နွေဦးတော်လှန်ရေး မအောင်မြင်ရတဲ့ အဓိကအချက်

နွေဦးတော်လှန်ရေး မအောင်မြင်ရတဲ့ အဓိက
အချက်
============================
- မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား CIA ရဲ့
လက်ပါးစေလို့ နာမည်ကြီးတဲ့ ဒေါ်မီမီဝင်းဘတ်က 
တော်လှန်ရေးတွေအောင်မြင်ရတဲ့အဓိကအချက် ၃ 
ချက်ရှိတယ်လို့ ဆိုပါတယ်။
- အဲ့ ၃ ချက်ကတော့
(၁) ပြည်သူတွေရဲ့ နာကျည်းချက်
(၂) နိုင်ငံတကာဖိအား
(၃) စစ်သားတွေဘက်ပြောင်းလာမှု လို့ဆိုတယ်။

- သူပြောတဲ့အချက် ၃ ချက်ကပဲ ဒီနေ့ NUG က 
ကြွေးကြော်နေတဲ့ နွေဦးတော်လှန်ရေး မအောင်မြင် 
ရတဲ့အကြောင်းတွေပဲ ဖြစ်နေပါတယ်။

- Social Media (အထူးသဖြင့် Fb) ပေါ်က 
သတင်းတု၊ သတင်းမှားတွေကို အမှန်ထင်ပြီး 
မျက်စိမှိတ် ဖျင်ပိတ်ယုံနေသူတွေကတော့ ဒေါ်မီမီ
ဝင်းဘတ် ပြောသလို အချက် ၃ ချက်ကို မြန်မာ
စစ်တပ်က ခံနေရတယ်လို့ ထင်နေကြမှာပါပဲ။

- လက်တွေ့မြေပြင်မှာတော့ အဲဒီအချက်တွေက 
မြန်မာစစ်တပ်အနေနဲ့ အေးရာအေးကြောင်း 
အလွယ်တကူ တုံ့ပြန်လုပ်ဆောင်နေတာတွေ့ရမှာ 
ဖြစ်ပါတယ်။

- (ပ)အချက်ဖြစ်တဲ့ ပြည်သူတွေရဲ့နာကျည်းမှုဆို
ရာမှာ စစ်တပ်ရဲ့အာဏာထိန်းမှုကို မကြိုက်တဲ့ ပြည်
သူများရှိသလို NLD အစိုးရကို မကြိုက်တဲ့ ပြည်သူ
အများစုရှိတာလည်း အမှန်ဖြစ်ပါတယ်။ အလားတူ 
စစ်တပ်ကို မုန်းတီးနေကြသလို NUG ရဲ့အကြမ်း 
ဖက်လုပ်ရပ်ကြောင့် PDF တွေရဲ့ သတ်ဖြတ်ခံခဲ့ရ
လို့ မိသားစုဘဝပျက်ခဲ့တဲ့သူတွေကလည်း NUG 
PDF ကို မုန်းတီးပြီး သွေးကြွေးဆပ်ဖို့စောင့်နေတဲ့ 
ဒုနဲ့ဒေးပါပဲ။ ပြည်သူဆိုရာမှာ ယနေ့တိုက်ပွဲတွေဖြစ်
နေတဲ့နေရာတွေ သာမကဘဲ တစ်နိုင်ငံလုံးအနေနဲ့
ကြည့်ရင် စစ်တပ်ကို မုန်းတီးတဲ့ပြည်သူတွေထက် 
အေးချမ်းမှုကို လိုလားပြီး NUG PDF ကို မုန်းတီး
နေသူတွေ ပိုများပါတယ်။ ဘာလို့လဲဆိုတော့ စစ် 
တပ်က သူ့ကို ဘယ်လောက်မုန်းမုန်း၊ ဘယ်လောက်
ဆဲဆဲ၊ ဘယ်လောက်ဆန့်ကျင်ဆန့်ကျင်နေပါစေ အဲ့
ဒီလူတွေကို မသတ်ဘူး၊ NUG PDF ကတော့ နီနီ
စိမ်းစိမ်း အကုန်သတ်ပါတယ်။ အဲ့လို လွဲမှားတဲ့ 
လမ်းစဉ်လိုက်ပြီး အကြမ်းဖက်သတ်ဖြတ်နေတဲ့ 
NUG PDF တွေကို ပြည်သူတွေက စစ်တပ်ထက် 
ပိုမို နာကျည်းမုန်းတီးနေတယ်ဆိုတာ ဗေဒင်မမေးနဲ့ 
ဆန်ကျည်ပါလိမ့်မယ်။

- (ဒု)အချက်ဖြစ်တဲ့ နိုင်ငံတကာဖိအားဆိုတာ 
စစ်တပ်အတွက် အသစ်အဆန်းမဟုတ်ပါဘူး။ 
ရိုးနေပါ ပြီ။ ၁၉၈၈ ကနေ ၂၀၁၀ လောက်ထိ မျိုးစုံ
ဖိအားပေးမျိုးတွေက ဒီနေ့အခြေအနေထက် ပိုမို
ဆိုးရွားလို့ အတွေ့အကြုံရင့်ကျက်နေပါပြီ။ အရင်
က လုံးဝတံခါးပိတ်နေထိုင်ခဲ့တဲ့ မြန်မာအနေနဲ့ အခု
လို မဖြစ် စလောက်ဖိအားမျိုးနဲ့တော့ ကိုယ့်နိုင်ငံရဲ့
အချုပ်အခြာအာဏာကို အထိမခံဘူးဆို သိပ်
သေချာပါတယ်။ မကြိုက်ပါဘူးလို့ပြောတဲ့နိုင်ငံတွေ
က နစကကို မကြိုက်လို့ သံတမန်အဆက် ဖြတ်
လိုက်တာ မြင်မိသလဲ? ဒီအဖြေက အရှင်းအလင်း
ဆုံးပဲ။

- (တ)အချက်က စစ်သားတွေဘက်ပြောင်းလာမှု
ဆိုတာ ဒေါ်မီမီဝင်းဘတ်ကို သနားတယ်လို့ ပြော 
ချင်တယ်။ မြန်မာစစ်တပ်မှာ ခွင့်မဲ့/စစ်ပြေးဆိုတာ 
လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက နေ့တိုင်း ဖြစ်
နေ၊ ရှိနေတဲ့ ကိစ္စပဲ။ အဲလိုပြေးတဲ့သူတွေကို ကြည့်
လိုက် အများစုက ပြစ်မှုတွေဖြစ်ပြီး ထောင်ကျ မှာ
စိုးလို့ ပြေးတဲ့သူ ၈၀% ကျော်တယ်။ တပ်နေမပျော်
လို့၊ ကိုယ်ရေးကိုယ်တာအခက်အခဲရှိလို့ ပြေးတဲ့သူ
က အနည်းစုပါ။ အခုပြောပြောနေတဲ့ စစ်ပြေး 
CDM တွေအားလုံးရဲ့ ရာဇဝင်ကို လိုက်ကြည့်ရင် 
အကျင့်စာရိတ္တမကောင်း၊ S မှုတစ်သိန်းနဲ့ စစ်တပ်
က ထောင်ချတော့မှာမို့ ချော်လဲရောထိုင် CDM လုပ်
ပြီး အနေအစားချောင်အောင် လိမ်ဆင်လုပ်နေသူ
တွေကို တကယ့်သူရဲ ကောင်းလို လက်ခံနေတာ
ကတော့ မြွေပွေးခါးပိုက် ပိုက်ထားတာလို့ စိတ်မ
ကောင်းစွာ ပြောချင်တယ်။

- ဒါကြောင့် CIA cell ဒေါ်မီမီဝင်းဘတ်ပြောတဲ့ 
အဓိကအချက် ၃ ချက်ဟာ လက်တွေ့မြေပြင်မှာ
တော့ မြန်မာစစ်တပ်အတွက် ထွေထွေထူးထူး
ပြဿနာမဟုတ် သာမန်ပါမွှား လေးသာဖြစ်ပြီး 
မြေပြင်မှာ ကျရှုံးနေတဲ့ NUG PDF တို့အတွက် 
Social Media (အထူးသဖြင့် fb) ပေါ်မှာ သတင်း
မှား(Misinformation)တွေပေးပြီး ဆေးထိုး၊ ဂျင်း
ထည့်၊ သွေးထိုးနေတယ်ဆိုတာ ထမင်းစား ကြီးတဲ့
သူတိုင်း သိပါတယ်ဗျာ ။

#KT

Post a Comment

Previous Post Next Post