ဂျပန်ကုမ္ပဏီတွေ မြန်မာမှာ လုပ်ငန်းတိုးချဲ့လည်ပတ်တာတွေ လုပ်ဖို့ရှိတယ်လို့ JETROဖော်ပြ

 ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ (JETRO)အစီရင်ခံစာက မြန်မာနိုင်ငံမှာ ရှိတဲ့ ဂျပန်ကုမ္ပဏီအများစုဟာ လာမယ့် နှစ်အနည်းငယ်အတွင်းမှာ လုပ်ငန်းလည်ပါတ်တာတွေ၊ချဲ့ထွင်တာတွေ ရှိလာလိမ့်မယ်လို့ ဖော်ပြလိုက်ပါတယ်။
လုပ်ငန်းလည်ပတ်၊ချဲ့ထွင် ဖို့ ရှိတဲ့ ဂျပန်ကုမ္ပဏီရာခိုင်နှုန်းကို ၇၀ရာခိုင်နှုန်းရှိတယ်လို့လည်း ဆိုထားပါတယ်။
၂၀၂၁မှာ မြန်မာ့နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်ပေါ်ခဲ့တာ၊ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် မြန်မာ့စီးပွားရေးအခြေအနေ ကျဆင်းနေတာတွေ ရှိနေချိန် ဂျပန်ကုမ္ပဏီအများစုရဲ့  အလားအလာက လုပ်ငန်းလည်ပတ်တာနဲ့ ချဲ့ထွင်ဖို့ရှိနေတာပါ။

ဒါပေမယ့် မြန်မာမှာ စီးပွားရေးလုပ်ကိုင်နိုင်တဲ့ရပ်ဝန်း ဆက်ပြီးဆိုးရွားနေမယ်ဆိုရင်တော့ လုပ်ငန်းလည်ပတ်တာ၊ချဲ့ထွင်တာထက် လုပ်ငန်းလျှော့လုပ်တာနဲ့ ရုတ်သိမ်းတာတွေဖြစ်လာနိုင်တယ်လို့လည်း JETRO အဖွဲကဆိုပါတယ်။

ဒီလို ဆိုးရွားတဲ့ ဆောင်ရွက်မှုတွေ ဖြစ်လာခဲ့တယ်ဆိုရင် ဒါဟာ ဂျပန်လုပ်ငန်းရှင်တွေအနေနဲ့ ရွေးချယ်စရာမရှိတော့ဘဲ လုပ်ရတာဖြစ်တယ်လို့ပါ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

မြန်မာမှာ ဂျပန်ရဲ့ ရင်းနှီးမြှပ်နှံမှုမှာ ထိပ်တန်းနိုင်ငံစာရင်းတွေထဲ ပါပြီး ရန်ကုန်နဲ့ အနီးဆုံးနေရာမှာ ဆိုရင် သီလဝါ စီမံကိန်းကြီးတွေ၊နောက်ပြီး သာကေတမှာ ရှိတဲ့ သံဘောင်ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေ ရှိနေတာပါ။

Post a Comment

Previous Post Next Post