လွိုင်ကော် ဘာလဲ…ဘယ်လဲ…?
ဘိုးစဉ်ဘောင်ဆက် ရှာဖွေစုဆောင်းလာတဲ့ စီးပွါးဥစ္စာကို ပစ္စည်းကို ပစ်ထားခဲ့ပြိး…
ပြည်သူလူထုက ရှောင်ဆိုရှောင်ပေးပြီနှော်..!
စီးပွါးပျက် ဘဝပျက်ခံပြီး မနိုင်တာ အကုန်ထား ၊ တစ်ချို့ဆို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာရတာ။
ဘယ်သူနိုင် ၊ ဘယ်သူရှူံးရှူံး ဒေသခံပြည်သူလူထုက ပြုသမျှနုရတဲ့ဘဝတွေမို့…
မင်းတို့ သဘောရှိလုပ်ချင်ရာ လုပ်တော့…!
ကိုယ့်မှာ အနိုင်တိုက်နိုင်တဲ့ အရည်အချင်းရှိပြီလား…?
မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ရလောက်အောင် အဘက်ဘက်က ပြည့်စုံနေကြပြီလား…?
နှောက်က ထောက်ပံ့ရေးကအစ ရှေ့က ကာကွယ်ဟန့်တားနိုင်စွမ်း ၊ ရရှိပြီးမြို့ကို ထိမ်းချုပ်နိုင်စွမ်း…ကာလတို / ရှည် ထည့်တွက်ပြီးပြီလား?
အောင်နိုင်ရင် ဘယ်ထိ…
ရှူံးနှိမ့်ရင် ပေးဆပ်မှုက ဘယ်လောက်…
တွက်ချက်ပြီးပြီလား?…
နိုင်ငံရေးအရ အမြတ်ထုတ်လိုမှု…
တပ်မတော် ကို သိက္ခာချလိုမှု…
နိုင်ငံတကာက အာရုံစိုက် ခံရလိုမှု…
တစ်ခြားပြည်နယ်တွေမှ လိုက်ပါလာစေရန် ဦးဆောင်တယ်လို့ ခံယူလိုမှု…
စတဲ့ မျှော်လင့်ချက် မျှော်လင့်မှုတွေနဲ့မင်းတိုရဲ့လုပ်ရပ်ကြောင့်
ကယားပြည်သူလူထုရဲ့ ပေးဆပ်ရခြင်းက တန်ဖိုးကြီးမားလွန်းလှတယ်…
ဘယ်အတိုင်းအတာထိမှန်တယ်…
စွမ်းတယ်ဆိုတာ…
တစ်တိုင်းပြည်လုံးသိရဖို့က…
တော်လှန်ရေးလား…?
သူပုန်လား…?
မကြာခင် အဖြေထွက်တော့မှာပါ။
ဘာလား…ညာလား…?
မကြာခင်မှာ
ဘာဆိုတာ မှတ်ကျောက်တင်ခံရတော့မှာမို့…
ကောက်ရိုးမီးတော့ မဖြစ်ပါစေနဲ့…
ပြောသာပြောနေရတာ…
ဇတ်သိမ်းခန်းကို ကြိုသိနေတဲ့…ဇတ်ညွှန်းကြီးပါ။
baron sai
Post a Comment