ခြေဥပျက်ပြီတို့ ဘာတို့ လာ ဆရာမလုပ်နဲ့ တရားဝင်ခြေဥမပျက်သေးဘူးဆိုတာကိုပကတိအခြေအနေမှန်တွေအရ လက်ခံရလိမ့်မယ်

လက်ရှိ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီ
ခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်တဲ့ 
သူ့တာဝန်သူ ဆက်လက်ထမ်းဆောင်နေကြောင်း 
ဒီတစ်ပတ်ပြန်တမ်းမှာ သက်သေတစ်ခုပါလာတယ်။

အဲဒါက ပြည်ထောင်စုလွှတ်တော်ညွှန်ချုပ်
ဦးကျော်စိုးရဲ့ ပင်စင်မယူခင် ကြိုတင်ခံစားခွင့် 
၄ လ ကို ငြင်းလိုက်တာ။ 

လုပ်ထုံးလုပ်နည်းအရတော့ ဦးကျော်စိုးက 
နောက် ၄ လအထိ ပင်စင်မယူဘဲ လုပ်ရမယ်
လေးလပြည့်လို့ ပင်စင်ယူရမဲ့အချိန်ကျကာမှ
နောက်ထပ်လေးလကို လစာအပြည့်နဲ့ ခွင့်ပေး
တာမျိုး။ အဲဒီခွင့်ပြီးမှ ပင်စင်ယူစေပေါ့။ 

ထားပါတော့ အဓိက, က အဲဒါ မဟုတ်ပါဘူး

ဘာကအဓိကလဲဆိုတော့ 

၂၀၂၃ ဖေဖော်ဝါရီမှာ တပ်ချုပ်က အာဏာသုံးရပ်
ပြန်အပ်ရင် ဉီးမြင့်ဆွေဦးဆောင်တဲ့ကာလုံက 
ခြောက်လအတွင်းရွေးကောက်ပွဲ ပြန်လုပ်ပေးကြ
ရလိမ့်မယ်

ဦးတီခွန်မြတ်ဟာ ၂၀၂၄ လွှတ်တော်ကိုတရားဝင်
လွှဲအပ်ရမဲ့ အဓိကပုဂ္ဂိုလ်အဖြစ် သူ့တာဝန်သူ ဆက်
ယူထားတာဖြစ်ပြီး...

၂၀၂၄ မှာ ပြည်ထောင်စုလွှတ်တော်နာယက
ဖြစ်လာမဲ့ အမျိုးသားလွှတ်တော်ဥက္ကဌက 
၂၀၂၄ PR အစိုးရကိုရွေးကောက်တင်မြောက်
လိမ့်မယ်

ဒီ အခြေအနေတွေအတွက် ဦးမြင့်ဆွေ ၊ဦးဟင်နရီဗန်ထီးယူ၊ ဦးတီခွန်မြတ်တို့က ဆက်လက်တာဝန်ထမ်းဆောင်နေတာပဲဖြစ်တယ်

ခြေဥပျက်ပြီတို့ ဘာတို့ လာ ဆရာမလုပ်နဲ့ 
တရားဝင်ခြေဥမပျက်သေးဘူးဆိုတာကို
ပကတိအခြေအနေမှန်တွေအရ လက်ခံရလိမ့်မယ်။

crd. 
#KT

Post a Comment

Previous Post Next Post