PDF တွေ သစ်ခိုးလို့ တောတွေလည်း ကုန်တော့မည်

လွိုင်ကော်က PDF တွေကို ရပ်ကွက်တစ်ခုချင်းအလိုက် ပိုက်စိပ်တိုက်ရှင်းလင်းပြီးပါပြီ ။
မနေ့က လွိုင်ကော် မှ ဒီမောဆိုဘက်အထွက်
၆မိုင် ဒေါပိုးစီဘက်ကို ဆက်ရှင်းနေကြပါတယ်..
မနေ့က ညနေပိုင်း ဒေါပိုးစီ နဲ့ ဂေါ်ရခါးရွာမှာ
တိုက်ပွဲဖြစ်ပြီး KNDF နဲ့ KNPP အလောင်း၃လောင်း
နဲ့ လက်နက် ၁၀လက် ရရှိခဲ့ပါတယ်...
ဒဏ်ရာရထားတဲ့ သူတွေလည်းများပြီးတော့
ဆေးကုသဖို့ ခက်ခဲနေကြပါတယ်....
တချို့ PDF နဲ့ KNDF တွေ ဒဏ်ရာရထားပြီး
လွိုင်ကော်မြို့ထဲကို ညပိုင်း ဝင်ရောက်ကုသဖို့
ဝင်ရောက်လာကြပေမယ့် မြို့တွင်းမှာ ရှိနေတဲ့
မြို့လုံခြုံရေး ကင်းပုန်းတွေ ပတ်ကင်းတွေနဲ့တိုးပြီး
ဖမ်းဆီးခံခဲ့ရတာတွေရှိပါတယ်...
စစ်ဦးကျိုးသွားတဲ့ PDF နဲ့ KNDF တွေဟာ
လွိုင်ကော်မြို့သိမ်းအိပ်မက် ပျက်ပြယ်သွားတဲ့
အပြင် ထိခိုက်ဒဏ်ရာရသူတွေကို ကုသဖို့ပါ
ပြသနာတစ်ရပ်ဖြစ်နေပါပြီ... 
ယခုရက်ပိုင်း သေဆုံးသူတွေများနေပြီး
PDF တွေ စိတ်ဓာတ်ပိုင်းထိခိုက်တွေမရှိအောင်လို့
နာရေးပြုလုပ်မှုတွေကိုလည်း လိုင်းပေါ်မတင်ကြဖို့
KNPP က ညွှန်ကြားထားပါတယ် ။

Post a Comment

Previous Post Next Post