ပင်မရေသောက်မြစ်


လေးကေကော်မြို့သစ် ကို မြေလှန်ပြီး
တဲ့နောက် PDF တောင်ပိုင်း က စစ်ဦး
ကျိုးသွားခဲ့တယ်။ဒီနေရာမှာ စစ်ဦးကျိုး
တယ်ဆိုတာထက် အကြမ်းဖက်မှုတွေ
ဦးကျိုးသွားတယ် ပြောရင် ပိုမှန်ပါတယ်။

ဒီနေ့ဒီအချိန်ထိတော့ PDF တွေ ဟာ
စစ်နည်းဗျူဟာကျကျ စစ်တိုက်နေတာ
မတွေ့ရသေးပဲ အကြမ်းဖက် သတ်ဖြတ်
မှုတွေနဲ့ သာ နိုင်ငံတော် အုပ်ချုပ်မှု ယန္တယား
ကို ဖျက်ဆီးပစ်နေတာ တွေ့ရပါတယ်။

လေးကေကော် ဆိုတာက KNU ထိန်းချုပ်
ရာ KNDO တပ်ဖွဲ့နေထိုင်ပြီး လက်နက်
အရောင်းအဝယ်တွေ လုပ်တဲ့နေရာ ပါ။
ပြည်မထဲ က လူငယ်တွေ နဲ့ CDM တွေ ကို PDF
အဖြစ် မွေးဖွားပေးရာ ပင်မ ရေသောက်
မြစ်ကြီး ဖြစ်နေလို့ တပ်မတော် က မလွှဲ
သာတဲ့ အဆုံး သိမ်းပိုက်ပြီး မိမိအုပ်ချုပ်မှု
နေမြေ အဖြစ် ထူထောင်လိုက်တာမို့ အခုခါ
ရန်ကုန် ပဲခူး ဧရာဝတီ မွန် ကရင် ဒေသ
တွေ မှာ အပစ်မဲ့ပြည်သူတွေ ကို အကြမ်း
ဖက် သတ်ဖြတ်မှု အန္တရာယ်ကနေ လျော့ပါး
သွားအောင် လုပ်နိုင်ခဲ့တာ တွေ့ရမယ်။

ဒါဟာ စစ်တို့ရဲ့ သဘောသဘာဝ အရ
 စစ်သူကြီး မဟာသီဟသူရ ပြောခဲ့တဲ့
 အရင်းလှဲရင် အဖျားထင်ဖြစ်တယ်
 ဆိုတဲ့ စစ်နည်းဗျူဟာ ပဲ ဖြစ်ပါတယ်။

အခုလို မြန်မာပြည်တောင်ပိုင်း နိုင်ငံရေး
တည်ငြိမ်မှု တွေ ရနေပေမဲ့ PDF မြောက်ပိုင်း
လို့ ဆိုရမဲ့ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း
အနောက်ပိုင်း ဒေသတွေ ကတော့ လုံးဝ
မအေးချမ်းသေးပါဘူး။တစ်နေ့ တစ်နေ့
အပစ်မဲ့ ပြည်သူတွေ အသက်ခံနေရတာ။
ရဟန်းသံဃာ တွေ အသက်ခံနေရတာ။
ဝန်ထမ်းတွေ အသတ်ဖြတ်ခံနေရတာ က
တော့ အားလုံး သိကြတဲ့ အတိုင်းပါပဲ။
ငရဲကျနေသလား အောက်မေ့ရတယ်။

ဒါကြောင့် ဒီဒေသ ကို လည်း မြန်မာပြည်
တောင်ပိုင်းလိုပဲ အေးချမ်းတည်ငြိမ်အောင်
လုပ်ဖို့ အရေးပေါ်လိုအပ်နေပါတယ်။

ဒီဒေသ က ပြည်သူတွေ ကို ကယ်တင်နိုင်
ဖို့ PDF ​မြောက်ပိုင်း ရဲ့ ပင်မရေသောက်
မြစ်ကို ရှာပြီး လေးကေကော်မှာလို ဖျက်ဆီး
ပစ်ရမှာပါ။


PDF မြောက်ပိုင်း ရဲ့ ရေသောက်မြစ် က
KIA KIO  ဖြစ်လို့ ရှင်းပစ်ရပါမယ်။KIO KIA
အမြစ်ပြတ် ချေမှူန်းဖို့ထက် လှုပ်မရနိုင်
အောင် သတိပေးတားမြစ် ပစ်ခတ်နေရင်
တောင် KIA လေသံပြောင်းလာလိမ့်မယ်။
ဥပမာ မြေပြင်တပ်တွေ အနီးကပ်တိုက်ခိုက်
ချေမှုန်းတာမျိုး မလုပ်ဘဲ လေယာဥ်တွေ
ဗုံးကျဲတာ။မှတ်ပုံတင်ထားတဲ့ ပစ်မှတ်တွေ
ကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်နေတာမျိုး
ထိထိရောက်ရောက် လုပ်သွားရင် PDF 
မြောက်ပိုင်း ကို KIA လက်လွှတ်သွားလိမ့်
မယ်။

ဒီလို မှ မလုပ်ရင်တော့ KIO KIA က
 ကချင်ပြည်နယ်ထဲမှာ ကြီးမားတဲ့ 
 တိုက်ကွက် ဖော်ဆောင်မှုတွေ မကြာမီ
 လုပ်ဆောင်လာနိုင်ပါတယ်။

ထိုထက်ပိုဆိုးတာက စစ်ကိုင်းတိုင်း နဲ့
မကွေးတိုင်း အနောက်ပိုင်း ဟာ ဝမ်းနည်း
စရာ အခြေအနေတွေနဲ့ ကြုံတွေ့နေရအုံး
မှာပါ။

ပြည်ထောင်စုနေ့ မှာ EAOs တွေ ကို
 ငြိမ်းချမ်းရေး ကမ်းလှမ်းထားတာ ဖြစ်လို့
 လက်တလော စစ်ဆင်ရေး တွေ ရပ်နား
 ထားတယ်လို့ ယူဆစရာ ရှိပေမဲ့ EAOs
 တွေ ရဲ့ ထုတ်ပြန်ချက်တွေ အရ ဆိုရင်
 ငြိမ်းချမ်းရေး စားပွဲအပေါ် တက်လာ
 နိုင်ခြေ မမြင်မိဘူး။

စစ်ဆိုတာ မျှခြေရှိတဲ့ အခါ တစ်ဖက်က
အင်အားကောင်းနေတဲ့အခါ ငြိမ်းချမ်းရေး
လုပ်လို့မရပါဘူး။

အင်အားကောင်းပြီး ဆရာကြီးလုပ်နေတဲ့
တစ်ဖွဲ့ လောက်ကို စံပြအနေနဲ့ ဖျက်ဆီးပစ်
လိုက်မှသာ ငြိမ်းချမ်းရေးတေးသံ တွေ
ပြန်လွင့်ပျံလာပါလိမ့်မယ်။

ဒါကြောင့် ပြည်ထောင်စု နေ့ပြီး ရင် 
KIA ကို ဘာလုပ်မယ် ဆိုတဲ့ အဖြေကသာ
အနာဂတ် မြန်မာပြည်မြောက်ပိုင်း တည်ငြိမ်
ရေး ရဲ့ အဖြေအဖြစ် ရှိနေအုံးမှာကတော့
မလွဲမသွေပါပဲ။

အောင်နိုင်သူ

Post a Comment

Previous Post Next Post