ပြည်သူတစ်ဦးအနေဖြင့် ရိုးရိုးသားသားပြောပြတာပါ

တပ်မတော်ကို ထောက်ခံသလို ယနေ့တပ်မတော်ခေါင်းဆောင်ကိုလည်းထပ်တူယုံကြည်ထောက်ခံတယ်။
ဒါက ပြည်သူတစ်ဦးအနေဖြင့် ရိုးရိုးသားသားပြောပြတာပါ။
နိုင်ငံသားတစ်ဦးချင်းအပေါ် အဖွဲ့အစည်းတစ်ခုချင်းစီအပေါ် အရာခပ်သိမ်းပြည့်စုံအောင် ကမ္ဘာ့သမိုင်း မြန်မာ့သမိုင်းမှာ ဘယ်ခေါင်းဆောင်ကမျှ မဖြည့်ဆည်းပေးနိုင်ဘူး။
ယနေ့တပ်မတော်ခေါင်းဆောင် သည် 
နိုင်ငံတော်နှင့်နိုင်ငံသား အများစုထပ်တူကျနေခြင်းမရှိတဲ့အနေအထားအပေါ်မှာ ထပ်တူကျအောင် ညှိပြီးလုပ်ဆောင်နေတာ အင်မတန်ခက်ခဲပင်ပန်းမယ်လို့ ယူဆပါတယ်။ ဒါေပမယ့် ဒါကို ဤလူကလွဲပြီး ဘယ်သူကများ သူ့နီးနီး သူ့တဝက် လုပ်နိုင်မယ့်သူရှိတယ် လို့ပြောရဲသလဲ ။ အချို့အရာတွေက အငိုလွယ်ပြီး အရှိုက်ခက်လှတယ်။ မိဘအရွယ် ဤလူကြီးကို ကြည့်ပြီး အကြိမ်ကြိမ်အခါခါ အသက်ရူ ကျပ်ရပါတယ်။
အာဏာအတွက်လို့ လက်ညှိုးထိုးစွပ်စွဲနေကြသူတွေတစ်ခုလောက်စဉ်းစားရမှာက ကိုယ်သာဆိုရင် အာဏာအတွက် ဒီလောက်ကြီးမားတဲ့စိန်ခေါ်မှုကို လုပ်မှာလား ။ 
အဲဒါကို မိမိကိုယ်တိုင်အဖြေထုတ်လိုက်ပါ။ 

ဒီလိုပြောလို့တမျိုးမထင်ပါနှင့်။
သွားချင်ရင် ခရီးနီးပေမယ့် တခါမှတောင်
စိတ်ကူးနှင့်တောင် မသွားခဲ့ဘူး။

နိုင်ငံအတွက် ပြည်သူအတွက် စကားတွေအများကြီးပြောနေတဲ့အလုပ်တွေ မရပ်မနားလုပ်နေတဲ့
စစ်သားကြီးကို မြင်တွေ့ရတဲ့အခိုက်အတန့်တွေမှာ အလေးအနက်ဆုတောင်းမိတယ်။

အောင်မြင်ပါစေရှင်။
ဤခရီးနီးနေပါပြီရှင်။

ဆဲချင်လည်း ဆဲကြပါ။
တခါတလေတော့ ကိုယ်ပိုင်အတွေးကို 
ပြောခွင့်ပြုပါရှင်။

Post a Comment

Previous Post Next Post