ကယားတိုင်းရင်းသားတွေကို ဖိနှိပ်လာတဲ့ ကယန်း PDF

 ဂေါ်ရခါးရွာနဲ့ ဟိုဖိတ်ရွာတိုက်ပွဲဖြစ်စဉ်တွေအရ
ကြည့်မယ်ဆိုရင် ကယားလူမျိုးတွေနေတဲ့ဒေသကို 
ကယန်း PDF တွေက အနိုင်ကျင့်ညှင်းပန်းနှိပ်စက်
နေတာကို တွေ့ရတယ်။
- ကယားလူမျိုးမှာလည်း လက်နက်ကိုင်အဖွဲ့ရှိ
သလို ကယန်းမှာလည်း လက်နက်ကိုင်အဖွဲ့ရှိတယ်။ 
ဒါပေမယ့် ကယန်းတွေက လူဦးရေများလို့ ကယား
တွေက မလှန်နိုင်ဘူး။ အမြဲနှိပ်စက်ဖိနှိပ်တယ်။ 
ဘယ်လောက်ထိလဲဆိုရင် ကယန်းလူမျိုးနဲ့စကား ပြောမယ့် ကယားလူမျိုးက ဖိနပ်ချွတ်ပြီး ပြောရ
တယ်။ ဦးထုပ်ဆောင်းထားရင် ဦးထုပ်ချွတ်ရတယ်။ 
(ကယန်းလူမျိုးအားလုံးကို မဆိုလိုပါ)

- အခုဖြစ်စဉ်တွေမှာလည်း ကယား/ဗုဒ္ဓတွေဖြစ်တဲ့ 
ဒေသခံ(၅)ဦးကို ကယန်း PDF က ဒလန်ဆိုပြီး 
လူသားတံတိုင်းလုပ် ဆုတ်ခွာရာနေရာတိုင်းကို ဖမ်း
ခေါ်ခဲ့တယ်။ ဖမ်းဆီးခံရတဲ့ ဦးစိုးထွေးက လယ်ထဲ 
ရေသွင်းနေချိန်မှာ ကယန်း PDF က ဖမ်းဆီးခေါ်
သွားတာ။ သူ့လိုပဲ အဖမ်းခံရသူ ကယားလူမျိုး ၅ 
ယောက်ရှိတယ်။ ၃ ယောက်ကတော့ ဘယ်ကိုခေါ်
သွားမှန်းမသိဘူး။ စစ်တပ်နဲ့ တိုက်ပွဲဖြစ်တော့ 
အသက်ကြီးနေတဲ့ သူရယ်၊ မျက်လုံးဖောက်ခံထားရ
တဲ့ အမျိုးသမီးရယ်ကို ဟိုဖိတ်ရွာမှာ ထိပ်တုံး ခတ်
ထားခဲ့တယ်။ ပြီးတော့ မိုင်းထောင်ခဲ့တယ်။ စစ်တပ်
ရောက်လာတော့ မိုင်းကွဲတယ်။ ဟိုအမျိုး သမီး
ကတော့ မျက်လုံးဖောက်ခံထားရတဲ့အရှိန်နဲ့ အစော
ကတည်းက အသက်မရှိတော့ဘူး။ ဦးစိုးထွေးက 
ဝမ်းဗိုက်မှာ မိုင်းစ ၆ ချက်စိုက်ဝင်ခဲ့တယ်။ အခု
တော့ စစ်ဆေးရုံမှာ အူတွေကိုဖြတ်ပြီး ဆက်လိုက်
တော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူး။ သွေး ၃ 
ပုလင်းသွင်းရတယ်။

- ပြောချင်တာက .. 
ကရင်နီလွတ်မြောက်ရေးဆိုပြီး ကယားပြည်နယ်မှာ 
ကယန်းတွေက ကယားတွေကို အနိုင်ကျင့်နေတယ်
ဆိုတာပါပဲ။

- အခု လွိုင်ကော်ဖြစ်စဉ်တွေမှာလည်း ကယန်း 
PDF တွေရဲ့ လုပ်ရပ်ကြောင့် အိမ်ပစ်ပြီးပြေးရတဲ့ 
ကယားလူမျိုးတွေအများကြီး။ အဲ့အိမ်တွေကို က
ယန်းတွေက သိမ်းပိုက်ပြီး မောင်ပိုင်စီးထားလေရဲ့။
ကိုယ့်လူမျိုးအချင်းချင်း သစ္စာမဲ့တဲ့ ကယန်းတွေကို 
ချေးထက်ရွံ့မိတာတော့အမှန်ပဲ။

ပုံ/ လွိုင်ကော်သား
#KT

Post a Comment

Previous Post Next Post