တိုးတက်လာတဲ့နည်းပညာနဲ့ အကြမ်းဖက်တိုက်ဖျက်​ရေးဥပ​ဒေ

လမ်းသွားလာရင်း ဖုန်းထဲက ဖေ့ဘုတ်ကိုစစ်လို့  အကြမ်းဖက်မှုကို ထောက်ခံ လှုံဆော်ထားတွေကို ကျူးလွန်ထားတာတွေ့ရင် အရေးယူခံရပါတော့မယ်
ဖုန်းထဲက ဖေ့ဘုတ်ကိုစစ်လို့ အကြမ်းဖက်မှုနဲ့သက်ဆိုင်တဲ့ Post တွေကို Like , Share and Comment ပြုလုပ်ထားတာ တွေ့ရှိရင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပါတော့မယ်

ဖေ့ဘုတ်ရဲ့  Setting ထဲက Activities Log ထဲမှာ Like , Share and Comment လုပ်ခဲ့တာတွေကို အလွယ်တကူရှာဖွေဖော်ထုတ်လို့ ရနိုင်ပါတယ်

ဟန်ပြ အကောင့်အတု လုပ်ထားရင် အပြစ်ပိုကြီးပါမယ် ဟန်ပြ အကောင့်အတုမှန်း သိစေနိုင်သော အချက်များ
(က) မကြာခင် ကာလကမှ အကောင့် စတင်ဖွင့်ထားခြင်း
(ခ) အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်သည် မိမိ နာမည် နှင့် မှတ်ပုံမတင်ထားခြင်း
(ဂ) Friend မများခြင်း
(ဃ) Friend များနှင့် Comment များ Chatbox များတွင်  အပြန်အလှန်ဆက်သွယ်ပြောထားခြင်းများ မရှိခြင်း

အကြမ်းဖက် လှုံ့ဆော်ဖို့ အတွက် Dual App, Parallel Space တွေသုံးပြီး ဖေ့ဘုတ်  အကောင့်ခွဲသုံးတာတွေကိုလဲ ရှာဖွေဖော်ထုတ် အရေးယူပါတော့မယ်

App Vault တွေအသုံးပြုပြီး App တွေကိုဖွက်ထားလို့ ရှာဖွေတွေ့ရှိခဲ့ရင် ပိုမိုကြီးလေးတဲ့ ပုဒ်မနဲ့ အရေးယူခံရနိုင်ပါတယ်

Signal,  Whatsup, Messenger,  Instagram, Snapchat, Twitter,  Tiktok Message တွေအထိရှာဖွေဖော်ထုတ် အရေးယူသွားတော့မှာပါ

ခုချိန်မှာ လူ့အသက်အန္တရာယ် နှင့် သက်ဆိုင်တဲ့ အကြမ်းဖက် လှုံဆော်မှုတွေကို ဖေ့ဘုတ်မှာ ဆက်မလုပ်ကြဖို့ တိုက်တွန်းပါတယ်ဗျာ
#Banyunt

Post a Comment

Previous Post Next Post