ်းရေးကို လိုလားသူတစ်ဦး ဖြစ်၍ ပေးခဲ့သယောင်ဝါဒဖြန့်ခဲ့ပါသည်။အကျိုးဆက် က ဂိုဗာချော့ဗ်တစ်ယောက် တော့ သူ့ကိုယ်သူ တကယ့်မဟာလူသား ကယ်တင်ရှင်ကြီး တစ်ယောက် လို ခံယူလာပြီး ၁၉၉၁ ဒီဇင်ဘာလ အတွင်း ကရင်မလင်နန်းတော် အား သိမ်းပိုက်ဖို့ လာသည့် အကြမ်းဖက်လူအုပ်ကြီး ကို ပစ်ခတ်နှိမ်နင်းရန် အမိန့်ပေး​​ခါနီး မှငါ သည် ငြိမ်းချမ်းနိုဗယ်ဆုရှင် တစ်ယောက်ဖြစ်၍ မလုပ်သင့်ဖူး ဟု အတွေးဝင်သွားကာ အမိန့် ကို ပြန်ရုပ်သိမ်းခဲ့သဖြင့် ဆိုဗီယက်ပြည်ထောင်စု ( ၁၅) နိုင်ငံ ပြိုကွဲသွားခဲ့ပါသည်။ထို့ကြောင့် နိုဗယ်ဆု လက်နက် နှင့် ဆိုဗီယက်တို့ ဖျက်ဆီးခံခဲ့ရပါသည်။

ထိုနည်းတူ ယခုအခါတွင်လည်း ငြိမ်းချမ်းရေး
နိုဗယ်ဆုရှင်  အီသီယိုးပီးယား ဝန်ကြီးချုပ်  အဘီအာမက် ကြောင့် အီသီယိုပီယားပြည်တွင်းစစ် မီးဟုန်းဟုန်းတောက်နေရပါသည်။
အမေရိကန် က သူ့သံရုံးဝန်ထမ်းများ ကို အကုန်ပြန်ခေါ်သွားပြီ ဖြစ်ပါသည်။စစ်က အီသီယိုပီယား မြို့တော် အဒစ်အဘာဘာမြို့ နှင့် ၂၅ မိုင် အကွာ ကို ရောက်လာခဲ့ပါပြီ။ငြိမ်းချမ်းရေး
နိုဗယ်ဆုရှင်  အီသီယိုးပီးယား ဝန်ကြီးချုပ်  အဘီအာမက် သည် နိုင်ငံတကာစာမျက်နှာ
မှာ Hero ဘဝ ကနေ Zero ဘဝ ကို အချိန်တို အတွင်းရောက်သွား ခဲ့ရသည် က လည်း သူအာဏာရှင် ဖြစ်ဖို့ အတွက် ပါတီစုံ ဒီမိုကရေစီ စနစ် အစား သူပါတီသာ ရေရှည် အာဏာရစေမည့် တစ်ပါတီအာဏာရှင်
စနစ် ကို ဖန်တီးရန် ကြိုးပမ်း ခဲ့၍ ဖြစ်ပါသည်။
ထိုကဲ့သို့ သူအာဏာရှင် ဖြစ်စေရေး နိုဗယ်ဆု
သြဇာကို အသုံးချလျက် အနောက်အုပ်စု က
ကြိုးကိုင်မှု များရှိနေသည်ဟု နိုင်ငံရေးပညာရှင်များ က  ယူဆသုံးသပ်နေကြသူများရှိပါသည်။

ကမ္ဘာ့တတိယ နိုင်ငံများ၏ အဓိက ပြဿနာ
က ခေါင်းဆောင်များ သည်  ကိုယ်ကျင့်တရား
နှင့်  တိုင်းပြည်ကို မတည်ဆောက်ပဲ ကိုယ်ကျိုး
အတ္တ တွေ နှင့်  တိုင်းပြည်တည်ဆောက်ကြသည့်
အပြင် ကိုယ်အာဏာရရှိဖို့ အရေး နိုင်ငံကြီးများ
၏ သြဇာ အာဏာ အရိပ်အာဝသ ကို မှီခို ခဲ့ခြင်း
ကြောင့် တစ်ဖက်နိုင်ငံကြီးများ၏ အလို ကို ကပြ
ကြရသဖြင့် တိုင်းပြည်နှင့် ပြည်သူ လူထု မှာ
အတိဒုက္ခ ရောက်ကြရပါသည်။

ဤနေရာ တွင်  ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်တစ်ချို့  ဘာကြောင့် အာဏာရှင်ဖြစ်​ချင်ကြသလဲ။ဘာကြောင့် တိုင်းပြည်ပြိုကွဲ ပျက်စီးရသည်အထိ
ဖြစ်ရသလဲ ဆိုသည် က သာမာန်တိုက်ဆိုင်မှု မဟုတ်တော့ ၍ စိတ်ဝင်စားစရာ ကောင်းလှပါသည်။မြန်မာနိုင်ငံ တွင် လည်း ငြိမ်းချမ်းရေး နိုဗယ်ဆု က အထက်မှာ ဆိုခဲ့သလို အလားတူ
ဒုက္ခမျိုးစုံ ပေးခဲ့သည် ကို လေ့လာကြည့်တွေ့ရမည်ဖြစ်ပါသည်။မိခင် ဖြစ်သူ ဒေါ်ခင်ကြည် နေမကောင်း ၍ မြန်မာပြည်သို့ ပြန်ရောက်လာသည့်
ဒေါ်စုကြည် ၏ မူလ ဘဝ သာမာန် ထက်မပိုခဲ့။
သတင်းထောက်တွေ ကို လည်း နိုင်ငံရေး ကို စိတ်မဝင်စား ကြောင်း နှင့် သားနှစ်ယောက် ပညာရေး
အတွက် ဗြိတိန် ကို ပြန်မည်ဟု တရားဝင်ထုတ်ပြောခဲ့သော ဒေါ်စုကြည် သည် ၈၈ သမိုင်းတကွေ့မှာ ဘူမသိ ကိုးမသိ နှင့် နိုင်ငံရေး စင်မြင့်ပေါ်ကို
ရောက်ခဲ့ပါသည်။

ထိုမှ သည် သိုင်းဝတ္ထုထဲကပြောသလိုပါပဲ။မည်သည်မည်ဖုံလုပ်လိုက်မသိဘဲ
၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဗယ်ဆု ကို ရခဲ့ပြန်သည်။သေချာသည် က ဘာလုပ်ဆောင်ချက်မှ မယ်မယ်ရရ ပြစရာမရှိပဲ နေ့ချင်းမွေး ချက်ခြင်းကြီးလာခဲ့ခြင်း သည် အမေရိကန် နှင့် အနောက်အုပ်စု တို့ မြန်မာ့နိုင်ငံရေး အတွက် အသုံးချဖို့ မွေးထုတ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
အကယ်၍သာ နိုဗယ်ဆု နှင့် ထိုက်တန်သူဆိုပါက
၁၉၈၈ ခုနှစ် မှာ လူသတ်ပွဲ ကြီး မင်းမဲ့စရိုက်ကြီး
ဖြစ်လာခဲ့မည်မဟုတ်။သူ့စကားကြောင့် သူ့စွမ်းဆောင်ချက်ကြောင့် ငြိမ်းချမ်းသွားခဲ့မည်ဆိုလျှင်
တပ်မတော် လည်း နိုင်ငံတော် အာဏာယူခဲ့ရမည်
မဟုတ်ပေ။ဘယ်လို မှ ထိန်းနိုင်မရ သိမ်းမရသည့် ၁၉၈၈ အခြေအနေ ကြောင့် တပ်မတော် အာဏာယူခဲ့ရခဲ့ရခြင်းသာ ဖြစ်ပါသည်။

သမိုင်းတစ်ဘက် ပြန်လည်သွားရသည့် ယနေ့ကာလ တပ်မတော် အာဏာထိန်းခဲ့ရမှု သည် လည်း ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်စုကြည် သည် တစ်ပါတီအာဏာရှင် စနစ် ပုံစံအကောင်ထည်ဖော်ဖို့ ကြိုးပမ်းလာခြင်း နိုင်ငံအာဏာကို
မသမာသည့်နည်း နှင့် ရယူဖို့ ကြိုးပမ်းခဲ့ခြင်း
ကြောင့် ပင်ဖြစ်ပါသည်။ဒေါ်စုကြည် ၏ အတ္တ
နှင့် ဆွေးနွေးညှိနှိုင်းမှု ဟူသော နိုင်ငံရေး ယဥ်ကျေးမှု မရှိခြင်း ကြောင့် ယခုအခါ နိုင်ငံတော်
မတည်မငြိမ်ဖြစ်နေရပါသည်။အပေါ်ယံအား
ဖြင့် ကြည့်လျှင် ဒေါ်စုကြည် ခေါင်းမာသည် ဟု
မြင်စရာ ရှိသော်လည်း နောက်ကွယ်မှာ နိုဗယ်ဆု
နှင့် မည်ရွေ့ မည်မျှ လောက်အထိ ချည်နှောင်ခံထားရသည် ကို သာမာန်လူများ သိနိုင်မည်မဟုတ်ပေ။ထို့ကြောင့် ငြိမ်းချမ်းရေး နိုဗယ်ဆု ဟူသည် က အနောက်အုပ်စု ၏ လက်နက် တစ်ခု
သဖွယ် ဖြစ်နေပါတော့သည်။

ထို့အပြင်  ၂၀၁၃ ခုနှစ် တပ်တွေ လိုင်ဇာတံခါးဝ ကို ခေါက်ခါနီး မှ ပြန်လှည့်လာဖို့ အမိန့်ပေး
ခဲ့သည့်  သမ္မတဦးသိန်းစိန် သည် လည်း နိုဗယ်ဆု
အပေါ် တိမ်းညွတ်သွားခဲ့သလား ဟု ပင် ခန့်မှန်းယူဆကြသူများ ရှိပါသည်။အကျိုးဆက် က AA ပေါ်လာခဲ့သလို ယနေ့ PDF တွေ ကို ပါ KIO KIA မွေးထုတ်ပေးခဲ့သည်မှာ တိုင်းပြည် များစွာနစ်နာရပါသည်။

နိုဗယ်ဆုအကြောင်း ပြောလျှင် ၁၉၇၅ ခုနှစ်
ဗီယမ်နမ် စစ်ပွဲပြီးတော့ အမေရိကန် နှင့် အနောက်အုပ်စု များသည်   အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟင်နရီကင်ဆင်ဂျာနှင့် ဗီယက်နမ်နိုင်ငံခြားရေး ၀န်ကြီးလီဒတ်သို တို့ကို ငြိမ်းချမ်းရေး နိုဗယ်ဆု ပူးတွဲ ပေးခဲ့သည် ကို သတိရမိပါသည်။၁၉၅၅ မှ ၁၉၇၅ အထိ ဗီယမ်နမ် စစ်ပွဲအတွင်း အမေရိကန် တို့ လူ့အခွင့်အရေးများစွာ ချိုးဖောက်ခဲ့ပါသည်။ဗုံးတန်ချိန် ၇၆၆၂၀၀၀ ထိ ကျဲချခဲ့ပါသည်။အဆိုပါ ဗုံးတန်ချိန်ပမာဏ သည် ဒုတိယကမ္ဘာစစ်တစ်ခုလုံး အသုံးပြုသည့် ဗုံးပမာဏ၏ သုံးဆရှိခဲ့ပါသည်။

ထို့အပြင် အမေရိကန်တပ်များ က Agent Orange အပင်သတ်ဆေး(ဓာတုဆေးရည်)တွေကို လေကြောင်းကနေ ကြဲချခဲ့ပါသည်။ထိုသို့
ကြဲချမှုကြောင့် သစ်ပင်သီးနှံစိုက်ပျိုး ဧက သန်းပေါင်းများစွာ ပျက်စီးခဲ့ရသလို အဆိပ်ဖြစ်စေသည့် ဓာတုအမှုန့်တွေကို ထိတွေ့ ရှူရှိုက်မိသူတွေမှာလည်း နောက်မျိုးဆက်တွေအထိ ကျန်းမာရေး ထိခိုက် မှုတွေ ကြုံတွေ့ခဲ့ကြပါသည်။ အသက်ရှူလမ်းကြောင်းမှာဖြစ်သည့် ကင်ဆာရောဂါ၊ ဆီးချိုရောဂါ စ သော ရောဂါတွေအပြင် မွေးလာသည့် ကလေးတွေမှာ ကိုယ်လက် အင်္ဂါချွတ်ယွင်းတဲ့ အထိ ဖြစ်ခဲ့ကြရပါသည်။ထိုကဲ့သို့ လူမဆန်စွာ ရက်ရက်စက်စက် အကြမ်းဖက်မှု များကို အရှက်ပြေဖုံးကွယ် လိုသဖြင့် နိုင်ငံခြားရေးဝန်ကြီးနှစ်ယောက်ကို ငြိမ်းချမ်းရေး နိုဗယ်ဆု ပူးတွဲပေးအပ်ခဲ့ပါသည်။ထို့ကြောင့် ဗီယမ်နမ်နိုင်ငံခြား ရေး ဝန်ကြီး လီဒတ်သို က အနှောင်းအဖွဲ့မကင်းဘဲ သူ့နိုင်ငံကို ဒုက္ခပေးခဲ့သည့်  ဤငြိမ်းချမ်းရေး နိုဗယ်ဆု ကို သူမယူ နိုင်ဖူး ဟု  ဆိုကာ ငြင်းပယ်ခဲ့ပါသည်။

တကယ်တော့ ငြိမ်းချမ်းရေး နိုဗယ်ဆု ဆိုသည်မှာ
တတိယ ကမ္ဘာစစ်ဖြစ်တော့မည့် ကျူးဘားဒုံးပျံ
အရေးအခင်း ကို ပြေလည်အောင် ဖြေရှင်းပေးခဲ့
သည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်
လို သူမျိုးကို မပေးဘဲ ဘာစွမ်းဆောင်ရေမှ
မယ်မယ်ရရ မပြနိုင်သည့် သူမျိုးကို ပေးအပ်ခဲ့သည် ကို ကြည့်လျှင် အနောက်အုပ်စု အလိုကျ
နိုင်ငံရေး လက်နက် တစ်ခု ဖြစ်နေသည်က ငြင်းမရပေ။CIA ၏ နိုဗယ်ဆုရှင်ရုပ်သေးအစိုးရ အာဏာ မရ သရွေ့ကတော့ အဆိုပါ တိုင်းပြည် ပျက်စီးစေရမည်  ဆိုသည့်ပုံစံမျိုးဖြင့် ထိုးနှက်တိုက်ခိုက် လျက်ရှိနေသည် ကို  လက်ရှိမြန်မာပြည် အခြေအနေ ကြည့်လျှင် လည်း သိပါလိမ့်
မည်။ထို့ကြောင့် ငြိမ်းချမ်းရေးနိုဗယ်ဆုများ နှင့်
သင်းသက်ခံနေရသည့် တိုင်းပြည်မဖြစ်စေဖို့
မိမိတို့ပြည်သူလူထု အနေဖြင့် နိုင်ငံရေး အသိ အမြင် ​ကြွယ်ဝစွာ သိရှိနားလည် သွားကြရန်
လိုကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

စာကိုး
ဗိုလ်မှူးကြီးမြင့်အောင် ( နိုင်ငံတော်ကာကွယ်
ရေး တက္ကသိုလ် ) ၏ စစ်မဟာဗျူဟာအမြင်
လက်တလောနိုင်ငံတကာသတင်းများ
Wekipedia

အောင်နိုင်သူ ( ဇွဲကပင်)

Post a Comment

Previous Post Next Post