ဆက်ကြေးရှောင်

လူနာ တယောက် ဆေးခန်းလာပြတယ်...

သူ့ လာပိုတဲ့သူက ကိုယ်နဲ့ ရင်းနှီးနေသူ ဆိုတော့
စကားလေး ဘာလေး ပြောရင်း 
မိတ်ဆက်ပေးတယ်...

လူနာက လွိုင်ကော်ကပါ... တဲ့
စစ်ဘေးရှောင်ပါ ဆရာရေ့... တဲ့

စစ်ဘေးရှောင် ဆိုတော့
ကိုယ်လည်း စပ်စုတော့တာပေါ့...

ဟိုမွာ ပွဲတော်တော် ကြမ်းနေလိုလားဗျ 
ဆိုတော့...
အဲ့လိုတော့ မဟုတ်ပါဘူးဗျာ...
ကျည်ဆံဒဏ် ဗုံးဒဏ်တွေထက်
ဆက်ကြေးဒဏ်ကို ကြောက်လို 
ရှောင်လာရတာပါ... တဲ့

အမြှောက်ဝယ်မယ်၊ ကျည်ဆံဝယ်မယ်နဲ့
တောင်းလိုက်တဲ့ ဆက်ကြေးဆိုတာ ဆရာရယ်...
ကျနော်တို စီးပွားရေး သမားတွေဆို
အနည်းဆုံး တစ်ရာ၊ နှစ်ရာ တောင်းတာ ဆရာရဲ့...

အလုပ္က မဖြစ်၊ အဲ့လို ပေးနေရရင် 
တေရချည်ရဲ့ ဆိုပြီး
ပြေးလာရတာပါပဲ ဆရာရေ... တဲ့

အဲ့တာနဲ့ ကိုယ်လည်း ဒီလူ ကိုယ့်ဘက်ကပဲ
ဆိုပြီး...
ခင်ဗျား ကြည့်ရတာ ဘောမ ထင်တယ် 
ဆိုပြီး နောက် လိုက်တော့...

ဘယ့်နှယ် ဆရာရယ်
ရဲရဲတောက် အနီစစ်စစ်ကြီးပါဗျာ...
အစတုန်းကတော့ ကျနော်တိုလည်း 
သူတိုကို ထောက်ပံ့ခဲ့တာပါပဲ...
ခုတော့ မခံနိုင်တော့ဘူးဗျာ
ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်နေပြီ... တဲ့

သနားပါတယ္ဗ်ာ...
သူ့ခမျာ သွေးတွေလည်း တိုးလို...

သြော်... ဆက်ကြေးရှောင်

ဟုတ်ပါဝူး

စစ်ဘေးရှောင် 😁

Post a Comment

Previous Post Next Post