ကမ္ဘောဇအုပ်စုရဲ့ နာယကကြီး ဦးအောင်ကိုဝင်း
==============================
တစ်ချိန်က ကမ္ဘောဇအုပ်စုရဲ့ နာယကကြီး
ဦးအောင်ကိုဝင်းဟာ လက်ရှိ နစကဥက္ကဋ္ဌကြီးနဲ့
ရင်းနှီးကျွမ်းဝင်မှုရှိတယ်လို့ သတင်းတော်တော်
များများမှာ ကြားဖူးခဲ့ပေမယ့် ဖေဖော်ဝါရီ ၁ ရက်
နေ့နောက်ပိုင်း အာဏာထိန်းဖြစ်စဉ်ဖြစ်ပြီးချိန်မှာ
တော့ ဦးအောင်ကိုဝင်း တစ်ယောက် ငြိမ်ချက်သား
ကောင်းပြီး ပျောက်ခြင်းမလှပျောက်နေတာ
အတော်လေး ထူးဆန်းနေပါတယ်။
သူပဲပျောက်ချက်သားကောင်း နေသလားဆိုတော့
မဟုတ်သေးဘူး။ အလှူအတန်း အင်မတန် ရက်ရော
လှတဲ့ သူ့သမီးတွေရဲ့ လှုပ်ရှားမှုတွေပါ ပျောက်ခြင်း
မလှပျောက်နေတာ တွေ့ရပါတယ်။
ဟိုတလောကတော့ သူ့သမီးတွေနဲ့ပတ်သက်ပြီး
Facebook လူမှုကွန်ရက် စာမျက်နှာတွေမှာ
ကမ္ဘောဇအုပ်စုရဲ့ အမွေတွေကို ဆက်ခံမယ့် မျိုး
ဆက်သစ်များဆိုပြီး သူ့သမီး ၃ ယောက်ရဲ့
အကြောင်းကိုတော့ ဖတ်လိုက်ရတယ်။
အဲဒီမှာတော့ သူ့သမီးတွေဟာ အနောက်နိုင်ငံတွေက
စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေနဲ့
ရင်းနှီးကျွမ်းဝင်ပြီး အနောက်အုပ်စုနဲ့နီးစပ်သူတွေ
ဖြစ်ကြောင်းဖော်ပြထားတဲ့အပြင် နာယကကြီး
ဦးအောင်ကိုဝင်းကိုယ်တိုင် ကလည်း အနောက်အုပ်
စုရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာလုပ်ဆောင်
မှုတွေ ရှိလာနိုင်တာကြောင့် နစကအစိုးရကိုတောင်
စောင့်ကြည့်ဖို့လိုအပ်ကြောင်း ဖော်ပြထားပါသေး
တယ်။
အဲဒီသတင်းနောက်ပိုင်း အခုချိန်ထိ ဦးအောင်ကိုဝင်း
တစ်ယောက် ပျောက်ချက်သား ကောင်းနေတာ ဘာ
သတင်းမှမတွေ့ရဘူး။
သူ့လိုပဲ အာဏာထိန်းပြီးနောက်ပိုင်း ပျောက်ချက်
သားကောင်းနေတဲ့ ဦးဇော်ဇော် ကိုတောင် ပြီးခဲ့တဲ့
ရက်ပိုင်းက နစကဥက္ကဋ္ဌကြီးနဲ့အတူ တွေ့ လိုက်ရ
သေးတယ်။
ဒါနဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့စုံစမ်းမေးမြန်းတဲ့
အချိန်မှာတော့ အခိုင်အမာ သတင်းတစ်ခု သိလိုက်
ရတယ်။
အဲဒါက ဦးအောင်ကိုဝင်း တစ်ယောက် သူပိုင်ဆိုင်
တဲ့ ရှယ်ယာတွေကို ထုတ်ရောင်းနေတယ်လို့ ခိုင်လုံ
တဲ့သတင်းရပ်ကွက်က သိလိုက်ရတယ်။
ဒါ့အပြင် သူ့မိန်းမနဲ့ သမီးတွေပိုင်ဆိုင်တဲ့ပိုင်ဆိုင်မှု
တော်တော်များများကိုလည်း နာမည်ပြောင်း နေ
တယ်လို့ သိလိုက်ရတယ်။ ဒီသတင်းဟာ တော်တော်
လေးကို ခိုင်မာတဲ့သတင်း တစ်ပုဒ် ဖြစ်ပါတယ်။
ဒါဆိုရင် ဦးအောင်ကိုဝင်းတစ်ယောက် ဘယ်ကို
များ ခြေလှမ်းလှမ်းနေပြီလဲ...။
ဦးအောင်ကိုဝင်း တစ်ယောက်လည်း CB ဘဏ်က
ဦးခင်မောင်အေးလိုပဲ US ကို ပြေးဖို့ ကြံနေပြီလား
ဆိုတာ စိတ်ဝင်စားစရာကောင်းနေတယ်။
#မင်းမင်း
#KT
Post a Comment