(Zawgyi Version)
၂၀၂၂ ဖေ ၁ ရက်နေ့ ဆိုတော့ တပ်မတော် အာဏာထိန်းသိမ်းခဲ့တာ ၁ နှစ် တောင် တင်းတင်းပြည့်ခဲ့ပါပြီလေ။ မနှစ်က ဒီအချိန်မှာ တပ်မတော်ပိုင် မြ၀တီရုပ်မြင် သံကြားမှ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော တပ်မတော်အရာရှိကြီးများ သွားရောက်တွေ့ဆုံကာ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား တင်ပြခဲ့ပြီး ယာယီသမ္မတမှ အရေးပေါ်အခြေအနေ ကြေငြာ ကာ အာဏာလွှဲပြောင်းပေးကြောင်း သတင်းထုတ်လွှင့်ခဲ့သည်။
သတင်းကြေငြာမှုအပြီးမှာတော့ မိဘပြည်သူအချို့က တပ်မတော်၏ အာဏာ ထိန်းသိမ်းမှုကို ထောက်ခံသည်။ အချို့ကတော့ ကန့်ကွက်သည်။ အချို့ကတော့ ဘာမှ ၀င်မပြော သူ့စီးပွားရေးသာ သူ စိတ်၀င်စားကြသည်။ ဒီနေရာတွင် တပ်မတော် အာဏာ လွှဲပြောင်းရယူခဲ့သော ၁၉၅၂၊ ၁၉၆၂၊ ၁၉၈၈ စသည့် ခုနှစ်များအရ အားလုံးမှ ထင်ထား သည်မှာ ယခုတကြိမ်တွင်လည်း အင်အားသုံး ဆောင်ရွက်မည်ဟုထင်ထားကြသဖြင့် အာဏာထိန်းထိန်းချင်း ၃ ရက်အတွင်း ငြိမ်သက်လျက် နိုင်ငံရေးတောကြောင်များမှ အခြေအနေကိုစောင့်ကြည့်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည် အာဏာကို မလွှဲသာမရှောင်သာ ထိန်းသိမ်းခဲ့ရသည့် တပ်မတော်သည် ခြေဥ အတိုင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဥပဒေအရ ထိန်းသိမ်း သင့်သည့်လူမှလွဲလို့ ကျန် လွှတ်တော်ကိုယ်စားလှယ်များအား ဌာနေသို့ ပြန်လည် စေလွှတ်ခြင်း၊ တရားဥပဒေအရ စွဲဆိုရန် အမှုအခိုင်အမာမရှိသည့် တချို့ နိုင်ငံရေး သမားများအား ထိန်းသိမ်းမှုမရှိဘဲ လွတ်လွတ်လပ်လပ် နေထိုင်စေခြင်း စသည့် လုပ်ရပ်များလုပ်ဆောင်သည်ကို မျက်ဝါးထင်ထင်မြင်လာသည့်အခါမှသာ နိုင်ငံရေး သမားများသည် တစခန်းထရန် ဆောင်ရွက်လာကြခြင်းဖြစ်သည်။
ပထမဆုံးအနေဖြင့် မိဘပြည်သူ ကို လမ်းပေါ်ကိုဆွဲခေါ်သည်။ CDM ဟုခေါ်တွင် သော ပြည်ဖျက်လုပ်ငန်းများစတင်ရန်သွေးထိုးလာသည်။ လမ်းမပေါ်တွင် ထဘီလှမ်း ခြင်း၊ ဆရာတော်ကြီးများ၏ ပုံတော်များအား မလျော်မကန်ပြုလုပ်ခြင်း၊ ရိုးသားစွာ နေထိုင်ကြသော ပြည်သူများအား ရန်ပြုတိုက်ခိုက်ခြင်းတို့ဖြစ်လာချိန်မှာတော့ တပ်မတော် သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအရ အနည်းဆုံးအင်အား အနိုမ့်ဆုံး အဆင့်ဖြင့်ဖြေရှင်းခဲ့သည်။ ထိုမှတဆင့် တက်လာသော ပြည်ဖျက်နိ်ုင်ငံရေး သမား များသည် တိုင်းပြည်ကို အလုံးစုံပျက်ဆီးရေး ဦးတည်ကာ လူငယ်လူရွယ်များအား PDF ဟုဆိုသည့် အကြမ်းဖက်အဖွဲ့အစည်းဖွဲ့စည်းကာ မြှောက်ပင့်သွေးထိုးပေးခြင်း၊ အစိုးရ အား လက်နက်စွဲကိုင်တော်လှန်ခြင်း တို့ပြုလုပ်လာသည့်အပြင် ဘာမှမဆိုင်သည့် လူသတ်၊ ဗုံးခွဲ ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည်မှာ ယနေ့ မျက်ဝါးထင်ထင်တွေ့မြင်လာကြမည်ဖြစ်သည်။
ထားပါတော့ ... ပြောလိုတာက အဆိုပါ အရာမဟုတ်။ “တပ်မတော်ဘာကြောင့် အာဏာထိန်းခဲ့တာပါလဲ” ဆိုသည့် အကြောင်းပင်ဖြစ်သည်။ အတော်များများသော ဒီမို ကရေစီ အမည်ခံ နိုင်ငံရေးသမားများ ပြောပြောနေကြသည်မှာ တပ်မတော်သည် မတရား အာဏာရယူခဲ့သည်။ တိုင်းပြည်အာဏာကို လုယူခဲ့သည် ဟု တပ်ကို နာမည်ဆိုးတပ်ကာ သမိုင်းမှာ နာမည်ဖျက်ကြသည်။ တကယ်ရော .. သူတို့ပြောသလို မတရားအာဏာရယူခဲ့ပါသလား .. ပြန်လည်ဆန်းစစ်ကြည့်ပါမည်။
တကယ်တော့ တပ်မတော်သည် အာဏာထိန်းသိမ်းခြင်းကို မလွှဲသာမရှောင်သာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းပြည်၏ အစိုးရ အကူးအပြောင်းမို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အလေးထားပြီး တရားမျှမျှတတဖြစ်စေချင်ကြောင်း ရွေးကောက်ပွဲမတိုင်ခင် သတင်းဌာနတစ်ခုနှင့် တွေ့ဆုံ့ပွဲမှာ ထုတ်ဖော်ပြောကြားထားပြီးဖြစ်သလို ရွေးကောက်ပွဲကာလမှာလည်း တပ်မတော်အနေဖြင့် ပြင်ပမဲရုံများတွင်မဲထည့်ခဲ့ခြင်းဖြင့် ကူညီပေးခဲ့ကြသည်။ သို့သော် ပြသနာကား ရွေးကောက်ပွဲအပြီးမှာ စခဲ့သည်လို့ဆိုရမည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်အရ NLD ပါတီသည် တစ်နိုင်ငံလုံးတွင် Landside နိုင်ခဲ့ပြန်သည်။ တောင်ပြိုကမ်းပြိုရုံတင်မက မိုးပါပြိုသည်အထိ နိုင်ခဲ့ပါသည်လို့တောင် ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ရှင် က ထုတ်ဖော်ပြောသည်အထိ မဲအများအပြား အပြတ်အသတ်နိုင်ခဲ့ရာမှာတော့ အားလုံး အံ့အားသင့်ခဲ့ကြသည်။ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် NLD ပါတီမှ တာ၀န်ရှိသူ များပါ မှန်းဆထားသည်မှာ ၂၀၁၅ ရွေးကောက်ပွဲလောက် ဆန္ဒမဲမရတော့ဟု မှန်းထား သော်လည်း ယခုတော့ မှန်းချက်ကား အတော်ပင်လွဲသွားရသည်ဆိုတော့ တစ်ခုခုတော့ မှားနေပြီဆိုတာ ထိုစဉ်ကတည်းက အားလုံက သတိပြုမိသွားကြသည်။ သိပ်မကြာပါချေ .. နိုင်ငံရေးပါတီများထံမှ အသံများညံလာခဲ့သည်။ PPP ပါတီမှ ဦးကျော်ဇေယျ မှ သူ့ မဲ့ဆန္ဒနယ်တွင် သူ့အတွက် တမဲမှမရခဲ့ခြင်းသည် ဟုတ်ပါရဲ့လားဟု စတင် အငြင်းပွား လာခဲ့သည်။ ဟုတ်ပေသည် .. အနည်းဆုံးတော့ မိမိနှင့် မိမိ မိသားစု၀င်များထည့်သည့် မဲက ရှိရမည်ဖြစ်သည်။ ခုတော့ ကိုယ့်ဘာသာကိုယ်တောင် ပြန်ပေးသည့်မဲမရဆိုတော့ လွဲချက်က ကမ်းကုန်ဟုဆိုရမည်။ ထပ်ပြီး အမျိုးသားဒီမိုကရစ်တစ်ပါတီ (DNP) မှ ဦးစိုးမောင် မှလည်း သူ့မိတ်ဆွေများမှ မဲစာရွက်တွင် သူ့နာမည်မပါဟု အထောက် အထား ခိုင်ခိုင်မာမာနှင့် သတင်းစာရှင်းလင်းပွဲလုပ်ကာ UEC ကို Complaint တက်ပြန် သည်။ ထိုအချိန်ထိ တပ်မတော်သည် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို တစ်လုံး တစ်ပါဒမျှ ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ မိမိ လုပ်ဆောင်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ရွေးကောက်ပွဲ ကိစ္စရပ်များ အသံတွေ အတော်ညံလာခဲ့ပြီး နိုင်ငံရေး ပါတီများမှ UEC ကို ကန့်ကွက်လွှာတွေ အသီးသီးတက်လာကြချိန်မှာတော့ တပ်မတော်သည် ငြိမ်သက်နေလို့မရတော့။ မိမိတို့ တပ်မတော်သားများ ဆန္ဒမဲပေး ရာ နယ်မြေအလိုက် မဲစာရင်းတွေပြန်လည်စစ်ဆေးမှု စတင်သည်။
တပ်မတော်ဆိုသည်မှာ စည်းနဲ့ကမ်းနဲ့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သလို လုပ်ဆောင်မှုတိုင်းမှာလည်း စနစ်ကျသည်မို့ မကြာခင်မှာပင် မဲစာရင်းများ စစ်ဆေးမှု ပြီးစီးခဲ့သည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်း မှ မကြာခင်တွင် မဲစာရင်းစစ်ဆေးမှုများအား ပြည်သူလူထု ထံ ချပြမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ကြေငြာခဲ့သည်။ “စစ်သားစကား .. ဆိုခဲစေ ၊ မြဲစေ” ဆိုသည့်အတိုင်း တပ်မတော်မှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ စိစစ်တွေ့ရှိရတဲ့ မဲမသမာမှု ၁၀,၄၈၂,၁၁၆(၁၀ သန်းကျော်၊ မဲပေးသူဦးရေရဲ့ ၄ ပုံ ၁ ပုံခန့်)ရှိကြောင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ထုတ်ပြန် ခဲ့ပါတယ်။ ထုတ်ပြန်လာတဲ့ မဲစာရင်းတွေဟာလည်း ပါးစပ်ထဲရှိတာ ထုတ်ပြန်တာ မဟုတ်ဘဲ အချက်နဲ့အလက်နဲ့ တိတိကျကျ ထုတ်ပြန်တာမို့ UEC ဟာ ဘာတစ်ခုကိုမျှ ခြေခြေမြစ်မြစ်ပြန်လည်ရှင်းလင်းတင်ပြနိုင်ခြင်းမရှိဘဲ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဦးလှသိန်း ဆိုတဲ့ ပုဂ္ဂိုလ်က သတင်းထောက်တစ်ယောက်ကို အခြေအမြစ်မရှိတဲ့ မေးခွန်းလို့ပြောပြီး ဆင်ဝှေ့ရန်ရှောင်သာ လုပ်နိုင်ခဲ့ပါတယ်။
တပ်မတော်ဆိုတာက မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ပြည်သူကြားက ပေါက်ဖွား လာတဲ့အဖွဲ့အစည်းဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်တည်ဆောက်လာသည်မို့ ကြေငြာချက် တွေအားလုံးထုတ်အပြီးမှာ UEC ကို ဖြေရှင်းပေးဖို့ စတင်တောင်းဆိုခဲ့ပါတယ်။ အဲ့အချိန်မှာ UEC ဟာ တပ်မတော်ကို လုံး၀အဖတ်မလုပ်ပါဘူး။ တောင်းဆိုတာတွေကို ပယ်ချခဲ့ပါတယ်။ တကယ်လို့သာ UEC အနေနဲ့ တပ်မတော်ရဲ့ တောင်းဆိုချက်အတိုင်း မဲစာရင်းပြန်လည်စီစစ်ခဲ့မယ်ဆိုရင် အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွား နိုင်ပါတယ်။ ထားပါ .. ဆက်ရမယ်ဆိုရင် UEC ကိုတောင်းဆိုလို့မရတဲ့အချိန်မှာ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်မှာ အရေးပေါ်အဆို တင်သွင်းပြီး တောင်းဆိုခဲ့ပါတယ်။ တပ်မတော်နဲ့အတူ နိုင်ငံရေးပါတီအများအပြား ဟာ လည်း ပူးပေါင်းပါ၀င်ခဲ့ပါတယ်။ ဒါပေသိ .. လွှတ်တော်ဟာလည်း UEC လိုပါပဲ။ တုံဏိ ဘာဝေနဲ့ ရွေးကောက်ပွဲကော်မရှင်အဆုံးအဖြတ်သာ အတည်ဖြစ်ကြောင်းလို့ ပြောဆိုပြီး ဆွေးနွေးခွင့်မပြုခဲ့ပါဘူး။ ဒီနေရာမှာ သိုင်းဝိုင်းပြီးပြောရမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ အရပေါ်လာတဲ့ လွှတ်တော် ၂ ရပ်လုံးရဲ့ နောက်ဆုံးအစည်းအဝေးတွေဟာ အလှူအိမ် မဏ္ဍပ်သိမ်းတာလောက်တောင် မဆူညံပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြီးဆုံးခဲ့ရတာဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် ၀မ်းနည်းဖွယ်ရာအတိဖြစ်ခဲ့ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ လွှတ်တော် လမ်းကြောင်းဟာ အဆုံးသတ်သွားပြီဖြစ်တာ မို့ တပ်မတော်ဟာ တရားရေးလမ်းကြောင်းအတိုင်း ထပ်မံချဉ်းကပ်ခဲ့ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီကို အာဏာပိုင်မေးစာချွန်လွှာတွေပို့ပြီး ရွေးကောက်ပွဲ ကိစ္စကို အဆုံးအဖြတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ တပ်မတော်ရဲ့ အာဏာပိုင်မေးစာချွန်လွှာကို လက်ခံမခံ ဆုံးဖြတ်ချက်ကို ချဖို့အတွက် ရွေ့ဆိုင်းနေခဲ့ပြီး ဖိအားပေးခံထားရတဲ့ သဘော ရောက်နေတာကို လည်း တပ်မတော်ဟာ သတိထားမိခဲ့ပါတယ်။ တရားရေး၊ လွှတ်တော်၊ ရွေးကော် စတဲ့ လမ်းကြောင်း ၃ ကြောင်းစလုံးဟာ ထိုစဉ်က အာဏာရပါတီ ရဲ့ ကွပ်ကဲမှုကို မလွန်ဆန်နိုင်တဲ့အတွက် ဘာအဖြေတစ်ခုမှ မယ်မယ် ရရ ထုတ်မပေးနိုင်တဲ့အဆုံး တပ်မတော်ဟာ အရာရှိကြီးအချို့ကို အစိုးရ ထိပ်ပိုင်း တာ၀န်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဆက်လက်ဆောင်ရွက်ပါတော့တယ်။ ကာလုံ လို့ခေါ်တဲ့ အစည်းအဝေးခေါ်ပေးပြီး ရွေးကောက်ပွဲ မဲစာရင်းတွေပြန်လည်စီစစ်ဖို့ တောင်းဆိုပါတယ်။ ဒီနေရာမှာ .. တစ်ဖက်အဖွဲ့အစည်းတွေ ပြောပြောနေသလို တပ်မတော်ကာကွယ်ရေးဦးစီး ချု့ပ်ဟာ သမ္မတရာထူးတောင်းခဲ့တယ်တို့ ဘာတို့ဆို တာတွေ တစ်ခုမှမဟုတ်ပါဘူး။ မဟုတ်ဘူးဆိုတာကိုလည်း ထိုစဉ်က ဆွေးနွေးပွဲ တက်တဲ့ အစိုးရနဲ့ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အသိဆုံးပါ။ ဒါကြောင့် ဒီနေ့ ဒီအချိန်ထိ ဆွေးနွေးပွဲမှာပါခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုဖြစ်ခဲ့ပါတယ်လို့ တစ်လုံး တစ်ပါဒမျှ ထုတ်ဖော်ပြောကြားမှုမရှိခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။
ကြားသိရတဲ့ သတင်းများအရ တစ်ဖက် အစိုးရထိပ်ပိုင်းမှာလည်း သဘောထား ကွဲလွဲမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲ မဲစာရင်းကွာဟတဲ့ကိစ္စကို ပြန်လည်စီစစ်ဖို့ တောင်းဆိုတဲ့ တပ်မတော်ရဲ့ သဘောထား ကို အထိုက်အလျောက်လိုက်လျောပြီး ပြန်လည်စီစစ်ဖို့ သဘောထားရှိတယ်။ ဦး၀င်းထိန် ဦးဆောင်တဲ့ တချို့ ပါတီခေါင်းဆောင်ပိုင်းက စီစစ်ဖို့ သဘောထားမရှိဘူး။ ပြောရမယ်ဆိုရင်တော့ ဘာလို့လုပ်ပေးရမှာလဲဆိုတဲ့ အထှာပေါ့။ အဲ့မှာ တပ်မတော် နဲ့ ညှိနှိုင်းတဲ့ဆွေးနွေးပွဲတွေမှာ အချိန်အတန်ကြာအထိ လိပ်ခဲတည်းလည်းဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ဆွေးနွေးပွဲတစ်ခုမှာ သဘောတူညီချက်တစ်ခုရခဲ့ပါတယ်။ ဒါကတော့ ၂၀၂၁ လွှတ်တော်အစည်းအဝေးကို ပုံမှန်အတိုင်းကျင်းပမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေစစ်ဆေးဖို့ အဆိုတင်ပြီး အစည်းအဝေးကို ခေတ္တရပ်ဆိုင်းမယ်။ မဲစာရင်း ပြန်စစ်ကြမယ်။ အကြမ်းဖျဉ်း ဒီလောက်ပဲ။ ဒါကို နှစ်ဖက်သဘောတူညီခဲ့ကြတယ်။ သဘောတူလို့တောင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပုံမှန်အတိုင်း ကိုဗစ်ဆေးထိုးခြင်းတွေတောင်ဆောင်ရွက်ခဲ့ကြသေးတာမဟုတ်လား။ အဲ နောက်ဆုံး ထွက်လာတဲ့ အစည်းအဝေး အစီအစဉ်စာရွက်မှာတော့ သဘောတူထားသလိုမဟုတ်ဘဲ လွှတ်တော်ကိုပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ မို့ တပ်မတော်ဟာ ၂၀၂၁ ဖေ ၁ ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေကို သွားရောက် တွေ့ဆုံပြီး နိုင်ငံတော်အခြေအနေတွေတင်ပြကာ အာဏာလွှဲပြောင်းယူခဲ့ပါတယ်။
ဒီတော့ ... ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် တပ်မတော် ဘက်က တိုင်းပြည်အာဏာကို အလကားလွှဲယူခဲ့တာမဟုတ်ပါဘူး။ မဲစာရင်းတွေစစ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး လွှတ်တော်၊ ရွေးကော်၊ တရားစီရင်ရေး၊ အစိုးရ စတဲ့ အဆင့်ဆင့်ဖြေရှင်းဖို့ချဉ်းကပ်လို့မရတဲ့အခါကျမှသာ ဆောင်ရွက်ခဲ့ရတာပါ။ NUG, CRPH နဲ့ တရားမ၀င်အသင်းမှာပါ၀င်နေတဲ့ နိုင်ငံရေး ဂကြိုးဂချောင်သမားတွေ ပြောသလို တရားလက်လွတ်မဟုတ်ပါဘူး။ ဒါကို မင်းကိုနိုင်၊ ဂျင်မီ စတဲ့ တိုင်းပြည်ဖျက် နိုင်ငံရေးသမားတွေဟာ သူတို့လိုချင်တဲ့ လူထုအုံကြွမှုဖြစ်အောင် အဆိုပါ အချက်တွေ ကို ဖုံးထားပြီး လိုချင်တာလေးပဲ ကွက်ပြောခဲ့ကြတာပါ။ သမိုင်းဆိုတာ ဖော်ထုတ်ချင် ရင် အစအဆုံးဖော်တာပဲကောင်းပါတယ်။ ကိုယ်သာတာလေးကွက် ပေါ်လစ်တင်ပြီး ကိုယ် နာတာကျမှ အတိတ်မေ့သလို ရွှေပျောက်သလို လုပ်တာတော့ မကောင်းပါဘူးခင်ဗျာ။ တပ်က အာဏာထိန်းတယ်ဆိုတာကိုပြောချင်ရင် ဘာကြောင့် အာဏာထိန်းတယ်ဆို တာလေးလည်း ထည့်ပြောပေါ့။ မဟုတ်ဘဲ အာဏာထိန်းတယ်ဆိုတာချည်းပဲ Bold တင်နေမယ်ဆိုရင် ခင်ဗျားဟာ တရားမျှတတဲ့ နိုင်ငံရေးသမား၊ တိုင်းပြည်ကို တကယ် ကောင်းစေချင်တဲ့ နိုင်ငံရေးသမားမဟုတ်ဘဲ ကိုယ်ချစ်တဲ့ ပါတီနဲ့ ခေါင်းဆောင် အာဏာ ရဖို့ပဲ ခေါင်းထဲရှိတဲ့ တဘို့တည်းသော လူဖြစ်သွားမှာပါ။
အဲ .. ဒီနေရာမှာ တစ်ချက်ထည့်သွင်းဆွေးနွေးလိုတာက တပ်ဟာ မဲစာရင်း စစ်ပိုင်ခွင့်ရှိလို့လားဆိုတဲ့ မေးခွန်းပါ။ ရှိပါတယ် .. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဆိုရင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနဲ့ နာရေးကူညီမှုအသင်းတွေတောင် စစ်ဆေး ပိုင်ခွင့်ရှိပါတယ်။ မဲစာရင်းလွဲမှားနေတယ်လို့ ယူဆလာရင် ရွေးကောက်ပွဲကော်မရှင် ကို သွားရောက်အငြင်းပွားပိုင်ခွင့်ဆိုတာ နိုင်ငံသားတိုင်းမှာရှိနေတဲ့အခွင့်အရေးပါ။ ဒါကို တပ်မတော်ဟာ မဲစာရင်းစစ်ခွင့်မရှိဘူးလို့ ဖင်ပိတ်ပြောနေတာကတော့ အင်မတန်မှ သေးသိမ်ရာကျလွန်းပါတယ်ဗျာ။
ဘာဖြစ်လဲဗျာ .. ခင်ဗျားတို့ ခဏခဏပြောနေတာပဲ။ NLD ပါတီသည်သာ ပြည်သူကထောက်ခံတာဘာညာဆိုပြီး။ ဒါဆိုလည်း ရှင်းရှင်းလေးပဲ ... မဲစာရင်း အစစ်ခံ လိုက်ပေါ့။ စောစောစီးစီးကသာ မဲစာရင်း အစစ်ခံခဲ့မယ်ဆိုရင် ခုလိုမျိုးဖြစ်လာမှာ မဟုတ်ဘဲ တချို့နေရာတွေမှာ အမှန်တကယ်နိုင်တယ်ဆိုတဲ့ Evidence သာရှိလာမယ် ဆိုရင် လက်မတောင်ထောင်လို့ရတဲ့အနေအထားဖြစ်သွားမှာပါ။ ခုတော့ မဲစာရင်း လည်း အစစ်မခံရဲ၊ မဟုတ်ဘူးလို့ပဲ တွင်တွင်ငြင်းရင်း တိုင်းပြည်ကို နိုင်ငံရေး ချောင်ပိတ် ရိုက်ခဲ့လိုက်ပါပြီလေ။ တပ်မတော်ဟာလည်း သူရပ်တည်လာတဲ့ အမျိုးသားနိုင်ငံရေး ခံယူချက်အရ မဲမသာမာမှု ဖြစ်လျက်ကြီးနဲ့တော့ အစိုးရပေးမဖြစ်နိုင်ဘူးဆိုတဲ့ အထိုင်နဲ့ အာဏာကို ထိန်းသိမ်းခဲ့ပါပြီ။ NUG, CRPH နဲ့ မတရားအသင်းမှာပါ၀င်တဲ့ ပြည်ဖျက် နိုင်ငံရေးသမားတွေသည်လည်း သူတို့ အာဏာပြန်လည်ရရှိမှုအတွက် အလုံးစုံ ပျက်ဆီး ရေးကိုဦးတည်သော တော်လှန်ရေးကိုစခဲ့ပါပြီ။
ဒီတော့ ဘယ်သူက ပြည်သူအပေါ် စေတနာစစ်တယ်။ ဘယ်သူက သူတို့ ကိုယ်ကျိုးပဲ ကြည့်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပြီမို့ ထပ်လည်း မပြောလိုတော့ပါဘူး။ စာချစ်သူများခင်ဗျာ .. ယနေ့ဟာဆိုလျှင်ဖြင့် အာဏာထိန်းခဲ့တာ ၁ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ မနေ့ကပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ အရေးပေါ်ကာလကို ၆ လ ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။ တပ်မတော်ဟာ သူ့ကတိအတိုင်း မကြာခင်မှာ ရွေးကောက်ပွဲပြန်လည်လုပ်ဆောင် ပေးဖို့ လုပ်စရာရှိတာတွေဆက်လက်လုပ်ဆောင်နေပါပြီ။
ဒါပေသိ .. တပ်မတော်ကို နာမည်ဖျက်လိုတဲ့ အဖျက်သမားတစ်စုကြောင့် တစ်ချို့သော လူငယ်လူရွယ်များ အကြောင်းအရင်းအမှန်ကိုသိစေလိုသောငှာ ဒီ ဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်ခင်ဗျာ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျန်တာ မပြောလိုသော်လည်း ဘာကြောင့် ဘယ်အရာဖြစ်ခဲ့တယ်ဆိုတာတော့ အစွဲကင်းကင်း နဲ့ မြင်စေ တွေးစေလိုပါတယ်။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားတောင် ဟောခဲ့ပါတယ်။ အကျိုးရှိလုိ့ အကြောင်းဖြစ်လာတယ်ဆိုပြီး။ ခုလည်း တပ်မတော်ဟာ အလဟသ အာဏာထိန်းခဲ့တာမဟုတ်ပါဘူး။ မဲစာရင်းလွဲမှားမှုတွေကိုဖြေရှင်းမပေးလို့ အာဏာထိန်း ခဲ့ရတာဖြစ်ကြောင်းပါ ဗျာတို့ရေ ....
မင်းထက်ကျော်ဇော
========================================
တပ်မတော်ဘာကြောင့် ဒီလမ်းကိုလျှောက်ခဲ့တာလဲ
(Unicode Version)
၂၀၂၂ ဖေ ၁ ရက်နေ့ ဆိုတော့ တပ်မတော် အာဏာထိန်းသိမ်းခဲ့တာ ၁ နှစ် တောင် တင်းတင်းပြည့်ခဲ့ပါပြီလေ။ မနှစ်က ဒီအချိန်မှာ တပ်မတော်ပိုင် မြဝတီရုပ်မြင် သံကြားမှ နိုင်ငံတော်ယာယီသမ္မတ ဦးမြင့်ဆွေအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော တပ်မတော်အရာရှိကြီးများ သွားရောက်တွေ့ဆုံကာ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား တင်ပြခဲ့ပြီး ယာယီသမ္မတမှ အရေးပေါ်အခြေအနေ ကြေငြာ ကာ အာဏာလွှဲပြောင်းပေးကြောင်း သတင်းထုတ်လွှင့်ခဲ့သည်။
သတင်းကြေငြာမှုအပြီးမှာတော့ မိဘပြည်သူအချို့က တပ်မတော်၏ အာဏာ ထိန်းသိမ်းမှုကို ထောက်ခံသည်။ အချို့ကတော့ ကန့်ကွက်သည်။ အချို့ကတော့ ဘာမှ ဝင်မပြော သူ့စီးပွားရေးသာ သူ စိတ်ဝင်စားကြသည်။ ဒီနေရာတွင် တပ်မတော် အာဏာ လွှဲပြောင်းရယူခဲ့သော ၁၉၅၂၊ ၁၉၆၂၊ ၁၉၈၈ စသည့် ခုနှစ်များအရ အားလုံးမှ ထင်ထား သည်မှာ ယခုတကြိမ်တွင်လည်း အင်အားသုံး ဆောင်ရွက်မည်ဟုထင်ထားကြသဖြင့် အာဏာထိန်းထိန်းချင်း ၃ ရက်အတွင်း ငြိမ်သက်လျက် နိုင်ငံရေးတောကြောင်များမှ အခြေအနေကိုစောင့်ကြည့်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းပြည် အာဏာကို မလွှဲသာမရှောင်သာ ထိန်းသိမ်းခဲ့ရသည့် တပ်မတော်သည် ခြေဥ အတိုင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များထဲမှ ဥပဒေအရ ထိန်းသိမ်း သင့်သည့်လူမှလွဲလို့ ကျန် လွှတ်တော်ကိုယ်စားလှယ်များအား ဌာနေသို့ ပြန်လည် စေလွှတ်ခြင်း၊ တရားဥပဒေအရ စွဲဆိုရန် အမှုအခိုင်အမာမရှိသည့် တချို့ နိုင်ငံရေး သမားများအား ထိန်းသိမ်းမှုမရှိဘဲ လွတ်လွတ်လပ်လပ် နေထိုင်စေခြင်း စသည့် လုပ်ရပ်များလုပ်ဆောင်သည်ကို မျက်ဝါးထင်ထင်မြင်လာသည့်အခါမှသာ နိုင်ငံရေး သမားများသည် တစခန်းထရန် ဆောင်ရွက်လာကြခြင်းဖြစ်သည်။
ပထမဆုံးအနေဖြင့် မိဘပြည်သူ ကို လမ်းပေါ်ကိုဆွဲခေါ်သည်။ CDM ဟုခေါ်တွင် သော ပြည်ဖျက်လုပ်ငန်းများစတင်ရန်သွေးထိုးလာသည်။ လမ်းမပေါ်တွင် ထဘီလှမ်း ခြင်း၊ ဆရာတော်ကြီးများ၏ ပုံတော်များအား မလျော်မကန်ပြုလုပ်ခြင်း၊ ရိုးသားစွာ နေထိုင်ကြသော ပြည်သူများအား ရန်ပြုတိုက်ခိုက်ခြင်းတို့ဖြစ်လာချိန်မှာတော့ တပ်မတော် သည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအရ အနည်းဆုံးအင်အား အနိုမ့်ဆုံး အဆင့်ဖြင့်ဖြေရှင်းခဲ့သည်။ ထိုမှတဆင့် တက်လာသော ပြည်ဖျက်နိုင်ငံရေး သမား များသည် တိုင်းပြည်ကို အလုံးစုံပျက်ဆီးရေး ဦးတည်ကာ လူငယ်လူရွယ်များအား PDF ဟုဆိုသည့် အကြမ်းဖက်အဖွဲ့အစည်းဖွဲ့စည်းကာ မြှောက်ပင့်သွေးထိုးပေးခြင်း၊ အစိုးရ အား လက်နက်စွဲကိုင်တော်လှန်ခြင်း တို့ပြုလုပ်လာသည့်အပြင် ဘာမှမဆိုင်သည့် လူသတ်၊ ဗုံးခွဲ ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လာခဲ့သည်မှာ ယနေ့ မျက်ဝါးထင်ထင်တွေ့မြင်လာကြမည်ဖြစ်သည်။
ထားပါတော့ ... ပြောလိုတာက အဆိုပါ အရာမဟုတ်။ “တပ်မတော်ဘာကြောင့် အာဏာထိန်းခဲ့တာပါလဲ” ဆိုသည့် အကြောင်းပင်ဖြစ်သည်။ အတော်များများသော ဒီမို ကရေစီ အမည်ခံ နိုင်ငံရေးသမားများ ပြောပြောနေကြသည်မှာ တပ်မတော်သည် မတရား အာဏာရယူခဲ့သည်။ တိုင်းပြည်အာဏာကို လုယူခဲ့သည် ဟု တပ်ကို နာမည်ဆိုးတပ်ကာ သမိုင်းမှာ နာမည်ဖျက်ကြသည်။ တကယ်ရော .. သူတို့ပြောသလို မတရားအာဏာရယူခဲ့ပါသလား .. ပြန်လည်ဆန်းစစ်ကြည့်ပါမည်။
တကယ်တော့ တပ်မတော်သည် အာဏာထိန်းသိမ်းခြင်းကို မလွှဲသာမရှောင်သာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ပါသည်။ ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းပြည်၏ အစိုးရ အကူးအပြောင်းမို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အလေးထားပြီး တရားမျှမျှတတဖြစ်စေချင်ကြောင်း ရွေးကောက်ပွဲမတိုင်ခင် သတင်းဌာနတစ်ခုနှင့် တွေ့ဆုံ့ပွဲမှာ ထုတ်ဖော်ပြောကြားထားပြီးဖြစ်သလို ရွေးကောက်ပွဲကာလမှာလည်း တပ်မတော်အနေဖြင့် ပြင်ပမဲရုံများတွင်မဲထည့်ခဲ့ခြင်းဖြင့် ကူညီပေးခဲ့ကြသည်။ သို့သော် ပြသနာကား ရွေးကောက်ပွဲအပြီးမှာ စခဲ့သည်လို့ဆိုရမည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်အရ NLD ပါတီသည် တစ်နိုင်ငံလုံးတွင် Landside နိုင်ခဲ့ပြန်သည်။ တောင်ပြိုကမ်းပြိုရုံတင်မက မိုးပါပြိုသည်အထိ နိုင်ခဲ့ပါသည်လို့တောင် ပါတီပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးအောင်ရှင် က ထုတ်ဖော်ပြောသည်အထိ မဲအများအပြား အပြတ်အသတ်နိုင်ခဲ့ရာမှာတော့ အားလုံး အံ့အားသင့်ခဲ့ကြသည်။ ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် NLD ပါတီမှ တာဝန်ရှိသူ များပါ မှန်းဆထားသည်မှာ ၂၀၁၅ ရွေးကောက်ပွဲလောက် ဆန္ဒမဲမရတော့ဟု မှန်းထား သော်လည်း ယခုတော့ မှန်းချက်ကား အတော်ပင်လွဲသွားရသည်ဆိုတော့ တစ်ခုခုတော့ မှားနေပြီဆိုတာ ထိုစဉ်ကတည်းက အားလုံက သတိပြုမိသွားကြသည်။ သိပ်မကြာပါချေ .. နိုင်ငံရေးပါတီများထံမှ အသံများညံလာခဲ့သည်။ PPP ပါတီမှ ဦးကျော်ဇေယျ မှ သူ့ မဲ့ဆန္ဒနယ်တွင် သူ့အတွက် တမဲမှမရခဲ့ခြင်းသည် ဟုတ်ပါရဲ့လားဟု စတင် အငြင်းပွား လာခဲ့သည်။ ဟုတ်ပေသည် .. အနည်းဆုံးတော့ မိမိနှင့် မိမိ မိသားစုဝင်များထည့်သည့် မဲက ရှိရမည်ဖြစ်သည်။ ခုတော့ ကိုယ့်ဘာသာကိုယ်တောင် ပြန်ပေးသည့်မဲမရဆိုတော့ လွဲချက်က ကမ်းကုန်ဟုဆိုရမည်။ ထပ်ပြီး အမျိုးသားဒီမိုကရစ်တစ်ပါတီ (DNP) မှ ဦးစိုးမောင် မှလည်း သူ့မိတ်ဆွေများမှ မဲစာရွက်တွင် သူ့နာမည်မပါဟု အထောက် အထား ခိုင်ခိုင်မာမာနှင့် သတင်းစာရှင်းလင်းပွဲလုပ်ကာ UEC ကို Complaint တက်ပြန် သည်။ ထိုအချိန်ထိ တပ်မတော်သည် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို တစ်လုံး တစ်ပါဒမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ မိမိ လုပ်ဆောင်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ ရွေးကောက်ပွဲ ကိစ္စရပ်များ အသံတွေ အတော်ညံလာခဲ့ပြီး နိုင်ငံရေး ပါတီများမှ UEC ကို ကန့်ကွက်လွှာတွေ အသီးသီးတက်လာကြချိန်မှာတော့ တပ်မတော်သည် ငြိမ်သက်နေလို့မရတော့။ မိမိတို့ တပ်မတော်သားများ ဆန္ဒမဲပေး ရာ နယ်မြေအလိုက် မဲစာရင်းတွေပြန်လည်စစ်ဆေးမှု စတင်သည်။
တပ်မတော်ဆိုသည်မှာ စည်းနဲ့ကမ်းနဲ့ ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သလို လုပ်ဆောင်မှုတိုင်းမှာလည်း စနစ်ကျသည်မို့ မကြာခင်မှာပင် မဲစာရင်းများ စစ်ဆေးမှု ပြီးစီးခဲ့သည်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်း မှ မကြာခင်တွင် မဲစာရင်းစစ်ဆေးမှုများအား ပြည်သူလူထု ထံ ချပြမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ကြေငြာခဲ့သည်။ “စစ်သားစကား .. ဆိုခဲစေ ၊ မြဲစေ” ဆိုသည့်အတိုင်း တပ်မတော်မှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ စိစစ်တွေ့ရှိရတဲ့ မဲမသမာမှု ၁၀,၄၈၂,၁၁၆(၁၀ သန်းကျော်၊ မဲပေးသူဦးရေရဲ့ ၄ ပုံ ၁ ပုံခန့်)ရှိကြောင်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ကစပြီး ထုတ်ပြန် ခဲ့ပါတယ်။ ထုတ်ပြန်လာတဲ့ မဲစာရင်းတွေဟာလည်း ပါးစပ်ထဲရှိတာ ထုတ်ပြန်တာ မဟုတ်ဘဲ အချက်နဲ့အလက်နဲ့ တိတိကျကျ ထုတ်ပြန်တာမို့ UEC ဟာ ဘာတစ်ခုကိုမျှ ခြေခြေမြစ်မြစ်ပြန်လည်ရှင်းလင်းတင်ပြနိုင်ခြင်းမရှိဘဲ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဦးလှသိန်း ဆိုတဲ့ ပုဂ္ဂိုလ်က သတင်းထောက်တစ်ယောက်ကို အခြေအမြစ်မရှိတဲ့ မေးခွန်းလို့ပြောပြီး ဆင်ဝှေ့ရန်ရှောင်သာ လုပ်နိုင်ခဲ့ပါတယ်။
တပ်မတော်ဆိုတာက မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ပြည်သူကြားက ပေါက်ဖွား လာတဲ့အဖွဲ့အစည်းဖြစ်ပြီး နှစ်ပေါင်း ၇၀ ကျော်တည်ဆောက်လာသည်မို့ ကြေငြာချက် တွေအားလုံးထုတ်အပြီးမှာ UEC ကို ဖြေရှင်းပေးဖို့ စတင်တောင်းဆိုခဲ့ပါတယ်။ အဲ့အချိန်မှာ UEC ဟာ တပ်မတော်ကို လုံးဝအဖတ်မလုပ်ပါဘူး။ တောင်းဆိုတာတွေကို ပယ်ချခဲ့ပါတယ်။ တကယ်လို့သာ UEC အနေနဲ့ တပ်မတော်ရဲ့ တောင်းဆိုချက်အတိုင်း မဲစာရင်းပြန်လည်စီစစ်ခဲ့မယ်ဆိုရင် အခြေအနေက တစ်မျိုးတစ်မည် ပြောင်းလဲသွား နိုင်ပါတယ်။ ထားပါ .. ဆက်ရမယ်ဆိုရင် UEC ကိုတောင်းဆိုလို့မရတဲ့အချိန်မှာ တပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်မှာ အရေးပေါ်အဆို တင်သွင်းပြီး တောင်းဆိုခဲ့ပါတယ်။ တပ်မတော်နဲ့အတူ နိုင်ငံရေးပါတီအများအပြား ဟာ လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ဒါပေသိ .. လွှတ်တော်ဟာလည်း UEC လိုပါပဲ။ တုံဏိ ဘာဝေနဲ့ ရွေးကောက်ပွဲကော်မရှင်အဆုံးအဖြတ်သာ အတည်ဖြစ်ကြောင်းလို့ ပြောဆိုပြီး ဆွေးနွေးခွင့်မပြုခဲ့ပါဘူး။ ဒီနေရာမှာ သိုင်းဝိုင်းပြီးပြောရမယ်ဆိုရင် ၂၀၁၅ ရွေးကောက်ပွဲ အရပေါ်လာတဲ့ လွှတ်တော် ၂ ရပ်လုံးရဲ့ နောက်ဆုံးအစည်းအဝေးတွေဟာ အလှူအိမ် မဏ္ဍပ်သိမ်းတာလောက်တောင် မဆူညံပဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြီးဆုံးခဲ့ရတာဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် ဝမ်းနည်းဖွယ်ရာအတိဖြစ်ခဲ့ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့ လွှတ်တော် လမ်းကြောင်းဟာ အဆုံးသတ်သွားပြီဖြစ်တာ မို့ တပ်မတော်ဟာ တရားရေးလမ်းကြောင်းအတိုင်း ထပ်မံချဉ်းကပ်ခဲ့ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဆီကို အာဏာပိုင်မေးစာချွန်လွှာတွေပို့ပြီး ရွေးကောက်ပွဲ ကိစ္စကို အဆုံးအဖြတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ဟာ တပ်မတော်ရဲ့ အာဏာပိုင်မေးစာချွန်လွှာကို လက်ခံမခံ ဆုံးဖြတ်ချက်ကို ချဖို့အတွက် ရွေ့ဆိုင်းနေခဲ့ပြီး ဖိအားပေးခံထားရတဲ့ သဘော ရောက်နေတာကို လည်း တပ်မတော်ဟာ သတိထားမိခဲ့ပါတယ်။ တရားရေး၊ လွှတ်တော်၊ ရွေးကော် စတဲ့ လမ်းကြောင်း ၃ ကြောင်းစလုံးဟာ ထိုစဉ်က အာဏာရပါတီ ရဲ့ ကွပ်ကဲမှုကို မလွန်ဆန်နိုင်တဲ့အတွက် ဘာအဖြေတစ်ခုမှ မယ်မယ် ရရ ထုတ်မပေးနိုင်တဲ့အဆုံး တပ်မတော်ဟာ အရာရှိကြီးအချို့ကို အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ဆက်လက်ဆောင်ရွက်ပါတော့တယ်။ ကာလုံ လို့ခေါ်တဲ့ အစည်းအဝေးခေါ်ပေးပြီး ရွေးကောက်ပွဲ မဲစာရင်းတွေပြန်လည်စီစစ်ဖို့ တောင်းဆိုပါတယ်။ ဒီနေရာမှာ .. တစ်ဖက်အဖွဲ့အစည်းတွေ ပြောပြောနေသလို တပ်မတော်ကာကွယ်ရေးဦးစီး ချု့ပ်ဟာ သမ္မတရာထူးတောင်းခဲ့တယ်တို့ ဘာတို့ဆို တာတွေ တစ်ခုမှမဟုတ်ပါဘူး။ မဟုတ်ဘူးဆိုတာကိုလည်း ထိုစဉ်က ဆွေးနွေးပွဲ တက်တဲ့ အစိုးရနဲ့ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေ အသိဆုံးပါ။ ဒါကြောင့် ဒီနေ့ ဒီအချိန်ထိ ဆွေးနွေးပွဲမှာပါခဲ့တဲ့ ပုဂ္ဂိုလ်တွေဟာ ဒီလိုဖြစ်ခဲ့ပါတယ်လို့ တစ်လုံး တစ်ပါဒမျှ ထုတ်ဖော်ပြောကြားမှုမရှိခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။
ကြားသိရတဲ့ သတင်းများအရ တစ်ဖက် အစိုးရထိပ်ပိုင်းမှာလည်း သဘောထား ကွဲလွဲမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ရွေးကောက်ပွဲ မဲစာရင်းကွာဟတဲ့ကိစ္စကို ပြန်လည်စီစစ်ဖို့ တောင်းဆိုတဲ့ တပ်မတော်ရဲ့ သဘောထား ကို အထိုက်အလျောက်လိုက်လျောပြီး ပြန်လည်စီစစ်ဖို့ သဘောထားရှိတယ်။ ဦးဝင်းထိန် ဦးဆောင်တဲ့ တချို့ ပါတီခေါင်းဆောင်ပိုင်းက စီစစ်ဖို့ သဘောထားမရှိဘူး။ ပြောရမယ်ဆိုရင်တော့ ဘာလို့လုပ်ပေးရမှာလဲဆိုတဲ့ အထှာပေါ့။ အဲ့မှာ တပ်မတော် နဲ့ ညှိနှိုင်းတဲ့ဆွေးနွေးပွဲတွေမှာ အချိန်အတန်ကြာအထိ လိပ်ခဲတည်းလည်းဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ဆွေးနွေးပွဲတစ်ခုမှာ သဘောတူညီချက်တစ်ခုရခဲ့ပါတယ်။ ဒါကတော့ ၂၀၂၁ လွှတ်တော်အစည်းအဝေးကို ပုံမှန်အတိုင်းကျင်းပမယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေစစ်ဆေးဖို့ အဆိုတင်ပြီး အစည်းအဝေးကို ခေတ္တရပ်ဆိုင်းမယ်။ မဲစာရင်း ပြန်စစ်ကြမယ်။ အကြမ်းဖျဉ်း ဒီလောက်ပဲ။ ဒါကို နှစ်ဖက်သဘောတူညီခဲ့ကြတယ်။ သဘောတူလို့တောင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဟာ ပုံမှန်အတိုင်း ကိုဗစ်ဆေးထိုးခြင်းတွေတောင်ဆောင်ရွက်ခဲ့ကြသေးတာမဟုတ်လား။ အဲ နောက်ဆုံး ထွက်လာတဲ့ အစည်းအဝေး အစီအစဉ်စာရွက်မှာတော့ သဘောတူထားသလိုမဟုတ်ဘဲ လွှတ်တော်ကိုပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ မို့ တပ်မတော်ဟာ ၂၀၂၁ ဖေ ၁ ရက်နေ့မှာ ယာယီသမ္မတ ဦးမြင့်ဆွေကို သွားရောက် တွေ့ဆုံပြီး နိုင်ငံတော်အခြေအနေတွေတင်ပြကာ အာဏာလွှဲပြောင်းယူခဲ့ပါတယ်။
ဒီတော့ ... ဒီဖြစ်စဉ်ကြီးတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရင် တပ်မတော် ဘက်က တိုင်းပြည်အာဏာကို အလကားလွှဲယူခဲ့တာမဟုတ်ပါဘူး။ မဲစာရင်းတွေစစ်ဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပြီး လွှတ်တော်၊ ရွေးကော်၊ တရားစီရင်ရေး၊ အစိုးရ စတဲ့ အဆင့်ဆင့်ဖြေရှင်းဖို့ချဉ်းကပ်လို့မရတဲ့အခါကျမှသာ ဆောင်ရွက်ခဲ့ရတာပါ။ NUG, CRPH နဲ့ တရားမဝင်အသင်းမှာပါဝင်နေတဲ့ နိုင်ငံရေး ဂကြိုးဂချောင်သမားတွေ ပြောသလို တရားလက်လွတ်မဟုတ်ပါဘူး။ ဒါကို မင်းကိုနိုင်၊ ဂျင်မီ စတဲ့ တိုင်းပြည်ဖျက် နိုင်ငံရေးသမားတွေဟာ သူတို့လိုချင်တဲ့ လူထုအုံကြွမှုဖြစ်အောင် အဆိုပါ အချက်တွေ ကို ဖုံးထားပြီး လိုချင်တာလေးပဲ ကွက်ပြောခဲ့ကြတာပါ။ သမိုင်းဆိုတာ ဖော်ထုတ်ချင် ရင် အစအဆုံးဖော်တာပဲကောင်းပါတယ်။ ကိုယ်သာတာလေးကွက် ပေါ်လစ်တင်ပြီး ကိုယ် နာတာကျမှ အတိတ်မေ့သလို ရွှေပျောက်သလို လုပ်တာတော့ မကောင်းပါဘူးခင်ဗျာ။ တပ်က အာဏာထိန်းတယ်ဆိုတာကိုပြောချင်ရင် ဘာကြောင့် အာဏာထိန်းတယ်ဆို တာလေးလည်း ထည့်ပြောပေါ့။ မဟုတ်ဘဲ အာဏာထိန်းတယ်ဆိုတာချည်းပဲ Bold တင်နေမယ်ဆိုရင် ခင်ဗျားဟာ တရားမျှတတဲ့ နိုင်ငံရေးသမား၊ တိုင်းပြည်ကို တကယ် ကောင်းစေချင်တဲ့ နိုင်ငံရေးသမားမဟုတ်ဘဲ ကိုယ်ချစ်တဲ့ ပါတီနဲ့ ခေါင်းဆောင် အာဏာ ရဖို့ပဲ ခေါင်းထဲရှိတဲ့ တဘို့တည်းသော လူဖြစ်သွားမှာပါ။
အဲ .. ဒီနေရာမှာ တစ်ချက်ထည့်သွင်းဆွေးနွေးလိုတာက တပ်ဟာ မဲစာရင်း စစ်ပိုင်ခွင့်ရှိလို့လားဆိုတဲ့ မေးခွန်းပါ။ ရှိပါတယ် .. ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဆိုရင် မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်းနဲ့ နာရေးကူညီမှုအသင်းတွေတောင် စစ်ဆေး ပိုင်ခွင့်ရှိပါတယ်။ မဲစာရင်းလွဲမှားနေတယ်လို့ ယူဆလာရင် ရွေးကောက်ပွဲကော်မရှင် ကို သွားရောက်အငြင်းပွားပိုင်ခွင့်ဆိုတာ နိုင်ငံသားတိုင်းမှာရှိနေတဲ့အခွင့်အရေးပါ။ ဒါကို တပ်မတော်ဟာ မဲစာရင်းစစ်ခွင့်မရှိဘူးလို့ ဖင်ပိတ်ပြောနေတာကတော့ အင်မတန်မှ သေးသိမ်ရာကျလွန်းပါတယ်ဗျာ။
ဘာဖြစ်လဲဗျာ .. ခင်ဗျားတို့ ခဏခဏပြောနေတာပဲ။ NLD ပါတီသည်သာ ပြည်သူကထောက်ခံတာဘာညာဆိုပြီး။ ဒါဆိုလည်း ရှင်းရှင်းလေးပဲ ... မဲစာရင်း အစစ်ခံ လိုက်ပေါ့။ စောစောစီးစီးကသာ မဲစာရင်း အစစ်ခံခဲ့မယ်ဆိုရင် ခုလိုမျိုးဖြစ်လာမှာ မဟုတ်ဘဲ တချို့နေရာတွေမှာ အမှန်တကယ်နိုင်တယ်ဆိုတဲ့ Evidence သာရှိလာမယ် ဆိုရင် လက်မတောင်ထောင်လို့ရတဲ့အနေအထားဖြစ်သွားမှာပါ။ ခုတော့ မဲစာရင်း လည်း အစစ်မခံရဲ၊ မဟုတ်ဘူးလို့ပဲ တွင်တွင်ငြင်းရင်း တိုင်းပြည်ကို နိုင်ငံရေး ချောင်ပိတ် ရိုက်ခဲ့လိုက်ပါပြီလေ။ တပ်မတော်ဟာလည်း သူရပ်တည်လာတဲ့ အမျိုးသားနိုင်ငံရေး ခံယူချက်အရ မဲမသာမာမှု ဖြစ်လျက်ကြီးနဲ့တော့ အစိုးရပေးမဖြစ်နိုင်ဘူးဆိုတဲ့ အထိုင်နဲ့ အာဏာကို ထိန်းသိမ်းခဲ့ပါပြီ။ NUG, CRPH နဲ့ မတရားအသင်းမှာပါဝင်တဲ့ ပြည်ဖျက် နိုင်ငံရေးသမားတွေသည်လည်း သူတို့ အာဏာပြန်လည်ရရှိမှုအတွက် အလုံးစုံ ပျက်ဆီး ရေးကိုဦးတည်သော တော်လှန်ရေးကိုစခဲ့ပါပြီ။
ဒီတော့ ဘယ်သူက ပြည်သူအပေါ် စေတနာစစ်တယ်။ ဘယ်သူက သူတို့ ကိုယ်ကျိုးပဲ ကြည့်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပြီမို့ ထပ်လည်း မပြောလိုတော့ပါဘူး။ စာချစ်သူများခင်ဗျာ .. ယနေ့ဟာဆိုလျှင်ဖြင့် အာဏာထိန်းခဲ့တာ ၁ နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ မနေ့ကပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကနေ အရေးပေါ်ကာလကို ၆ လ ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။ တပ်မတော်ဟာ သူ့ကတိအတိုင်း မကြာခင်မှာ ရွေးကောက်ပွဲပြန်လည်လုပ်ဆောင် ပေးဖို့ လုပ်စရာရှိတာတွေဆက်လက်လုပ်ဆောင်နေပါပြီ။
ဒါပေသိ .. တပ်မတော်ကို နာမည်ဖျက်လိုတဲ့ အဖျက်သမားတစ်စုကြောင့် တစ်ချို့သော လူငယ်လူရွယ်များ အကြောင်းအရင်းအမှန်ကိုသိစေလိုသောငှာ ဒီ ဆောင်းပါးလေးကို ရေးသားလိုက်ရပါတယ်ခင်ဗျာ။ ကိုယ့်ခံယူချက်နဲ့ကိုယ်မို့ ကျန်တာ မပြောလိုသော်လည်း ဘာကြောင့် ဘယ်အရာဖြစ်ခဲ့တယ်ဆိုတာတော့ အစွဲကင်းကင်း နဲ့ မြင်စေ တွေးစေလိုပါတယ်။ ကျွန်တော်တို့ရဲ့ မြတ်စွာဘုရားတောင် ဟောခဲ့ပါတယ်။ အကျိုးရှိလု့ိ အကြောင်းဖြစ်လာတယ်ဆိုပြီး။ ခုလည်း တပ်မတော်ဟာ အလဟသ အာဏာထိန်းခဲ့တာမဟုတ်ပါဘူး။ မဲစာရင်းလွဲမှားမှုတွေကိုဖြေရှင်းမပေးလို့ အာဏာထိန်း ခဲ့ရတာဖြစ်ကြောင်းပါ ဗျာတို့ရေ ....
မင်းထက်ကျော်ဇော
Post a Comment