KNU ဗဟိုမှ ဇန်နဝါရီ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တာဝန်မှရပ်နားလိုက်ကြောင်းအမိန့်ကို လက်မခံဘဲ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်သွားမယ်လို KNDO ခေါင်းဆောင် နယ်ဒါးမြက ဇန်နဝါရီ ၂၁ ရက်နေ့က တုန့်ပြန်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ KNU ဗဟိုအနေဖြင့် တပ်မဟာများနှင့် လက်အောက်အဖွဲများအပေါ် ကွပ်ကဲရာတွင် အာဏာသက်ရောက်မှုမရှိဘဲ လက်အောက်အဖွဲများမှ ဗဟိုရဲ့အမိန့်ကိုမနာခံဘဲ ငွေကြေးရလိုမှုနောက်ကိုသာလိုက်ကာ ဆန့်ကျင်တုန့်ပြန်မှုများမကြာခဏပြုလုပ်ခံနေရကြောင်း သိရသည်။
#kk
Post a Comment