ဖျက်ချင်သလောက်ဖျက် ဘယ်တော့မှ မတိမ်ကော
မပျောက်ကွယ်တဲ့ ဗုဒ္ဓဘာသာ
===============================
ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူတွေဟာလူတွေတင်
မဟုတ်ဘူး။ နတ် ဗြဟ္မာ ဝိဇ္ဇာစတဲ့ မမြင်နိုင်တဲ့
ပုဂ္ဂိုလ်တွေအများကြီးပါ။
ဘုရားပွင့်တာ နှစ်ပေါင်း နှစ်ထောင့်ခြောက်ရာကျော်
ပေမဲ့ နတ်သတ်နဲ့ဆို နှစ်ဆယ့်ခြောက်ရက် ဗြဟ္မာ
သက်နဲ့ဆို မိနစ်ပိုင်း ပဲရှိသေးတယ်။
နတ်ပြည်ဗြဟ္မာ့ပြည်မှာ ဘုရားပွင့်ပြီးတာပူပူ
နွေးနွေးပဲရှိသေးတယ်။
ကမ္ဘာပေါ်မှာ လူသားသန်းခုနစ်ထောင်ကျော်ရှိပြီး
ဗုဒ္ဓဘာသာ ကိုးကွယ်မူ့ဟာ အနည်းဆုံးဆိုပေမဲ့
မမြင်နိုင်တဲ့ နတ်ဗြဟ္မာတွေနဲ့ပေါင်းလိူက်ရင်
ဗုဒ္ဓဘာသာဟာ ကိုးကွယ်သူအများဆုံးရှိပါတယ်
လူ့ပြည့်မှာ သာသနာကွယ်ရင် နတ်ပြည်ဗြဟ္မာ့ပြည်
မှာပါ သာသနာကွယ်မယ်ဆိုတာသူတို့ကောင်း
ကောင်းကြီးသိတယ်။
ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူက နည်းနည်းလေးပဲရှိ
တယ် ဆိုပြီး မစော်ကားကြပါနဲ့။
ဖျက်ဆီးရင် ဖျက်ဆီးတဲ့သူတွေပဲ ဒုက္ခရောက်
လိမ့်မယ်ဆိုတာသိထားကြပါ။
သာသနာဟာ လေးအသင်္ချကေမ္ဘာတသိန်းပေးဆပ်
ပြီးမှ ပေါ်ပေါက်လာတာမို့ လွယ်လွယ်နဲ့ မကွယ်နိုင်
သေးပါဘူး။
သီဟိုဠ်မှာ ကပ်ဘေးဖြစ်တော့ တဆယ့်နှစ်နှစ်
မိုးခေါင်ခဲ့ဘူးတယ်စဉ်းစားကြည့်ပေါ့ ။
၁၂ နှစ်မိုးမရွာဘူးဆိုတော့ လူတွေ ဘယ်လောက်
တောင်ဒုက္ခရောက်မလဲ စဉ်းစားယုံနဲ့သိနိုင်တယ်
ရဟန်းသံဃာ အဲဒီအချိန်က ခြောက်သိန်းကျော်ရှိခဲ့
တယ် ကပ်ဘေးလည်းဖြစ်ရော အစာငတ်ပြီးပျံလွန်
တော်မူတာတွေရော လူထွက်တာတွေရောနဲ့
အကုန်လုံးနီးပါး ကုန်တယ်။
ကပ်ဘေးပြီးလို့ ရဟန်းသံဃာတြွေပန်စုတဲ့အခါ
တစ်ထောင့်ခြောက်ရာ ပဲရှိတော့တယ်တဲ့
စဉ်းစားကြည့်ပါ ခြောက်သိန်းကနေ တထောင့်
ခြောက်ရာပဲ ကျန်တယ်ဆိုတော့ တော်တော်မလွယ်
ဘူး။
အခုသာသနာဟာ အဲဒီရဟန်းအပါးတစ်ထောင့်
ခြောက်ရာနဲ့ပြန်ပြီးစတင်ခဲ့ရတာပါ။
ပြောချင်တာက ဖျက်ချင်သလောက်ဖျက်လွယ်
လွယ်မပျက်ဘူးဆိုတာပြောချင်ပါ။
အခုလည်း မြန်မာပြည်နဲ့ဗုဒ္ဓဘာသာကိုကြိုက်
သလောက်ဖိအားပေးကြိုက်တဲ့ အဖွဲ့အစည်းဖျက်
မပျက်စေရပါဘူး
ဖျက်လေ ဒုက္ခရောက်လေ ဆိုတာ လေ့လာကြည့်ရင်
တွေ့ပါလိမ့်မယ်
အခုလည်း သာသနာတော်ကို ဖျက်သူတွေ
သာသနာတော်ကို မှေးမိန်အောင်လုပ်သူတွေ
စောင့်ကြည့်နေကြပြီးမှ တိုက်ဆိုင်မူ့လို့ မပြောနဲ့
ဗုဒ္ဓဘာသာမှာမမြင်ရတဲ့ စွမ်းအားတွေအများကြီးရှိ
တယ်ဆိုတာ သိပ်မကြာခင်သက်သေပြလိမ့်မယ်
ဦးမြင့်ခိုင်
NLD NUG PDF တွေသိဖို့ပါ
#KT
Post a Comment