သမ္မတ ဦးထင်ကျော် နားသွားပြီး ဦးဝင်းမြင့် တက်လာတဲ့အချိန်က ရန်ကုန်မှာ ရိုက်ထားတဲ့ prank movie clip တစ်ခု တက်လာတာရှိတယ်...
နိုင်ငံတော် သမ္မတက ဘယ်သူလဲဆိုပြီး လိုက်ဗျူးတဲ့ clip..
ဘယ်လောက်ထိ ဆိုးရွားသလဲဆိုရင် ဂျပန်ဂတုံးကျ သိပြီး လက်ရှိသမ္မတကို မသိကြဘူး...
ဒီဘက်ခေတ်မှာနော်....
သီပေါနဲ့ စုဖုရား(လတ်) ပါတော်မူစဉ်ကဆို ပိုဆိုး...
အရှင်၂ပါးဆိုတာ ဖြူသလား မည်းသလားတောင်မသိကြဘူး...
အရှင်၂ပါးကို အရမ်းတွေချစ်နေရင် ဂေါဝိန်ဆိပ်ဆင်းတဲ့ လမ်းမှာတင် ကုလားဖြူတပ်ကို လူအုပ်နဲ့ ဖိသတ်လို့ရတယ်...
တကယ်တမ်းကျ အဲ့လိုမဟုတ်ခဲ့ဘူး...
အဖြစ်မှန်က နန်းတွင်းမှာ သူ့တပည့် ကိုယ့်တပည့် သူ့ငယ်ကျွန် ကိုယ့်ငယ်ကျွန် သူ့မင်းသား ကိုယ့်မင်းသားတွေ ကွဲနေပြီး အကွက်ချောင်းနေတဲ့ ဝန်ကြီးတွေလည်း အများကြီး...
အရှင်၂ပါးဆိုပြီး ဘယ်သူမှ သည်းသည်းလှုပ် ဖြစ်မနေဘူး...
ညောင်ရမ်းပဲ ဘုရင်ဖြစ်မလိုလို ညောင်အုပ်ပဲ ဘုရင်ဖြစ်မလိုလို False Hope တွေနဲ့ရယ်...
ရတနာဂီရိကို အတူပါသွားမယ့် မင်း၂ပါးရဲ့ အချစ်တော်တွေ ပွဲပျက်နေချိန်မှာ နန်းတွင်းထဲက အဖိုးတန်ပစ္စည်းတွေကို ကုလားဖြူတွေ မဦးခင် သူ့ထက်ငါ လက်ဦးမှုယူပြီး ဘတ်ပြေးတဲ့ သူတွေချည်း...
အပြင်ရောက်နေတဲ့အဖွဲ့တွေကလည်း အဲ့အခြေအနေမှာ တောကြောင်လက်ခမောင်းခတ်ဖို့ အောင်ဇေယျထုံး နှလုံးမူပြီး တစ်စင်များ ထောင်နိုင်မလားဆိုပြီး လူသူလက်နက်ပြန်စုကြတာ..
ဗိုလ်လုပ်ဖို့ ကုလားဖြူတပ်တွေကို ခံချတာ...
ဒီဘက်ခေတ်မှသာ လူကြားကောင်းအောင် သူ့ကျွန်မခံပြီဆိုပြီး သမိုင်းလိမ်ရေးကြတာ...
အခုလည်း ဘာမှမထူးဘူး...
စစ်ကိုင်းတိုင်းမှာ ဖြစ်နေတာက ဒီအတိုင်းပဲ...
ဗိုလ်ရူးပြီး ဗိုလ်သင်တန်းမတက်လိုက်ရတဲ့ နဂါးလိုကောင်မျိုးတွေက တပ်ချထားတာ ကျဲပါးမှုကို အခွင့်ကောင်းယူပြီး အာဏာရှင်ဆန့်ကျင်ရေးခေါင်းစဉ်တပ်လို့ တောကြောင်ထတဲ့အဆင့်ပဲ...
KIA ကလည်း နယ်မြေချဲ့ချင်လို့ အကွက်ချောင်းနေတာနဲ့ အတော်ဖြစ်သွားပြီး PDF အရေထခြုံတာ...
CNF လည်း ဒီအတိုင်းပဲ...
KNU လည်း ထိုနည်းလည်းကောင်း...
ကယန်းလည်း ထိုနည်းလည်းကောင်း...
ဒေါ်စုကို အရမ်းတွေချစ်နေမှတော့ ပြီးခဲ့တဲ့ ၅နှစ်မှာတင် အကြွင်းမဲ့ လက်နက်စွန့်ကြလို့ မြန်မာပြည်ကြီး ငြိမ်းချမ်းနေတာ ကြာပြီ...
ဒေါ်စုရဲ့ ၂၁ပင်လုံလည်း ၂၁ပလုံ ဖြစ်စရာအကြောင်းမရှိဘူး...
ပြီးတော့ PDF တွေကို သင်တန်းပေး လက်နက်ပေး ကိုယ်တိုင်လည်း PDF အရေခြုံပြီး ဝင်တိုက်နေတဲ့အဖွဲ့တွေကို ကြည့်လိုက်ရင် ခရစ်ယာန်ကိုးကွယ်တဲ့ CIAတပည့်တွေချည်း...
မြန်မာပြည်ကြီးကတော့ ပညာအရည်အချင်းနိမ့်တဲ့သူတွေ စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းပါးတဲ့သူတွေ များလာသရွေ့ ငြိမ်းချမ်းဖို့ လမ်းမမြင်လေပဲ...
#crd
Post a Comment