#သွေးခွဲနိုဘယ်ဆု
ဆိုဗီယက်ပြည်ထောင်စုကြီးကိုဖြိုခွဲမယ့် ဂေါ်ဗာဂျော့ကို နိုဘယ်ဆုပေးတယ်၊
ဆိုဗီယက်တွေ နိုဘယ်ဆုဆိုရင်ရွံသွားကြတယ်၊
သွေးစည်းညီညွတ်နေတဲ့ မြန်မာနိုင်ငံကို နိုဘယ်ဆုရှင်ဆိုသူ ပြည်တော်ပြန်ဝင်လာတယ်၊
ဖြစ်လိုက်တဲ့စစ် ကွဲလိုက်တဲ့သွေး၊
နိုဘယ်ဆုပေးခံရတဲ့ ပုဂ္ဂိုလ်တွေကြည့်လိုက် တော်တော်များများက
အစိုးရအတိုက်ခံတွေ နိုင်ငံတော်သစ္စာဖောက်တွေကြီးပဲ၊
တစ်ယောက်ချင်းဆီရွတ်ပြနေရင်အချိန်ကုန်တယ်
Google မှာ Nobel Prize controversies လို့ရိုက်ရှာလိုက်၊
လူသတ်ကောင်တွေ၊ သစ္စာဖောက်တွေ၊ ဆူပူမှုဖန်တီးသူတွေ၊ နိုဘယ်ဆုရထားတာတွေ့ရလိမ့်မယ်၊
နိုဘယ်ဆုသာစေတနာမှန်ရင်
ပင်လုံစာချုပ်နဲ့လွတ်လပ်ရေးယူပေးတဲ့
ဗိုလ်ချုပ်အောင်ဆန်း နိုဘယ်ဆုရခဲ့လား
ကျူးဘားဒုံးပျံပြသနာ၊ ကွန်ဂိုပြည်တွင်းစစ်၊ ယီမင်အရေးခင်း၊ ဘာရိန်းအရေးအခင်း၊
အာရပ်အစ္စရေးစစ်ပွဲ၊ ပရာ့ဂ်နွေဦးတော်လှန်ရေး၊ ချက်ကိုဆလိုဗားကီးယားနိုင်ငံ သို့ ဆိုဗီယက်ကျူးကျော်မှု အရေးအခင်း၊
ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလွတ်လပ်ရေး ရရှိစေမည့် အိန္ဒိယပါကစ္စတန်စစ်ပွဲ
ဒါတွေကိုဖြေရှင်းပေးခဲ့တဲ့ ဦးသန့် ဘာလို့ နို့ဘယ်ဆုမရလဲ၊
မဟတ္တမဂန္ဓီဘာလို့နိုဘယ်ဆုမရလဲ၊
မိန်းမတွေနဲ့ပွေ ဝိနည်းကိုထင်သလိုလုပ်နေတဲ့ ဒလိုင်းဘားမား နိုဘယ်ဆုရတယ်၊
ကမ္ဘာပတ်ပြီး ငြိမ်းချမ်းရေး အမြိုက်ဆေးတိုက်ကျွေးနေတဲ့ ပါမောက္ခချုပ်ဆရာတော် တို့လို ထေရဝါဒစစ်စစ်တွေ ဘာလို့ နိုဘယ်ဆုမရလဲ၊
#စဥြးစားစဥြးစား...
အခုလည်း အကြမ်းဖက် လူသတ် အဖွဲ့ NUGကလူတွေကို နိုဘယ်ဆုဆန်ခါတင်စာရင်းထဲ ထည့်ထားတယ်ဆိုပဲ၊
ဦးဝင်းမြင့် ဦးထင်ကျော် တို့ကသုံးစားမရလို့ နိုဘယ်ဆုဆန်ခါတင်ထဲတောင်မပါတဲ့သဘောပေါ့ 😀
သေခြာပါတယ် ဆန်ခါတင်စာရင်းနဲ့ပဲပြုတ်ကျသွားမှာပါ၊
ဘာလို့လည်းဆိုတော့ မြန်မာ့အရေးထက်
ကမ္ဘာမှာရန်တိုက်ပေးစရာကြီးကြီးမားမားတွေရှိနေသေးတယ်လေ
အဓိကပြောချင်တာက နိုဘယ်ဆုဆိုတာ ဖောက်ခွဲရေးသမား အဲလ်ဖရက်နိုဘယ် ဆိုသူက သူ့သိက္ခာသူဆယ်ဖို့သက်သက်နဲ့ အစပြုပေးအပ်တဲ့ ဂျင်းကြီးပဲဆိုတာပဲ၊
#ThazinOo
Post a Comment