NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာ/ ဆရာမ ပညာရေးဝန်ထမ်း ၁၉ဦး အထိ သေဆုံးခဲ့ရ

NLD, PDF အစွန်းရောက် အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆရာ/ ဆရာမ ပညာရေးဝန်ထမ်း ၁၉ဦး အထိ သေဆုံးခဲ့ရ

MNP ၊ ဇန်နဝါရီ ၁၅

NLD ပါတီဦးဆောင်သူများသည် မဲလိမ် မဲခိုးမှုများကြောင့် ၎င်းတို့အား ဖယ်ရှားပြီး တပ်မတော်က နိုင်ငံတော်တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူခဲ့သည့်နောက် တပ်မတော်ဦးဆောင်သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား အာဏာသိမ်းစစ်အုပ်စု၊ စကစ အစရှိသဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ဆူပူအကြမ်းဖက်လှုံ့ဆော်၍ ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ကြသည်။

NLDပါတီ ဦးဆောင်သူများ ဖွဲ့စည်းထားသည့် CRPH, NUG အဖွဲ့များက ၎င်းတို့ကို ထောက်ခံသူများအား PDF အကြမ်းဖက်အဖွဲ့အဖြစ် ဖွဲ့စည်းပြီး ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ (၁-၂-၂၀၂၁) မှ (၁၀-၁-၂၀၂၂) ထိ ဆရာ/ဆရာမ၊ ပညာရေးဝန်ထမ်း ၁၉ဦး အထိ သေဆုံးခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စတင်ဆောင်ရွက်သည့်အချိန်မှစ၍  စာသင်ကျောင်းများအား မီးရှိဖျက်ဆီးမှု (၁၁၇)ကြိမ်၊ စာသင်ကျောင်းများအား ဗုံးဖောက်ခွဲမှု (၃၆၆)ကြိမ်၊ စာသင်ကျောင်းများအား သေနတ်ဖြင့်ပစ်ခတ်မှု (၁၀)ကြိမ်၊ စာသင်ကျောင်းများတွင် ခြိမ်းခြောက်စာပေးမှု (၄၄)ကြိမ်၊ ဒဏ်ရာရရှိသော ဆရာ/ဆရာမနှင့် ပညာရေး ဝန်ထမ်း (၂၈)ဦး အထိ ရှိခဲ့သည်။

NLD ပါတီနှင့် ၈၈ပွင့်လင်းမှ နိုင်ငံရေးလုပ်စားသူများသည် ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်ကာ တရားမဝင် ရရှိသော ငွေကြေး၊ လက်နက်များ ထောက်ပံ့ပေးပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့ရာ သံဃာတော် ၁၈ပါး အပါအဝင် အပြစ်မဲ့ ပြည်သူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ရသည်။

NLD ပါတီဦးဆောင်သူများသည် ၎င်းတို့အား ထောက်ခံသူများကို အကြမ်းဖက်သမားများအဖြစ် အသုံးချ၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေခြင်းသည် တိုင်းရင်းသားလူမျိုးစုများအပေါ် ကျူးလွန်ရာရောက်သည့် ရာဇဝတ်မှုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုသည်။
                                                  
https://t.me/MyanmarNationalPost
www.mnpnewsagency.com

Post a Comment

Previous Post Next Post