အရေးပေါ်ကာလအခြေအနေနောက်ထပ်(၆)လ သက်တမ်းတိုးပေးဖို့ ယာယီသမ္မတအား ကာကွယ်ရေးဦးစီးချုပ်တင်ပြ၊ကာလုံအစည်းအဝေးက နောက်ထပ်(၆)လသက်တမ်းတိုးရန်ဆုံးဖြတ်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)အား ယနေ့ ဇန်နဝါရီ ၃၁ရက်တွင် နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့ရာ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ် ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေ အနေအရ အစည်းအဝေးတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။
အစည်းအဝေးတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလအား သက်တမ်းတိုးမြှင့်ပေးပါရန်တင်ပြခဲ့ပြီး၊လက်ရှိအခြေအနေကို ရှင်းလင်းပြောကြားခဲ့မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။
တင်ပြရာတွင် ပြည်တွင်းပြည်ပမှ အဖျက်အမှောင့်များမရှိပါက ယခုထက်ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး ယနေ့ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ တင်ပြချက်များအရ အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလအား ၆ လသက်တမ်းတိုးလိုက်ကြောင်း အမျိုး သားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ကြေညာခဲ့သည်ဟုသိရသည်။
Telegram တွင်ဖတ်ရန် >> https://t.me/popularjournal
Post a Comment