PR စနစ်နှင့်ပတ်သတ်၍ .....


PR စနစ်နဲ့ ရွေးကောက်ပွဲဖြစ်ဖို့ သေချာသလောက် ပြင်ဆင်နေကြချိန်မှာ PR အပေါ်ကို Negative အမြင်တွေနဲ့ ပြောဆိုရေးသားနေကြတာတွေ ဖတ်နေရတယ်။ 
PR စနစ်ကြောင့် လူဦးရေအချိုးအစားမှာ 10% ရှိနေတဲ့ အစ္စလာမ်ဘာသာဝင်တွေ လွှတ်တော်ထဲ ရောက်လာလိမ့်မယ်ဆိုတဲ့ အတွေးအမြင်ကို ဖြန့်နေကြတာ များပါတယ်။ 
ဒီနေရာမှာ တချက်ကလေး သိထားရမှာက PR စနစ်ကျင့်သုံးတာနဲ့ နိုင်ငံ့လူဦးရေ အချိုးအစားအတိုင်း လွှတ်တော်ထဲမှာ ကိုယ်စားလှယ်ရမယ် ထင်နေမှုဟာ အမှားကြီး မှားတယ်လို့ ဆိုပါရစေ။ 

အခုလို အတွေးအခေါ် ပြန့်နှံ့လာမှုဟာ PR စနစ်ကျင့်သုံးရင် တနိုင်ငံလုံးကို မဲဆန္ဒနယ် တခုအဖြစ်သာ သတ်မှတ်ကြမယ် ထင်နေကြလို့ ဖြစ်ပါတယ်။ 
အခု ကျင့်သုံးမယ့် PR စနစ်မှာက တနိုင်ငံလုံးကို မဲဆန္ဒမယ် တနယ်တည်း သတ်မှတ်မှာ မဟုတ်ပါဘူး။
လာမယ့် ရွေးကောက်ပွဲတွေမှာ ကျင့်သုံးမှာက  ခရိုင်အလိုက် မဲဆန္ဒနယ် သတ်မှတ်မှာပါ။
ဒီတော့ ၂၀၁၄ သန်းခေါင်စာရင်းအရ ခရိုင်အလိုက် လူဦးရေစာရင်းနှင့် ကိုးကွယ်မှုဘာသာအလိုက် လူဦးရေစာရင်းတွေ တိုက်ဆိုင်စိစစ်ကြည့်ကြပေါ့။

ဒီအချက်ကိုသိရင် အခုတွေးပူနေကြတဲ့ အမြင်ဟာ မှားနေကြောင်း သိသာလာပါလိမ့်မယ်။
၂၀၁၄ သန်းခေါင်စာရင်းမှာ အစ္စလာမ်ဘာသာဝင်အနေဖြင့် တနိုင်ငံလုံးတွင် ၁၁၄၇၄၉၅ ဦး ရှိနေတဲ့အတွက် လူဦးရေအားဖြင့် ၂.၃% သာ ရှိနေပါတယ်။ 
ပြည်နယ်တိုင်းအလိုက် စိစစ်ကြည့်ရင် မွန်ပြည်နယ်မှာ အများဆုံးဖြစ်ပြီး ၁၁၉၀၈၆ ဦးရှိကာ ပြည်နယ်လူဦးရေရဲ့ ၅.၉% အထိ ရှိနေပါတယ်။ ဒီလူဦးရေကို ခရိုင်အလိုက် စိစစ်ကြည့်လိုက်ရင် စိုးရိမ်စရာ မဟုတ်တာကို တွေ့ရပါလိမ့်မယ်။ 
ဒီနေရာမှာ အရေးကြီးတာက ၂၀၁၄ သန်းခေါင်းစာရင်းကောက်ယူချိန်က ကျန်နေခဲ့တဲ့ ဒေသတွေ အမြန် ကောက်ယူဖို့ ဖြစ်ပါတယ်။ ရှေ့ပြေးစာရင်းအရ ပြည်ထောင်စုလူဦးရေရဲ့ ၆.၂% အထိ ရှိနိုင်ပါတယ်။  
ဒါမှသာ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ 
ကျွန်တော့်အနေအားဖြင့် တရားသေပြောရရင် လာမယ့်ရွေးကောက်ပွဲတွေမှာ ဘာသာရေးအကြောင်းပြုပြီး စိုးရိမ်စရာအခြေအနေ ဘာအကြောင်းမှ မရှိဘူးဆိုတာပါပဲ။ 
တနိုင်ငံလုံးအနေဖြင့် မဲဆန္ဒနယ် တနယ်တည်းသတ်မှတ်ရင်တောင် စိုးရိမ်စရာအကြောင်း မရှိပါဘူး။
ကျွန်တော်ပြောခဲ့တဲ့ ခရိုင်အလိုက် မဲဆန္ဒနယ် သတ်မှတ်မယ်ဆိုရင်  ပါလှ ၁ ယောက်ပေါ့ဗျာ။  ဒါလည်း အလွန်ဆုံးပြောတာပါ။ 
ဒီအခြေအနေလေးအတွက် PR စနစ်အပေါ် အမြင်လွဲမှားနေကြရင်တော့ ဒီထက်ပိုတဲ အင်အားတွေ ပေးလိုက်ရမယ်လို့ပဲ ပြောချင်ပါတော့တယ်။

#DrKyawSwe
#credit

Post a Comment

Previous Post Next Post