CDM လှုပ်ရှားမှု ခေါင်းဆောင်တစ်ဦးအား ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်
MNP ၊ ဇန်နဝါရီ ၁၉
CDM လှုပ်ရှားမှု ခေါင်းဆောင် ရန်ကုန်တက္ကသိုလ်၊ အရှေ့တိုင်းပညာပါမောက္ခ ဒေါက်တာအာကာမိုးသူ အား ယနေ့ထောင်တွင်းတရားရုံးမှ ၅၀၅ က ဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်းသိရသည်။
CDM လှုပ်ရှားသူများသည် ၎င်းတိုယုံကြည်ထောက်ခံသည့် ပါတီအတွက် ၎င်းတို၏ စိတ်ဆန္ဒအရ ထောက်ခံခြင်းအမျိုး မဟုတ်ဘဲ ၎င်းတိုနှင့်အတူ CDM တွင် ပါဝင်ခြင်း မရှိသူများကို ရန်ပြုစော်ကားခြင်း၊ လူမှုကွန်ရက်ပေါ်တွင် ဂုဏ်သိက္ခာကျဆင်းစေရန် ရေးသားဖြန့်ဝေခြင်း အစရှိသော အောက်တန်းစား လုပ်ရပ်များကို လုပ်ခဲ့ကြသည်။
၎င်းတို၏ လှုဆော်မှုများကြောင့် လူငယ်လူရွယ်များမှာ သံဃာတော်၊ ဆရာ/ ဆရာမများနှင့် အပြစ်မဲ့ ပြည်သူများကို လုပ်ကြံသတ်ဖြတ်သည်အထိ အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြသည်။
Post a Comment