အငြိမ်းစား ဒု-ဗိုလ်ချုပ်ကြီးနှစ်ယောက်
ရန်ကုန်နဲ့ကယား ဝန်ကြီးချုပ်ဖြစ်လာ ခဲ့သည်.
အာဏာထိန်းသိမ်းပြီး
တစ်နှစ်ပြည့်မြောက်ချိန်မှာပဲ
စီးပွားရေးအရအရေးပါတဲ့ ရန်ကုန်တိုင်းနဲ့
စစ်ရေးအရအရေးပါတဲ့ ကယားပြည်နယ်
ဝန်ကြီးချုပ်နေရာတွေကို အငြိမ်းစားဗိုလ်ချုပ်တွေနဲ့
ပြောင်းလဲခန့်အပ်လိုက်ပါတယ်။
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာပြီး
သူက တပ်မတော်စစ်ဆေးရေးနဲ့
စာရင်းစစ်ချုပ်ဟောင်း ဖြစ်ပါတယ်။
တပ်က အငြိမ်းစားယူပြီး ၂၀၁၅ ရွေးကောက်ပွဲကို
သပိတ်ကျင်း(၁)မဲဆန္ဒနယ်ကနေ
ဝင်ပြိုင်တာ ရှုံးနိမ့်ခဲ့ပါသည်။
အဲ့ဒီနောက် စီးပွားရေးဦးပိုင်မှာ
ဒုဥက္ကဋ္ဌတာဝန်ယူခဲ့ရာကနေ
ခုတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာခဲ့ပါသည်.
သူဟာ စစ်တက္ကသိုလ် အပတ်စဉ် ၂၄ ဆင်းဖြစ်ပြီး
အရင်က ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်လည်း
ထမ်းဆောင်ဖူးပါတယ်။
လက်ရှိ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်
ဒုတိယဗိုလ်ချုပ်ကြီး ဇော်မျိုးတင် ဟာ
ကယားပြည်နယ် ဝန်ကြီးချုပ်ဖြစ်လာပါတယ်။
သူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အထူးယုံကြည်စိတ်ချသူ တစ်ဦးဖြစ်ပြီး
အာဏာထိန်းသိမ်းခဲ့တဲ့ကာလက
နေပြည်တော်တိုင်းမှူးဖြစ်ခဲ့ပါတယ်။
စစ်တက္ကသိုလ် အပတ်စဉ် ၃၂ ဆင်း ဖြစ်တဲ့ ဦးဇော်မျိုးတင်ဟာ ၂၀၁၆ ခုနှစ်က ကယားပြည်နယ် ရဲ့
လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
Crd
Post a Comment