ရေဦးမြို့နယ်ရှိ PDF စခန်း ရှင်းလင်းခံရ

ရေဦးမြို့နယ်ရှိ PDF စခန်း ရှင်းလင်းခံရ

ဒီပဲယင်း၊ဇန်နဝါရီ-၁၄(PeopleMedia)

စစ်ကိုင်းတိုင်းဒေသကြီး၊ရေဦးမြို့နယ်၊ယဉ်ကျင်းရွာ၌ အခြေပြု  လှုပ်ရှားသည့် PDF အထိုင်စခန်းသည် ယနေ့ မွန်းလွဲပိုင်းက ရှင်းလင်းခံလိုက်ရကြောင်း ဒေသခံ အချို့ထံမှ သိရသည်။

"ဒီနေ့ မွန်းလွဲ ၂နာရီ အချိန်ခန့်က ဝင်ရှင်းခံလိုက်ရတာပါ။သေနတ်တွေ ဆက်စပ်ပစ္စည်းတွေ  ရိက္ခာတွေ ဆုံးရှုံးသွားတယ်။တပ်က ဝင်ရှင်းလိုက်တာ။"လို့ ဒေသခံ တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ န-မ-ခ စစ်တိုင်းမှူး အပြောင်းအလဲဖြစ်ပေါ်ပြီးနောက် လက်ရှိ န-မ-ခ စစ်တိုင်းမှူးသည် စစ်ရေးလှုပ်ရုားမှုကို ဆက်တိုက်ဆိုသလို ဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် တိုင်းဒေသကြီးဖြစ်ပြီး တိုင်းအတွင်းရှိ PDF အဖွဲ့များ၏ အခြေပြုရာ နေရာများသည် ယခု ရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ရှင်းလင်းခံရလျက်ရှိသည်။

Photo-ရေဦးမြို့နယ်၊ယဉ်ကျင်းကျေးရွာရှိ PDF စခန်း ရှင်းလင်းခံရမှု 

#PeopleMedia #ရေဦးမြို့နယ်

Post a Comment

Previous Post Next Post