သြဇာမခံရင် အာဏာရှင်

ပထမမြန်မာနိုင်ငံကိုတည်ဆောက်ခဲ့တာ
စစ်ဘုရင် အနော်ရထာ!

  ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်တာက
ဘုရင့်နောင်ကျော်ထင်နော်ရထာ!
_
  တတိယမြန်မာနိုင်ငံကိုတည်ထောင်တာက
အလောင်းဘုရားဦးအောင်ဇေယျ!
_
  စတုတ္ထမြန်မာနိုင်ငံတော်ကိုကြတော့
ဗိုလ်ချုပ်အောင်ဆန်းက
လွတ်လပ်ရေးမှာဦးဆောင်ပါဝင်တယ်
ဒါပေမဲ့
လွတ်လပ်ရေးမရသေးခင်လုပ်ကြံခံရတယ်
ဗြိတိသျှလက်အောက်ကလွတ်မြောက်ပေမဲ့
နိုင်ငံတော်ကိုပြန်မထူထောင်ရသေးဘူး
_
  ပါတီတွေအကွဲအပြဲတွေရယ်
တိုင်းရင်းသားတွေလက်နက်ကိုင်တော်လှန်
တာတွေရယ်နဲ့
ဖဆပလ ဝန်ကြီးချုပ်ဦးနုလက်ထက်မှာ
တိုင်းပြည်ဟာမငြိမ်သက်ခဲ့ဘူး
ပြည်တွင်းစစ်တွေဖြစ်ကြတယ်
ပါတီတွေTတ်ကြဖြတ်ကြတယ်
_
  1962 March လမှာ
ဗိုလ်ချုပ်ကြီးနေဝင်းက
အိမ်စောင့်အစိုးရဖွဲ့ပြီးအာဏာသိမ်းပြီးမှ
တိုင်းပြည်ကိုထူထောင်ခဲ့ရတယ်
_
  1988 အရေးခင်းကြီးပေါ်လာပြီး
မဆလအစိုးရကိုဖြုတ်ချကာ
နိုင်ငံတော်ဟာ
မင်းမဲ့တိုင်းပြည်ဖြစ်ခဲ့ပြန်တယ်
ဘယ်သူတွေလုပ်ခဲ့ကြတာလဲဆိုတော့
နိုင်ငံရေးသမားတွေ!
_
  အဲဒီမှာတပ်မတော်ကအာဏာသိမ်းခဲ့ရတာ
၁၉၈၈ မှ ၂၀၁၀ အထိဆိုတော့ ၂၂ နှစ်ပေါ့
အကြမ်းဖက် လူTတ်မီးရှို့မှုတွေနဲ့
ပြည်ပကဝင်တိုက်မဲ့အခြေနေတွေအားလုံးကို
ငြိမ်ဝပ်ပိပြားအောင်လုပ်နှိုင်ခဲ့တယ်
တိုင်းပြည်ကို
ခေတ်မီနိုင်ငံဖြစ်အောင်ပြန်တည်ဆောက်ပြီး
EAOsတွေနဲ့
ငြိမ်းချမ်းရေးတွေရယူကာ
ပါတီစုံဒီမိုကရေစီပေးခဲ့ပါတယ်
_
  နောက်ပိုင်းတွေကအားလုံးသိကြပါတယ်
_
  ဒီသမိုင်းတွေကိုပြန်ကြည့်ရင်
တိုင်းပြည်တည်ဆောက်ခဲ့သူတွေမှန်သမျှ
စစ်ခေါင်းဆောင်တွေချည့်ဘဲဆိုတာ
တွေ့ရမှာပါ
_
  ၂၀၁၀မှာ
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ
နိုင်ငံတော်ဟာ
ကမ္ဘာကအံ့သြယူရလောက်အောင်
ဖွံ့ဖြိုးတိုးတက်ခဲ့တာငြင်းမရပါ
_
  ၂၀၁၅မှာ
အနောက်အုပ်စုကမွေးထားကြတဲ့
nldပါတီဟာ 
Popular ဖြစ်ပြီးအာဏာရခဲ့တယ်
Popular ဖြစ်အောင်လဲ
သူတို့ဘဲအစစ မြှောက်စားခဲ့ကြတာပါ
စိန်နားကပ်ပန်ပေးပြီး
မိတ်ကပ်လိမ်းပေးကြတာပေါ့
အဲဒီမှာပျက်တော့တာပါဘဲ
_
  ဆိုတော့ကာ
တိုင်းပြည်တည်ဆောက်ခဲ့ကြတဲ့သူတွေကို
အာဏာရှင်တံဆိပ်ကပ်ခဲ့တာလဲ
အနောက်အုပ်စုတွေပါဘဲ
ဒေါ်စုကိုသြဇာခံမွေးပြီး
စိန်နားကပ်ပန်ပေးခဲ့တာလဲသူတို့ဘဲ
_
  ဆက်တွေးလို့ရနှိုင်ပါတယ်
နီပိန်းတွေကိုပြောတာပါ
အခုအနောက်အုပ်စုတွေက
ဇော်ဝေစိုး၊ဆာဆာ၊ရည်မွန်၊မင်းကိုနိုင်
ပန်ဆယ်လိုတို့လို
နိုင်ငံကိုသစ္စာဖောက်ကြသူတွေကိုမွေးထားတာ
မြင်သိပြီးသားပါ
ဝ,လုံးတို့ပါသေးတယ်နော်
_
  သမိုင်းတွေကို
ပြောင်းပြန်လုပ်လား မလုပ်လား
လက်ရှိသတင်းရေးတာတွေကိုကြည့်ကြပေါ့

အကြမ်းဖျင်းဖော်ပြခြင်းပါ

Nanda Minlwin

Post a Comment

Previous Post Next Post