ဘာတဲ့ သခင်ပညာရေးတဲ့လား

ဘာတဲ့ သခင်ပညာရေးတဲ့လား
=====================
သခင်ပညာရေးတဲ့လား 
မင်းတို့မီဒီယာတွေ ယုတ်မာလာတာ 
ငါဖြင့်တဖြည်းဖြည်း သိသိလာတယ်။ 

ကျုပ်က အညာသားဗျ၊ 
ဘာလို့ အညာသားလို့ပြောရလဲဆိုရင် 
ကျုပ်တို့ အညာသားတွေက ခေတ်အဆက်ဆက် 
ပညာကို မြို့ကြီးသားတွေနဲ့မတူ ကြိုးကြိုးကုတ်
ကုတ် သင်ယူခဲ့ကြတာ 
အခုဖတ်နေတဲ့ အညာသားတွေ အကုန်သိမှာပါ။ 

အခု နိုင်ငံရေးအကြပ်အတည်း စကြုံလာတော့ 
လက်နက်ကိုင်ဖို့ ကြံစည်တဲ့သူတွေက ကျနော်တို့ 
စစ်ကိုင်းတိုင်းကို စစ်ရေးလှုပ်ရှားဖို့ မျက်စိကျလာ
တယ်။ 

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ စစ်ကိုင်းတိုင်းက 
နယ်မြေကျယ်တယ်၊ ယခင်က အေးချမ်းတော့ 
တပ်တွေသိပ်မထားဘူး ဒါကြောင့်လို့ ထင်တယ်။ 

စစ်ကောင်စီအနေနဲ့လည်း ပညာရေးနောက်မကျ
ရလေအောင် ဘယ်လောက်ပဲကြပ်တည်းတည်း 
ကျောင်းတွေ ဖွင့်တယ်။ 

ကျောင်းတွေဖွင့်တော့ ဘာဖြစ်လည်းဆိုရင် 
ကလေးတွေရဲ့ အနာဂတ်ဆိုတော့ နီနီစိမ်းစိမ်း
မိဘတွေက အကောင်းဆုံးလမ်းကိုရွေးချယ်ကြ
တာပဲ။ 

ရန်ကုန်မှာဆိုရင် ကလေးတွေ တော်တော်များများ 
ကျောင်းအပ်ကြတယ်။ ကျောင်းတက်ကြတယ်။
အချို့ပိုက်ဆံရှိသူတွေက အိမ်မှာပဲ Online Class 
တွေနဲ့ သင်တယ် ပြီးရင် စာမေးပွဲသွားဖြေခိုင်းကြ
တယ်။

အဲဒါ မင်းတို့မီဒီယာတွေ ပြောပြောနေတဲ့ 
ကျွန်ပညာရေးပေါ့ကွာ။ 

အဲထဲမှာ မပါတာက ဒို့အညာက ကလေးတွေ။ 
ဒို့ဘက်မှာတော့ ကျောင်းလဲမဖွင့်နိုင်၊ Online Class 
ဆိုတာတော့ ဝေးတာပေါ့ကွာ၊ အခုလည်း လာပြန်ပြီ 
သခင်ပညာရေးဆိုပါလား အဲဒီသခင်ပညာရေးကို 
သင်နေတာတော့ ရန်ကုန်လို မန္တလေးလို မြို့ကြီး 
ပြကြီးကတော့ မတွေ့မိဘူး။ 

ပြောချင်တာက ငါတို့အညာကကောင်တွေ 
သဘောပေါက် အဲဒီဝရမ်းပြေးမီဒီယာတွေ 
ပြောတာကိုလည်း ချင့်ချိန်ယုံတော့ဟ။ 

ငါ-ိုးမှပဲ နိုင်ငံရေးမှာ ငါတို့အညာမြေကို လာစ 
တေးနေတယ် မြင်တယ်။ 

တနေ့တနေ့ PDF သေတယ်ကြားရင် 
ပြောချင်တာ မင်းတို့ဝရမ်းပြေး မီဒီယာနဲ့ 
မြို့ကြီးသားတွေ မပါဘူးကွ ငါတို့အညာသားတွေ။ 

မင်းတို့နိုင်ငံရေးသမားတွေ ကောင်းစားတော့ 
အခုတိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို ဘာများ
ဟုတ်တိပတ်တိ လုပ်ပေးကြလို့လဲ ပြောကြစမ်းပါ။ 

ငါတို့အညာကို လာမစတေးကြပါနဲ့တော့၊ 
အခုအတွက်ကော အနာဂတ်အတွက်ပါ 
ပြောချင်တယ်။ 

အဲဒီသခင်ပညာရေးလဲ မလိုချင်ဘူးကွာ…

#အညာသား
#KT

Post a Comment

Previous Post Next Post