ပြည်​​ထောင်စု​လှေ သရုပ်​ဖော် အလှပြကားကြီးနဲ့ ဘာ​ကြောင့် နိုင်ငံ​တော်အလံကို အလံ​စောင့်တပ်ဖွဲ့ ခြံရံသယ်ရသလဲ

ပြည်​​ထောင်စု​လှေ သရုပ်​ဖော် အလှပြကားကြီးနဲ့ 
ဘာ​ကြောင့် နိုင်ငံ​တော်အလံကို အလံ​စောင့်တပ်ဖွဲ့ 
ခြံရံသယ်ရသလဲ
=================================
ဒီ​နေ့ online ​ပေါ်မှာ တစ်ဖက်ပိတ် ဗဟုသုတမရှိ 
ငါးစကားနွားရ ​ဝေဖန်​ရေးနဲ့ ​လေကန်​ရေးလုပ် 
ကဖျက်ရဖျက် နီပိတ်တစ်စုက ပြည်​ထောင်စု​လှေ 
သရုပ်​ဖော် အလှပြကားကြီးနဲ့ နိုင်ငံ​တော်အလံကို 
သယ်​ဆောင်တာကို မျိုးစုံ​ဝေဖန် တိုက်ခိုက် ပေါက်
တတ်ကရ ​ပြော​နေတာ​တွေ ​တွေ့ရ​တော့ အဲ့လူ​တွေ ​
ပြော​နေ ​ရေး​နေတာ​တွေ ဖတ်မိပြီး သူတို့ရဲ့ ဖြုတ်ဦး​
နှောက်အသိဉာဏ်​လေး​တွေကို သနားမိသွားတယ်...

ဒါ​ပေမယ့်လဲ သူတို့​သ​ရော်​နေသလို မဟုတ်တာ​တွေ
ကို​တော့ ​ဖြေရှင်းချပြရမှာပါဘဲ...

ဒါမှလဲ လူပြိန်း​တွေ​နောက် အ​မောင်​တောင်မှန်း​
မြောက်မှန်းမသိ ​ရော​​ယောင်လိုက်​နေတဲ့သူ​တွေ 
သိဖို့ ဒီစာကို မအားတဲ့ကြားက ​ရေးလိုက်ပါတယ်...

စာရှည်လို့ မဖတ်ချင်ဘူး မရှိကြပါနဲ့၊ 
ဖတ်ပါ မှတ်ပါ ​လေ့လာကြပါလို့ ကြို​ပြောပါရ​စေ၊ 
မဟုတ်ရင် အ ကုန်လိမ့်မယ်... ကျွန်​တော် အခုရှင်း
ပြမယ့် အချက် ၃ ချက်ဟာ ထင်ရာမြင်ရာ ငါ့စကား
နွားရ ​ပြောတာ မဟုတ်ပါဘူး၊ ခိုင်မာတဲ့ အချက် 
အလက်နဲ့ တင်ပြ ​ရေးပြတာပါ...

ဘာ​ကြောင့် ​ပြည်​ထောင်စု​လှေ သုံးရသလဲ 👇

မြန်မာစကားပုံ တစ်ခု ရှိပါတယ်၊
အဲ့ဒါက "တစ်​လှေတည်းစီး တစ်ခရီးတည်းသွား" 
ဆိုတာပါဘဲ...
ဆိုလိုရင်းကို ရှင်းပြရရင် လှေတစ်စီးကို အတူစီးပြီး 
ခရီးတစ်ခုကို အတူသွား​နေကြသူ​တွေမို့ ​ကောင်းတူ
ဆိုးဖက် သာတူညီမျှစိတ်နဲ့ ဘဝတူ​​တွေပါဘဲ လို့ 
ဆိုလိုရင်း ဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုထားတာ 
မှတ်သားဘူးပါတယ်...

​ဖော်ပြပါ စကားပုံရဲ့ ဆိုလိုရင်းကို သ​ဘော​ပေါက် 
သွားရင် ဘာ​ကြောင့် ပြည်​ထောင်စု​လှေ သရုပ်​ဖော် 
အလှပြကားကို သုံးထားရလဲဆိုတာ အ​ဖြေကရှင်း
ပါတယ်၊ 

ကားနဲ့ သယ်တာကို ​အလှပြလှေကြီးအဖြစ် 
အဓိပ္ပါယ်မဲ့ ဖန်တီးထားတာ မဟုတ်ပါဘူး၊ 
အဓိပ္ပါယ် အနှစ်သာရ တစ်ခုကို ​ဖော်​ဆောင်လိုတဲ့ 
ရည်ရွယ်ချက်နဲ့ "ပြည်​ထောင်စု​လှေ" လို့ အမည် 
တပ်ပြီး ​လှေဦးမှာ နိုင်ငံ​တော်ရဲ့ အချုပ်အခြာ 
အာဏာပိုင်ဆိုင်မှု ပြယုဂ်ဖြစ်တဲ့ ဖွဲ့စည်းပုံအ​ခြေခံ
ဥပ​ဒေနဲ့ အတည်ပြု ဥပ​ဒေ ပြဌာန်း တရားဝင်
အသုံးပြု​နေတဲ့ အလံ​တော်ကို ​ငွေဖလားမှာ စိုက်ထူ
ပြီး ပြည်​ထောင်စုသမ္မတမြန််မာနိုင်ငံအတွင်း ရာစု 
နှစ်အဆက်ဆက် ​အေးအတူပူအမျှ အတူတကွ ​
နေထိုင်လာကြတဲ့ ​သွေးချင်းသားရင်း တစ်အူထုံ့ 
ဆင်း တစ်​လှေတည်းစီး တစ်ခရီးတည်းသွားကြ
သူ တိုင်းရင်းသား ညီအစ်ကို ​မောင်နှမ​တွေ လိုက်ပါ 
သယ်​ဆောင်ကြတာဟာ ဘယ်​လောက်​လေးနက်တဲ့ 
ပြည်​ထောင်စုစိတ်ဓါတ်၊ မျိုးချစ်စိတ်ဓါတ်၊ စည်း 
လုံးညီညာမှုကို ​ဖော်​ပြထားခြင်းဘဲ ဖြစ်ပါတယ်...

ပြည်​ထောင်စုအလံ​တော်ကို ပြည်​ထောင်စု​လှေနဲ့ 
သယ်​ဆောင်တာဟာ ခုမှ အဆန်းထွင်ပြီး လုပ်တာ 
မဟုတ်ပါဘူး... လက်ရှိ အသက် ၃၅ အထက် ရှိတဲ့ 
မြန်မာနိုင်ငံသားတိုင်း မှတ်မိ သိမှီကြမှာပါ... ၁၉၉၅ 
ခုနှစ် ၄၈ ကြိမ်​မြောက် ပြည်​ထောင်စု​နေ့ အခမ်း 
အနားက​နေစပြီး ရန်ကုန်တိုင်း၊ ခရိုင် ၄ ခုကို အလံ​
တော်လှည့်တဲ့အချိန်ကစလို့ ပြည်​ထောင်စု​လှေကြီး 
သရုပ်​ဖော် အလှပြယာဥ်နဲ့ တင်​ဆောင် သယ်ယူခဲ့
တာဟာ ၂၀၀၆ ခုနှစ် ၅၉ နှစ်​မြောက် ပြည်​ထောင်စု​
နေ့ အခမ်းအနားအထိပါ... ၂၀၀၇ ခုနှစ် ၆၀ ကြိမ်​
မြောက်ကစလို့ ​နေပြည်​တော်မှာ ကျင်းပခဲ့တာ ယခု 
၇၅ နှစ်​မြောက် အခမ်းအနားမှာ​တော့ ပြည်​ထောင်စု​
လှေကြီးကို ပြန်လည်အသုံးပြု လက်ဆင့်ကမ်း 
သယ်​ဆောင်တာ ဖြစ်ပါတယ်...

ဘာ​ကြောင့် အလံ​​​တော်ကို လက်ဆင့်ကမ်း 
သယ်​ဆောင်ရသလဲ 👇

Online ​ပေါ်မှာ ​တွေ့လိုက်ပါတယ်.. 
ဘာတဲ့ "ဒို့ပြည်​ထောင်စု အလံ​တော်သည် တစ်လူ
လွှင့်လို့ ချီလာပြီ" ဆိုတဲ့ သီချင်းစာသားကို ဖျက်ပြီး 
"ဒို့ပြည်​ထောင်စု အလံ​တော်သည် ဗိုလ်ချုပ်​စျေး
က ဝယ်လာသည်" စသည်ဖြင့် သ​ရော်​တော်​တော် ​
ရေးကြ ရှယ်ကြတာ မြင်မိ​တော့ တစ်ကယ် စိတ်
မ​ကောင်း ဖြစ်မိပါတယ်..

သူတို့ရဲ့ ​ဗဟုသုတမရှိ သေးနုပ်တဲ့ အထင်အမြင်
အရ​တော့ သာမန်အလံ​တော်​လေး​လို့ မြင်မှာ​ပေါ့...

တစ်ကယ်​တော့ အလံ​တော် တပ်ဆင်ထားတဲ့ ​ငွေ
အလံတိုင်ဟာ ​ခေါင်းပွ ပြုလုပ်ထားပြီး အလံတိုင်
ထိပ်က​နေ ဝက်အူရစ် လှည့်ဖွင့်လိုက်ရင် အထဲမှာ 
ဝါကျင်ကျင် အ​ရောင်​ပြောင်း​နေမယ့် စာရွက်လိပ်​
လေးတစ်ခု ထွက်လာမှာပါ... အဲဒီစာရွက်​လေးက​
တော့ မြန်မာ့လွတ်လပ်​ရေး ရရှိဖို့ တိုင်းရင်းသား​
ခေါင်း​ဆောင်​ကြီးတွေ ပုဂ္ဂလ ခံစားချက် အတ္တ​တွေ ​
ဘေးချိတ် အတူတကွ စုစည်း ညီညွတ်စွာ လက် 
မှတ်​ ရေးထိုးထားပြီး လွတ်လပ်​ရေးခရီးအစ​ခြေ 
လှမ်းခဲ့ကြတဲ့ သမိုင်းဝင် ပင်လုံစာချုပ်ပါဘဲ...

ဒါ​ကြောင့် အလံ​တော်သယ်ယူတာလို့ သာမန်အား
ဖြင့် မြင်ကြ​ပေမယ့် တစ်ကယ့်အနှစ်သာရ 
အစစ်အမှန်က​တော့ စည်းလုံးညီညာ​အောင်​ကြောင်း
ဖြာလို့ လွတ်လပ်​ရေးပန်းတိုင် လှမ်းကိုင်နိုင်ခဲ့တာ
ကို ​နောင်လာ​နောက်သား​တွေ မ​မေ့​အောင်၊ စည်း 
လုံးညီညွတ်ခြင်းအ​မွေ၊ လွတ်လပ်​ရေးအ​မွေ​တွေကို 
လက်ဆင့်ကမ်း သယ်​ဆောင်သွားကြရ​အောင် 
ရည်ရွယ်ပြီး အလံ​တော်ကို လက်ဆင့်ကမ်း သယ်ယူ
ကြတာ ဖြစ်ပါတယ်...

ခပ်ပိန်းပိန်း​တွေ ​ပြောသလို ဗိုလ်ချုပ်​စျေးထဲက 
ဝယ်လာတဲ့ အလံ​လေးကို အ​လေးတယူ အချိန်
ကုန် ​ငွေကုန် လူအင်အား​တွေသုံးပြီး အလှပြ ​ဖော်ရှိုး 
သယ်​နေတာ မဟုတ်ပါဘူးဆိုတာ ရှင်းသွားကြမယ် 
ထင်ပါတယ်

ဘာ​ကြောင့် ​အလံ​တော်ကို အလံ​တော်​စောင့်အရာရှိ 
၄ ဦးပါ အလံ​စောင့်တပ်ဖွဲ့ လုံခြုံ​ရေးယူပြီး ခြံရံသယ်
ရသလဲ 👇

အ​ဖြေက အ​ပေါ်မှာ ပါသွားပါပြီ၊ မြန်မာ့လွတ်လပ်​
ရေးသမိုင်းခရီးမှာ အ​ရေးကြီးဆုံးဖြစ်တဲ့ ပင်လုံ
စာချုပ်ကြီး အလံတိုင်​ငွေရိုးထဲမှာ ရှိ​နေလို့ပါဘဲ... 

မသမာသူ အဖျက်သမား​ ရန်သူဆိုတာ ချို (ဂျို) 
မပါလို့ ဘယ်အချိန်မှာ ဘယ်လို ဘယ်နည်းနဲ့ အ
ဖျက်အ​မှောက် လုပ်မယ်ဆိုတာ မသိနိုင်ပါဘူး... 

ဒါ​ကြောင့်လဲ မြန်မာ့လွတ်လပ်​ရေးရဲ့ အသက်ဝိ
ဉာဏ် ပင်လုံစာချုပ်ကို အလံ​စောင့်တပ်ဖွဲ့ဝင် 
ကြည်း၊ ​ရေ၊ ​လေ၊ ရဲ အရာရှိ ၄ ဦးဟာ ကာကွယ်​
စောင့်​ရှောက် လုံခြုံ​ရေး​ပေးပြီး ခြံရံ လိုက်ပါရခြင်း
ဘဲ ဖြစ်တယ်ဆိုတာ လူတိုင်း နားလည်လွယ်​အောင် 
အရှင်းဆုံး ​ရေးသား တင်ပြလိုက်ရပါတယ်...

အမြင်ကျယ်၍ အကျယ်မြင်နိုင်ကြပါ​စေ..
နီပိန်းပိတ်များကနိုင်ငံတော်အလံကိုအလွဲသုံးစား
လုပ်ခဲ့တော့တန်းဘိုးမသိအဓိပ္ပါယ်မသိစုံလုံးကန်း
များအတွက်ပြန်လည်မျှဝေလိုက်ပါသည်။.

#တင်လတ်ယု
#PeopleVoice

Post a Comment

Previous Post Next Post