မြန်မာနိုင်ငံ စစ်အာဏာသိမ်းခံရတဲ့
တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့
ဒီကနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့က
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာရှိတဲ့
မြန်မာသံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
မနက် ၁၀ နာရီခွဲခန့်မှာ လူ ၄၀ လောက်
ဆန္ဒပြခဲ့ကြရာ ဆန္ဒပြပြီးတဲ့အချိန်လောက်မှာ
လူ ၃၀ ကျော်ကို မလေးရှားရဲတွေက ဖမ်းဆီး
သွားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
(မလေးရှားလွတ်မြောက်နယ်မြေ) ရုံးတာဝန်ခံ
ကိုစိုးထက်သိန်းရဲ့ ပြောကြားချက်အရသိရှိပါ
တယ်။
Post a Comment