မနက်ဖြန်များစွာ ...

#မနက်ဖြန်များစွာ .......

သူတို့ရဲ့ မနက်ဖြန်အတွက် ....
ဒီနေ့မှာ ပူဆွေးသောကတွေနဲ့ ....
ထမင်း တစ်လုပ်ကို ၀င်အောင်စားနေရတာ သိရဲ့လား .....

နေ့ရောညပါ .....
ခင်ပွန်းသည်အတွက် ဘုရားရှေ့မှာ ........
ဆုတောင်းနေရတာ သိရဲ့လား .........

သားသမီးငယ်တို့ကို .......
ညစဉ်ညတိုင်း ဖခင်မရှိတဲ့ ဘ၀ကို ရင်ဆိုင်ရဲဖို့ .......
သူရဲကောင်းပုံပြင်တွေနဲ့ ချော့သိပ်နေရတာ သိရဲ့လား .....

လင်ယောက်ျားအတွက် ပူပင်နေတဲ့အချိန်မှာ ........
နောက်တန်းကျန် ရဲမေတွေရဲ့ ......
လူမှုအကျိုးပြုလုပ်ငန်းတွေနဲ့ လုံးပန်းနေရတာ သိရဲ့လား .....

ဒါဘာ တက်လိုက်၊ စည်းကော်တက်လိုက်နဲ့ .......
ရှေ့တန်းက ယောက်ျားစစ်သည်ကို ........
တမ်းတနေရတာ သိရဲ့လား .......

ဒုက္ခသည် လင်ယောက်ျားဖြစ်ခဲ့ရင်တောင် ......
သူနဲ့ သားသမီးတွေ အတွက် ......
ဘ၀ကို ဘယ်လိုရင်ဆိုင်ရမလဲလို့ အမြဲတွေးနေတာ သိရဲ့လား .......

ဘ၀ရဲ့ အခြောက်ခြားဆုံး အချိန်ကိုပြောပြပါဆိုရင် .....
သူ့ရဲ့ ကျောပိုးအိတ်ကို ပြင်ပေးနေရတဲ့ အချိန်လို့ ......
တညီတညွတ်တည်း ဖွင့်ဟ ကျမယ်ဆိုတာ သိရဲ့လား .......

ဘ၀ရဲ့ အချိုမြိန်ဆုံး အချိန်တွေကို ပြောပြပါဆိုရင် ......
ကိုယ်ကိုင်ထားတဲ့ သပြေခတ်ကို သူ့လက်ထဲကို ထည့်ပေးနိုင်တဲ့ အချိန်လို့ ......
တညီတညွတ်တည်း ဖွင့်ဟ ကျမယ်ဆိုတာ သိရဲ့လား .......

မင်းတို့သိရဲ့လား .......
သူတို့တွေရဲ့ မနက်ဖြန်များစွာဟာ .....
တုန်လှုပ်မှုတွေ အပြည့်နဲ့ဆိုတာလေ .......

မိန်းကလေး တစ်ယောက်အတွက် .....
ယောက်ျား တစ်ယောက်ကို လက်ထပ်ပြီးချိန်ကစ .....
သက်ဆုံးတိုင်ထိ လိုအပ်ဆုံးက .....
ထိုယောက်ျားရဲ့ ကာကွယ်စောင့်ရှောက်၊ ဦးဆောင်မှုပါ ........ ။

စာနာစိတ်နဲ့ ....
၀မ်းနည်းကြောင်း သ၀ဏ်လွှာကို ပေးပို့တက်ပါစေ ......
တပ်မတော်သားတို့၏ ပါရမီဖြည့်ဖက်များအား

လေးစားသောအားဖြင့် ......
#crd 
#yyh

Post a Comment

Previous Post Next Post