ရန်ကုန်တိုင်းဒေသကြီး စစ်တိုင်းမှူး သိစေရန် တင်ပြခြင်း (အိတ်ဖွင့်ပေးစာ)
လေးစားရပါသော ရန်ကုန်တိုင်းဒေသကြီး စစ်တိုင်းမှူးခင်ဗျာ -
လုံခြုံရေးလိုအပ်ချက်နှင့် ပတ်သက်၍ အလေးထားတင်ပြလိုပါသည်။ သာကေတမြို့နယ်အတွင်း NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် အကြမ်းဖက်သမာများက လက်နက်ခဲယမ်း အမြောက်အများ သိုဝှက်သိမ်းဆည်းထားပါသည်။
သာကေတမြို့နယ်ကို အမြန်ပိတ်ဆို့စစ်ဆေးပါ။ အကြမ်းဖက် NUG လက်အောက်ခံ အကြမ်းဖက်PDF များ လက်နက်ခဲယမ်း၊ လက်ပစ်ဗုံးများ၊ ဖောက်ခွဲရေးမိုင်းများနဲ့ အိမ်ငှားနေထိုင်နေကြသည်။ အကြမ်းဖက်PDF ပျောက်ကြားအဖွဲ့များသည် သာကေတမြို့နယ်တွင် ရာအိမ်မှူးများ အရပ်သားများကို လုပ်ကြံသတ်ဖြတ်ခဲ့သည်မှာလည်း မနည်းတော့ပါ။
အကြမ်းဖက်PDF များသည် တန်ဖိုးနည်းတိုက်ခန်းများတွင် ငှားရမ်းနေထိုင်ပြီး သာကေတမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများအား ဖောက်ခွဲနေသည့်အတွက် သာကေတမြို့နယ် တမြို့နယ်လုံးကို စစ်အုပ်ချုပ်ရေးကြေငြာသင့်ပါပြီ။ သာကေတမြို့နယ်ကို ပိတ်ဆို့စစ်ဆေးရှာဖွေပါ။ အကြမ်းဖက် PDFအများစုက သာကေတမြို့နယ်တွင် ခိုအောင်းနေထိုင်၍ ဖောက်ခွဲရေးမိုင်းများ စမ်းသပ်နေသည့် သတင်းရထားသည်။ သာကေတမြို့နယ်အတွင်း အပြစ်မဲ့ ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် အကြမ်းဖက် CRPH, NUG တို့၏ သြဇာခံ PDF အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်၍ အများပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်မှုများ မပြုလုပ်မီ လက်ဦးမှုရယူ၍ အမြန်ဆုံး ပိတ်စို့ရှာဖွေ ဖော်ထုတ် ဖမ်းဆီး နှိမ်နင်းပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။
တာဝန်သိ ပြည်သူတစ်ဦး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
Post a Comment