ပြည်သူသိစေချင်လို့ပါ။(၁)
🇲🇲🇲🇲🇲🇲
Nldအစိုးရလက်ထက်က
ဗုဒ္ဓဘာသာဟာ အနှိမ်ခံဘဝ
မှာ ရှိခဲ့တယ်ဆိုတာ အရင်
အစိုးရတွေလို ချီးမြောက်ဖို့
ဦးစားပေးဖို့ဝေးစွ အိမ်ရှင်
အခွင့်အရေးနဲ့ ဒီမိုကရေစီ
သေဘာသဘာဝအရ
လူများစု အခွင့်အရေးတောင်
မရဘူးဆိုတာ သိစေချင်လို့ပါ။
NLDအစိုးရတက်ခဲ့ပြီးနောက်
ပထမဦးဆုံး ဘာစလုပ်လဲဆိုတော့
နိုင်ငံပိုင်သတင်းစာထဲက
ဗုဒ္ဓရဲ့အဆုံးအမ ဩဝါဒ
ဓမ္မပဒဂါထာတွေ မြန်မာပြန်တွေ
စဖြုတ်တာပါပဲ။
ဝန်ကြီးချုပ်အကြောင်းပြတာ
ကတော့ တခြားဘာသာဝင်တွေ
ကို ချိုးနှိမ်ရာရောက်မှာစိုးလို့ဆိုတဲ့
အကြောင်းပြချက်ရှိတာပေါ့။
အဲ့ဒီထက်ပိုဆိုးတာက
အစိုးရဌာနဆိုင်ရာတွေမှာရှိတဲ့
စာသင်ကျောင်း
ရုံးခန်းတွေမှာ ဘုရားစင် ဘုရားခန်း
ဘုရားဆောင် ဗုဒ္ဓရုပ်ပွားတော်တွေ
မထားသင့်ဖူး။ ဘာကြောင့်လဲဆို
တော့ မြန်မာပြည်ဟာ ဘာသာတစ်
ခုတည်းရှိတဲ့ တိုင်းပြည်မဟုတ်ဘူး
ဘာသာပေါင်းစုံရှိတယ်။
အဲ့လိုအတင့်ရဲလာတယ်။
အဲ့ဒီနောက်ပိုင်းကျတော့
အစိုးရစာသင်ကျောင်းတွေမှာ
ဆရာတော်သံဃာတော်တွေ
တရားပွဲမရှိတော့ဘူး။
ပိတ်လိုက်တယ်။
သီတဂူဆရာတော်ကြီးတို့
တောင်မှ စာသင်ကျောင်းမှာ
တရားဟောခွင့် မရတော့တဲ့
အဆင့်၊ တရားပွဲကျင်းပခွင့်
မရတော့တဲ့အဆင့်ထိအောင်
ဖြစ်သွားတယ်။
နောက်တခုကျတော့
ဘကကျောင်းတွေကို ဖြိုမယ်
ဆိုလုပ်ပြန်ရော။ လွှတ်တော်မှာ
အဆိုတင်သွင်းခဲ့တယ်။
အဆိုတင်တဲ့သူကတော့
ဘုန်းတော်ကြီးတွေဟာ
ပရိယတ္တိ၊ ပဋိပတ္တိ အပြည့်
အဝမလုပ်နိုင်တော့တဲ့အတွက်
ကြောင့် ဘုန်းတော်ကြီးတွေ
ပရိယတ္တိ ပဋိပတ္တိ အပြည့်
အဝလုပ်နိုင်အောင်ဆိုပြီးတော့
စကားလုံးလှလှလေးတွေနဲ့
ဘကကျောင်းတွေကိုဖျက်ဖို့
လုပ်တာပေါ့။
နောက်ကန့်ကွက်သူများတဲ့
အတွက်ကြောင့် ဥပဒေနဲ့လုပ်
လို့မရမှန်းသိတော့ အမိန့်အာ
ဏာသုံးပြီး ဘကကျောင်းတွေ
တိုးချဲ့မယ်ဆိုရင် တိုးချဲ့လို့မရ
အောင် စည်းမျဉ်းစည်းကမ်း
တွေ ထုတ်လိုက်တယ်။
နောက် ဘကကျောင်းတွေလဲ
အသစ်လျှောက်လို့မရတော့ဘူး
မူလတန်းကနေ မူလွန်ကို တင်လို့
လည်းမရတော့ဘူး။
ရှမ်းပြည်နယ်က ဘကကျောင်း
၅၀လျောက်ထားတာ
ပြန်စုံစမ်းပြီးတင်ပြရန်ဆို
ပယ်ချခံခဲ့ရတယ်။
နောက်တစ်ခုက
ဘာသာပေါင်းစုံဆိုပြီးလုပ်တယ်။
နိုင်ငံရေးအမြတ်ထုတ်တာပါပဲ။
တချို့ဆို ကိုရင်လေး သီလရှင်
လေးတွေ အောက်က၊ ကုလား
က ထိုင်ခုံပေါ်က တွေ့ရတယ်။
ဝန်ကြီးဌာန အစိုးရဌာနတွေမှာ
ဆွမ်းကပ်ခွင့်မပြု၊ အလှူတန်း
လုပ်ခွင့်မရှိဘူး။ သူတို့အကြောင်း
ပြတာကတော့ ဘာသာပေါင်းစုံ
ရှိတဲ့အတွက်ကြောင့်
ဗုဒ္ဓဘာသာတစ်ခုတည်းကို
ထူးပြီးတော့ အခွင့်အရေးမပေး
နိုင်ဘူးပေါ့။
Nldက ဗုဒ္ဓဘာသာကို
တမင်တကာ နှိမ့်ချဖို့
အစိုးရတက်လုပ်ခဲ့တာလား။
အချို့လွှတ်တော်အမတ်တွေ
ကလည်း ဘာသာကြီးတစ်ခု
တည်း ကြီးစိုးနေတာ ကျမက
မကြိုက်ပါဘူးတို့ပေါ့။
သီရိလက်ာမှာသွားကြည့်ပါ။
ဗုဒ္ဓဘာသာကို ဘယ်လို
အလေးပေးထားလဲဆိုတာ
တွေ့ရပါလိမ့်မယ်။
#ကမ္ဘာကျော်ဆရာတော်ရုပ်သံမှ
#
Post a Comment