တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်ခဲ့လို့ ဂုဏ်သရေရှိ သံအမတ်ကြီး ဘဝကနေ အင်္ဂလန်မှာ NGO အလုပ်သမားဘဝနဲ့ ရပ်တည်နေရတဲ့ ဦးကျော်စွာမင်း

 
တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်ခဲ့မိလို့ ဂုဏ်သရေရှိ လူကြီးလူကောင်းဘဝကနေ လမ်းဘေး ခွေးဝဲစား၊ သူတောင်းစားဘဝ ရောက်သွားခဲ့ရတဲ့ ကျော်စွာမင်းရဲ့ အကြောင်းကို အများပြည်သူသိအောင် ပြောပြချင်ပါတယ်။ သူဟာ ၂၀၁၃ ကနေ ၈ နှစ်ကျော် ဗြိတိန် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးလုပ်ခဲ့တယ်…။ သံအမတ်ဘဝတုန်းကလည်း သူများ တွေထက် အခွင့်အရေးတွေ ပိုယူခဲ့တာ ဝန်ကြီးဌာနတစ်ခုလုံး အသိဆိုပဲ…။ ပြီးတော့ သူ့သား ဗိုလ်ကြီး ရဲခေါင် ဆိုရင်လည်း ၂၀၁၆ ခုနှစ်တုန်းက Brighton မှာ မဟာဘွဲ့ သွားယူတုန်းက ပညာတော်သင်သွားဖို့ တပ်ကလူကြီးတွေကို ခခယယနဲ့ ပြောခဲ့ပြီး အခွင့်အရေး ပိုယူခဲ့တယ်…။ သင်တန်းတက်နေရင်း စာမကြိုးစားဘဲ စာမလိုက်နိုင် တော့ ကျန်းမာရေးအကြောင်းပြ သင်တန်းပြီးအောင်မတက်ဘဲ နိုင်ငံတော်စရိတ်နဲ့ လန်ဒန်မှာ အခန့်သား နေခဲ့တယ်…။ နောက်တော့ စိတ်ဓာတ်ပျက်နေတာကို ရောဂါ အကြောင်းပြ ခွင့်မဲ့ပုံစံမျိုးနေခဲ့ပြီး မြန်မာပြည်တောင် ပြန်မသွားဘဲ တပ်ကနေ ထွက်ခွင့် တင်ခဲ့တယ်။ 
၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့မှာတော့ ကျော်စွာမင်း ကို ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးဆိုတဲ့ ရာထူးကနေ ဖြုတ်ချခြင်းခံခဲ့ရတယ်။ အဲဒီနောက်မှာတော့ ကျော်စွာမင်း ဟာ လက်သုံးချောင်းထောင်ကာ CRPH၊ NUG တို့နဲ့ ပူးပေါင်းမယ်ဆိုတဲ့အကြောင်း လူရှေ့သူရှေ့မှာ ပြောလာပါတော့တယ်။ ဒါပေမဲ့ CRPH၊ NUG အဖွဲ့တွေက သာကူး ကျော်စွာမင်း ကို အခုအချိန်ထိ ဖုတ်လေတဲ့ငါးပိ ရှိလေတယ်လို့တောင် မသတ်မှတ်ခဲ့ ပါဘူး။ ဒီတော့ ကျော်စွာမင်း တစ်ယောက် နေစရာနေရာမရှိ၊ စားစရာမရှိနဲ့ မျောက် သစ်ကိုင်းလွတ်ပမာ၊ သောင်ပြင်မှာ လွတ်တဲ့ခွေးပမာ၊ အရိုးကိုက် ခွေးပမာ၊ လမ်းဘေး ခွေးဝဲစားပမာ ဒုက္ခရောက်ရပြီပေါ့…။ ကြားရတဲ့ သတင်းတွေအရတော့ သံအမတ်ကြီး ဘဝတုန်းက သူနေခဲ့တဲ့အိမ်ဟာ မြန်မာအစိုးရပိုင် အိမ်ဖြစ်နေလို့ နောက်ထပ်အိမ်တစ်လုံး ဝယ်ဖို့ ကြိုးစားခဲ့သေးတယ်တဲ့…။ ပြီးတော့ အဲဒီလိုဒုက္ခတွေ ရောက်နေတဲ့အချိန်မှာ နောင်တတွေရပြီး သူမှားပါတယ်ဆိုတဲ့အကြောင်း၊ မြန်မာပြည်ကို ပြန်လာချင်ပါတယ် ဆိုတဲ့အကြောင်း ကြားလူကနေတစ်ဆင့် နစက ဆီကို ဆက်သွယ်ခဲ့သေးတယ်ဆိုပဲ…။ 
အခုတော့ လန်ဒန်ရဲ့ အနောက်တောင်ဘက် ၂၇ မိုင်လောက်သွားရတဲ့ World Wide Fund For Nature(WWF) (သဘာဝအတွက် ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့) NGO မှာ အလုပ်လုပ်နေရတယ်တဲ့…။ NGO ဆိုတာက လှူတဲ့သူရှိမှ ရပ်တည်နိုင်တဲ့ အဖွဲ့အစည်း မျိုးပါ။ ဒီလိုအဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်နေရတယ်ဆိုတော့ ကျော်စွာမင်း ရဲ့ ဘဝ ဟာ ပေးတာယူ ကျွေးတာစားနေရတဲ့ သူတောင်းစားလိုပါပဲ…။ သူ့သားဆိုရင်လည်း လန်ဒန်ရဲ့ အနောက်ဘက် ၄၁ မိုင်လောက်သွားရတဲ့နေရာမှာ ဓာတ်မှန်ရိုက်တဲ့ အလုပ် လုပ်နေရတယ်တဲ့…။
တကယ်ဆိုရင် ကျော်စွာမင်း ဟာ သံအမတ်ကြီးဘဝတုန်းက နိုင်ငံတော်အဆင့် အခမ်း အနားတွေမှာ ဂုဏ်ရှိရှိတက်ခွင့်ရခဲ့ပြီး ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ယောက် ဖြစ်ခဲ့သလို သူ့သားဆိုရင်လည်း တပ်မတော်က အရာရှိတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ သောင်ပြင်မှာ လွတ်တဲ့ခွေးလို၊ အရိုးကိုက် ခွေးလို၊ လမ်းဘေး ခွေးဝဲစား လို၊ သူတောင်းစားဘဝနဲ့ သူများခိုင်းဖတ် ရောက်နေရပြီ…။ ဒါဟာ တိုင်းပြည်နဲ့ လူမျိုး အပေါ်ကို သစ္စာဖောက်ခဲ့လို့ သစ္စာစူးတာပဲ ကျော်စွာမင်း ရေ…။ 
#မင်းမင်း

Post a Comment

Previous Post Next Post