တပ်မတော် ပြိုကွဲ သောနေ့ ၊တပ်မတော်
မရှိတော့တဲ့ နေ့ သည် ပြည်ထောင်စု မြန်မာ နိုင်ငံဆိုတဲ့ အစိတ်အပိုင်းတွေနဲ့
တည်ဆောက်ထားတဲ့ ကျုပ်တို့ ဘိုးဘွား
အမွေ နိုင်ငံတော်ကြီး ပြိုကွဲပျက်စီးလိမ့်မယ်။
တပ်မတော် ဒီနေ့ မရှိတာ နဲ့ လက်နက်ကိုင်
အုပ်စု တွေ အဲ့ဒီနေ့ ခွဲထွက်ကြလိမ့်မယ်။
ယနေ့ ယခု ခနပ တွေကို လက်နက်ထုတ်
ပေးပြီး ဗမာချင်း အနီအစိမ်း အပြာ
အရောင်ခွဲပြီးသတ်ခိုင်း
နေကြ တယ် ၊ ဘာ့ ကြောင့်လည်း
လက်နက်ကိုင် တွေဟာ ပြည်နယ်တိုင်းရင်းသား အမည်ခံ ပြီး ဘာ ကြောင့် နှစ်ပေါင်း
များစွား တိုင်းပြည်ကို ပုန်ကန် နေသလဲ။
အဖြေက ရှင်းပါတယ်၊ ခွဲထွက်ခြင်ကြလို့။
သူတို့ ဘာလို့ ခွဲထွက် မရသလဲ၊
အဖြေက ရှင်းပါတယ်။ အင်အားတောင့်တင်း သော မြန်မာ့တပ်မတော် ရှိနေလို့
ယနေ့ အထိ ခွဲထွက်ခွင့် မရကြတာပါ။
ယနေ့ မြန်မာ့တပ်မတော် မရှိရင်
ဘာတပ်မတော် ညာတပ်မတော်
တပ်မတော်ပေါင်း ၁၀၀ ကျော်ရဲ့ စည်းမျဥ်း
စည်းကမ်း မရှိ ဥပဒေ မဲ့ လုပ်ဆောင်မှု
တွေ ကြောင့် ယနေ့ ယခု ကာလထက်
ပြည်သူ တွေ ပိုပြီး သေကြလိမ့်မယ်။
ဒုက္ခ ရောက်ကြ လိမ့်မယ်။
ယနေ့ ယခု တပ်မတော် က ဘုံရန်သူ
အဖြစ်ခံ အမုန်းခံ ပြီး တိုင်းပြည်ကို ထိန်း
ကြောင်းထားလို့ အခြေအနေ ယခုထက်
ပိုမဆိုးတာဖြစ်တယ်။
လွယ်လွယ် မတွေးကြနဲ့ တပ်မတော်သည်
ခေတ္တ ထိန်းသိမ်းထားတာဖြစ်တယ်။
တိုင်းပြည်အတွက် စိတ်ချရသော နိုင်ငံရေး
စနစ်ကို တဖြည်းဖြည်းသွားကြဖို့ လိုအပ်
တယ်။
nld လို အာဏာရတာနဲ့ တပ်မတော်ကန်ချ
မယ် ဆိုတဲ့ အောက်တန်းစားစိတ်ဓာတ်တွေ
မရှိဖို့ လိုအပ်တယ်။
စိတ်ချ ရသော အစိုးရ တစ်ခု ပေါ်ပေါက်
လာရင် တပ်မတော်သည် သူ့အလိုလို
စစ်တန်းလျားကို ပြန်ရမှာပဲ ဖြစ်တယ်။
ပေါ့ပေါ့ မတွေး နဲ့ အစွန်းမရောက်ကြ နဲ့
တပ်မတော် မရှိတော့တဲ့ အခါ
ယနေ့ ညာတပ်မတော် ဘာတပ်မတော်
ဆိုတဲ့ ဥပဒေ မဲ့ လက်နက်ကိုင်အစု အဖွဲ့
တွေသည် သူတို့ချင်း တည့်လိမ့်မည်
ထင်နေ ပါသလား။
No ပါ အဲ့ဒီ အချိန်ကြမှ သွေးချောင်းစီး
ပြည်တွင်းစစ်တကယ် ဖြစ်မှာပါ။
ပြည်သူတွေ သူ့ဘက်ငါ့ဘက် သွေးချောင်းစီး အသတ်ခံရ မှာပါ။
လက်နက်ကိုင် အစုအဖွဲ့ မြင်တိုင်း
ပါစပ်က ထွက်တိုင်း ဥပဒေ ဖြစ်ပြီး
သေနတ်ပြောင်း ကို ကြောက်နေ ရမှာပါ။
ယနေ့ မြန်မာ့တပ်မတော် ဆိုတာ
မိမိ ကသာ ပြစ်မှု ကျူးလွန်မထားရင်
ဘာမှ ကြောက်စရာ အကြောင်းမရှိ
ခါးထောက် ရင်ကော့ပြီး နေထိုင်လို့ရပါတယ်။
ခင်ဗျား စဥ်းစားပါ တွေးခေါ်ပါ။
တပ်မတော် ရှိနေလို့ တပ်မတော်တန်ဖိုးကို
ခင်ဗျားတို့ နားမလည်ကြတာပါ။
တပ်မတော် မရှိခဲ့ရင် နိုင်ငံနဲ့ ပြည်သူ
ခံစားကြရမည့် အတိဒုက္ခ ကို ခင်ဗျား
တို့ မမြင် ကြတာပါ။
လိုအပ်လို့ တပ်မတော်က ခေတ္တ ထိန်း
သိမ်းထားပါတယ်။
ဒီမိုကရေစီ ဆိုတာ တပ်မတော်က ဖောက်
ပေးထားသောလမ်းဖြစ်တယ်။
ဒီအတိုင်းပဲ ပြန်သွားမယ် ဆိုတဲ့ လမ်းပြ
မြေပုံလည်း ချပြထားပါတယ်။
ဥပဒေ ဘောင်ထဲက သွားကြဖို့ လိုတယ်။
ပေါ့ပေါ့ မတွေးကြပါနဲ့ သွေးချောင်းစီး
ကုန်လိမ့်မယ် ခနပ တို့။
. #BSBS.
Post a Comment